Asia Sunday 2019 အာရှတနင်္ဂနွေ
ဧပြီ 8, 2019
Good Friday ဆိုသည်မှာ
ဧပြီ 19, 2019

အီစတာ အရုဏ်တက် နံနက် ဘုရားဝတ်ပြုခြင်း
သမ္မာကျမ်း (မဿဲ ၂၀း၁)မှ မိုးလင်းအံ့ဆဲဆဲအချိန် မာဂဒလမာရိနှင့် အခြား မာရိတိုဥ သင်္ချိုင်းတော်ကို အကြည့်အရှု သွားကြရာ သခင်ယေရှု ထမြောက်ကြောင်း သိရှိခြင်းကို အောက်မေ့လျက် ၁၇၃၂ခုနှစ်တွင် Moravian လူငယ်အမျိုးသားတစ်စု Herohut, Saxony ၌ အရုဏ်ဦး ဘုရားဝတ်ပြုသည်ဟု ပထမဆုံး မှတ်တမ်းရှိခဲ့သည်။ ဤအလေ့အထကို မေရိကတိုက်သို့ ရွှေ့ပြောင်း အခြေချသူ Moravian များ ယူဆောင်လာရာ၊ ၁၇၄၃ ခုနှစ် အမေရိကန်ပြည်ထောင်စု၌ ပထမဆုံး နံနက်အရုဏ်တက် ဘုရားဝတ်ပြုခြင်း ရှိခဲ့ပါသည်။

အီစတာကြက်ဥ
အီစတာကြက်ဥနှင့်ပတ်သက်၍ ခရစ်ယာန်မတိုင်မီ ရှည်လျားသောသမိုင်းကြောင်း ရှိခဲ့သည်။ များစွာသော ရှေးဟောင်းယဉ်ကျေးမှုများက ကြက်ဥကို အသက်တာဘဝဆိုင်ရာ အမှတ်လက္ခဏာဟုရှုမြင်ခဲ့သည်။ ကနဦး ခရစ်ယာန်များကလည်း ကြက်ဥသည် အသက်ဘဝနှင့် ဆက်စပ်သည်ဟု ရှုမြင်ပြီး သခင်ယေရှု ထမြောက် ရှင်ပြန်ခြင်း၏ စတ်စစိတ်တစ်ပိုင်းဖြစ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
၄-ရာစုတွင် အသင်းတော်ဘုရားကျောင်း၌ ကောင်းချီးပေးရန် ကြက်ဥများကို ပေးပြီး၊ သန့်ရှင်းသော ရေနှင့် ပက်ဖြန်းခဲ့ကြသည်။ ၂၀-ရာစုတွင် က ရှင်ပြန်ထမြောက်ရာ အီစတာနေ့၌ ကြက်ဥများအား အထူးအသုံးပြုမှုကို ခွင့်ပြုပေးခဲ့သည်။ ဤခွင့်ပြုကောင်းချီးပေးခြင်းသည် ခရူးဆိတ်ပြုသူများ၊ ဓလေ့ထုံးတမ်းအား ပြန်ယူဆောင်လာကောင်း ယူလာမည်ဟူသော အြမင်ကို ထိန်းသိမ်းပေးခဲ့သည်။ ၁၂၉၀ တွင် အင်္ဂလန်ဘုရင် ကြက်ဥအလုံး(၄၅၀)ကို ဝယ်ကာ ရွှေရောင်စက္ကူနှင့် ရစ်ပတ် (သို့) အရောင်သုတ်ခဲ့သည် ဟု မှတ်တမ်းရှိသည်။ ထိုကြက်ဥများကို နန်းတော်သူ နန်းတော်သားများအား ဝေပေးခဲ့သည်။
ဤဓလေ့ကို လက်ခံလာသည်နှင့်အမျှ ဓလေ့အသစ်များ ပေါ်ပေါက် ပျံ့နှံ့လာသည်။ ဝမ်းမြောက်ခြင်းနှင့် ခရစ်တော်၏အသွေးတော်ကို အောက်မေ့လျက် ကြက်ဥများကို အနီရောင်ခြယ်သည်။ ကြက်ဥလှိမ့်ပြိုင်ပွဲသည် အင်္ဂလန်မှ အမေရိကသို့ ရောက်လာကာ သင်္ချိုင်းတော်မှ ကျောက်တုံးလိမ့်သွားခြင်းကို သတိရစေရန်ဟု ယူဆသည်။

 

မဟာသောကြာကြီးနေ့ Good Friday ဆိုသည်မှာ
ထိုနေ့တွင် သခင်ယေရှု ဝေဒနာပြင်းထန် အသေခံ ပေးဆပ်ခဲ့ခြင်းသည် ကျွနု်ပ်တို့ လူသားများအတွက် အဆုံးစွန် အန္တိမ စွန့်လွှတ်မှု ဖြစ်သည်။ (၁ယော၊ ၁း၁၀)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်