Effective Youth Ministry Training (2019)
မတ် 4, 2019
Easter အီစတာ
မတ် 21, 2019

မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် MIT ၏ဘွဲ့နှင်းသဘင်ပေးအပ်ခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ (၉)ရက်နေ့ နံနက် (၉း၀၀) နာရီမှ (၁၁း၃၀)နာရီအထိ အင်းစိန်ကျမ်းစာကျမ်း ကုန်းရှိ ဖူးသာဖြူခန်းမတွင် ကျင်းပခဲ့ပါသည်။ သဘာပတိအဖြစ် ဆရာမ အေးမင်းမင်းဦး၊ အထူးဆုတောင်းခြင်းကို Rev. Dr. Molly T. Marshall အလှူတော်ငွေဆက်ကပ်ခြင်းကို ဆရာဆွေမောင်၊ ဒေသနာရှင် ရွေးချယ်ထားသော (တမန်တော်၊ ၅း၃၃-၃၉) သမ္မာကျမ်းစာ ဖတ်ကြားခြင်းကို ဆရာမ Hpakawn Seng Tawng၊ ဘွဲ့ရရှိသူများ အတွက် “ Play a Role of Conscientious Theologian” ခေါင်းစဉ်ဖြင့် တိုက်တွန်း ခွန်အားပေး ဝေငှခြင်းကို Rev. Dr. Kapi M Ching နှင့် ကောင်းကြီးပေးခြင်းကို Dr. Timothy C. Geaffrion တို့က ဦးဆောင်ပါသည်။ ကျေးဇူးတင်စကားကို ကျောင်းအုပ်ကြီး Rev. Dr. Samuel Ngun Ling က ပြောကြားပါသည်။
ဘွဲ့လက်မှတ်ပေးအပ်ခြင်းကို Dr. Augalian က ဦးဆောင်၍ Central Baptist Theological Seminary နှင့် MIT တို့ပူးပေါင်း ဖွင့်လှစ်သော D.Min ဘွဲ့ရရှိသူ (11)ဦး၊ MIT မှဖွင့်လှစ်သော D.Min ဘွဲ့ရရှိသူ (9) ဦး၊ M.Th (27) M.Div (86) MACS (15) M.Min (5)ဦး၊ စုစုပေါင်း(၁၅၃)ဦးဖြစ်ပါသည်။ အောက်ပါဆုများကိုလည်း ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
(1) Valedictorian Award- Dr. Saw Min Thein, M.Div.
(2) Presidential Award- Saya Lar Mar Zar Baw Lal Mal Ah Sar, M.Div.
(3) Judson Award- Saya Saw Newton, M.Div.
ထို့ပြင် ကျောင်းဆင်းပြီး(၂၅)နှစ် ပြည့်သူများကိုလည်း ငွေလက်ဝါးကပ်တိုင်ဖြင့်လည်းကောင်း၊ သာသနာအမှုတော်မြတ်ထဲတွင် နှစ်(၄၀) နှစ်(၅၀)အထိ ဆက်တိုက် ဆက်ကပ်ခဲ့သူများကို ရွှေလက်ဝါးကပ်တိုင်တို့ဖြင့်လည်းကောင်း ဂုဏ်ပြုခဲ့ရာ (၂၅)နှစ်နှင့် နှစ်(၄၀) တို့ကို ကျောင်းသားဟောင်းနှစ်ပတ်လည် အစည်းအဝေး ပြုလုပ်သော ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၃)၇က်နေ့တွင် ချီးမြှင့်ခဲ့ပြီး၊ နှစ်(၅၀)အတွက် ယခု ကျောင်းဆင်းပွဲတွင် ဂုဏ်ပြုခဲ့ပါသည်။
ကောက်ခံရရှိသော အလှူငွေမှာ (၂,၄၆၀,၀၀၀ိ/-) နှစ်ဆယ့်လေးသိန်းခြောက်သောင်းကျပ်၊ (၁၀) ယွမ်နှင့် US$ (၅၆) ဖြစ်ပါသည်။

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်