အမျိုးသမီးကိုယ်ထူကိုယ်ထ အဖွဲ့ဝင်များ စွမ်းဆောင်ရေးမြင့်တင်ခြင်း သင်တန်း
ဖေ‌ဖော်ဝါရီ 21, 2019
မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် MIT ၏ဘွဲ့နှင်းသဘင်
မတ် 13, 2019

နှစ်ခြင်းအသင်းချုပ် လူငယ်ဌာနမှ ဦးဆောင်၍ အရှိုချင်းနှစ်ခြင်းအဖွဲ့ချုပ်က အိမ်ရှင်အဖြစ် လက်ခံကာ ကရင်နှစ်ခြင်းအဖွဲ့ချုပ်နှင့် မြန်မာနှစ်ခြင်းအသင်းတော်များအဖွဲ့ချုပ် MBCU တို့က ပူးပေါင်းပါဝင်ပြီး Effective Youth Ministry Training (2019) ကို ပြည်မြို့ အရှိုချင်းဓမ္မတက္ကသိုလ်တွင် ၂၀၁၉ ခုနှစ် မတ်လ (၁၂ – ၁၆) ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
၂၀၁၉ခုနှစ်၊ မတ်လ(၁၂)ရက်နေ့ညနေတွင် ဖွင့်ပွဲ အစီအစဉ် ပြုလုပ်မည်ဖြစ်ပြီး၊ သင်တန်းဆရာများမှာ သိက္ခာတော်ရဒေါက်တာ စိုးသီဟ၊ သိက္ခာတော်ရဆရာ မရန်ခွန်ဆန်၊ အသင်းချုပ်ဌာနတာဝန်ခံ ဆရာဝင်းထွဋ်သာကြည်၊ ဆရာစိုင်းထွန်းထွန်းဦး၊ ဆရာဆလိုင်းနေလင်းထွန်း တို့ဖြစ်ပြီး၊ Social Game နှင့် သီချင်းသင်ကြားခြင်းကို အသင်းချုပ်တွဲဖက်ဌာနတာဝန်ခံ ဆရာဂျဒ်ဆင်ညိုက ဦးဆောင်မည်ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့ညနေ တွင် ပိတ်ပွဲအစီအစဉ်ဖြင့် သင်တန်းကို ရုပ်သိမ်းမည်ဖြစ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်