“ နွေဥတု သင်ခနိးစာ လက်တွေ့သင်ကြားခြင်း”
ဖေ‌ဖော်ဝါရီ 15, 2019
ပထမအကြိမ် အမျိုးသားများစုံညီဓမ္မသဘင်
ဖေ‌ဖော်ဝါရီ 18, 2019

2019 ဖေဖော်ဝါရီလ(၁၈-၂၂)ရက်တွင် နှစ်ခြင်းအသင်းချုပ်၊ ခရစ်ယာန်လူမှုဝန်ထမ်းခြင်းနှင့်ဖွံ့ဖြိုးရေးဌာန၊ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီနှင့် World Vision (Myanmar) တို့ပူးပေါင်းကျင်းပသော Celebrating Families and Child Protection Training ကို အသင်းချုပ် အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ရာ ဖွင့်ပွဲအစီအစဉ်ကို မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ အထွေထွေအတွင်းရေးမှူး Rev. မန်းပါမာစတန် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းသို့တက်ရောက်သူများမှာ မြန်မာနိုငံငံ ခရစ်ယာန် အသင်းတော်များ ကောင်စီဝင် အသင်းတော်များဖြစ်သော အမျိုးသားချင်းထောက်ပံ့သည့် ကရင်နှစ်ခြင်း အသင်းတော်၊ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်(အင်္ဂလီကန်)၊ မက်သဒစ်အသင်းတော်များ၊ ကယ်တင်ခြင်းတပ်၊ နှစ်ခြင်းအသင်းချုပ်နှင့် မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီရုံးတို့မှ စုစုပေါင်း (၃၀)ဦးတို့ ဖြစ်ပါသည်။ ဖေဖော်ဝါရီလ(၁၈-၂၀)ရက်တွင် Celebrating Families ကို ပို့ချမည်ဖြစ်ပြီး၊ (၂၁-၂၂)ရက်တို့တွင် Child Protection ကို ဆက်လက် ပို့ချမည်ဖြစ်ပါသည်။
Celebrating Families တွင် ပို့ချမည့်သူများမှာ World Vision (Myanmar) မှ ဒေါက်တာ ဇင်ထွေးစီ နှင့် နော်ခင်သန္တာဝင်း တို့ဖြစ်ပါသည်။

  

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်