Celebrating Families and Child Protection Training
ဖေ‌ဖော်ဝါရီ 18, 2019
အသင်းချုပ် ဝန်ထမ်းများစုံညီတွေ့ဆုံပွဲ
ဖေ‌ဖော်ဝါရီ 19, 2019

ရှမ်းတောင်အဖွဲ့ချုပ် အမျိုးသားဌာန၏ ပထမအကြိမ် အမျိုးသားများစုံညီဓမ္မသဘင်ကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ (၁၃-၁၆)ရက် များတွင် တောင်ကြီးမြို့ ပထမလူမျိုးပေါင်းစုံနှစ်ခြင်းအသင်းတော်တွင် ပြုလုပ်ကျင်းပရာ နှစ်ခြင်းအသင်းချုပ် အမျိုးသားဌာန သဘာပတိနှင့် တာဝန်ခံတို့လည်း တက်ရောက်ပါဝင်ခဲ့ပါသည်။ အမျိုးသားစုစုပေါင်း (၁၃၀)ဦးခန့် တက်ရောက် ပါဝင်ခဲ့ပါသည်။ သမ္မာကျမ်းစာ သင်ကြားခြင်းကို ရှမ်းတောင်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Rev. စောအေးဝီးကလည်းကောင်း၊ သင်ခန်းစာများကို အသင်းချုပ် အမျိုးသားဌာနသဘာပတိ ဆရာဆလိုင်းရောဂျာ၊ တာဝန်ခံ ဆရာဘရန်ဆိုင်းနှင့် အသင်းချုပ် မှီငြမ်း စာကြည့်တိုက်မှူး ဆရာအောင်သန်းဦးကလည်းကောင်း၊ ဥပဒေဆိုင်ရာ သိကောင်းစရာများကို ဆရာစည်သူဟိန်းနှင့် အဖွဲ့ကလည်းကောင်း တင်ပြခဲ့ပါသည်။

  

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်