Sunrise Service
ဧပြီ 8, 2019
(၂၅)နှစ်ပြည့် ကျေးဇူးတော် ချီးမွမ်းပွဲ
မေ 10, 2019

ခရစ်တော်၏နောက်လိုက် ခရစ်ယာန်များအတွက် အလွန်အရေးကြီးသောနေ့၊ လူ့သမိုင်းတွင် မှတ်မှတ်ရရ အလေးထားသတိပြုရမည့်နေ့၊ ယုံကြည်သူတို့ကိုယ်စား အဖမ်းခံ၊ ဝေဒနာခံ ညှင်းပန်း အနှိပ်စက်ခံလျက် အသက်စွန့်ခဲ့သည့်နေ့ဖြစ်သည်။ (၁ယော ၁၅း၃) တတိယမြောက်နေ့တွင် သခင်ယေရှု ထမြောက်ရှင်ပြန်ခဲ့ရာ၊ ယုံကြည်ချက်အားဖြင့် သခင်ယေရှုနှင့် ညီညာပေါင်းစည်းသူအားလုံး ထမြောက်ရှင်ပြန်မည်ကို ညွှန်ပြကြိုတင်ဖော်ညွှန်းနေပေသည်။(ရောမ ၆း၅)။ ဂျာမဏီနိုင်ငံတွင် ခရစ်ယနာ် ထုံးတမ်းတချို့က “ ဝမ်းနည်းဖွယ်သောကြာနေ့Sorrowful Friday (Karfreitag)” ဟုခေါ်ဝေါ်လျက်ရှိသည်။ အချို့ကလည်း ဘုရားသခင်၏သောကြာနေ့ မှရွေ့လျော့ကာ အပြစ်သားများကို ရွေးနှုတ်ကယ်တင်သည့်သောကြာနေ့ဖြစ်လာသည်ဟု ခံယူသတ်ဝင်ကြသည်။ ကားတိုင်ပေါ်တွင် သခင်ယေရှု ဝေဒနာခံ အသက်စွန့်ခြင်းကြောင့် ကြီးမားလှသောဒုက္ခဆင်းရဲခြင်းနှင့် ဘုရားရှင်၏ခွင့်လွှတ်တော်မူခြင်း တစ်နေရာတွင် ဆုံတွေ့ခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် ဆာလံ ၈၅း၁၀ က ကရုဏာနှင့် သစ္စာ ဆုံမိပြီ။ တရားနှင့်ချမ်းသာသည် တပါးကိုတပါးနမ်းကြပြီဟုဖော်ပြထားသည်။ ဟေဗြဲ ၁၂း၂ ကလည်း ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသောသခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အ့။ ထိုသခင်သည် မိမိရှေ့ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင် ခံပြီးမှ ဘုရားသခင်၏ပလ္လင်တော်ဘက်္ပ ထိုင်နေတော်မူ၏။ဟုရေးသားထားသည်။
ထို့ကြောင့် မဟာသောကြာကြီးနေ့သည် အလွန်မှောင်မိုက်ပိန်းပိတ်ပြီး အလွန်ကောင်းမြတ်နှစ်သက်ဖွယ်ဖြစ်လှပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်