Integral Mission Training
မေ 10, 2019
ပထမအကြိမ် အသင်းတော်ကျောင်း ဆရာ/မများ နှီးနှောဖလှယ်ပွဲ
မေ 24, 2019

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ လူငယ်ဌာနမှဦးဆောင်၍ ဆဌမအကြိမ်မြောက် လူငယ်ခေါင်းဆောင် ဓမ္မညီလာခံကို “ ခရစ်တော်၏သံတမန်” ခေါင်းစဉ်ဖြင့် ၂၀၁၉ ခုနှစ်၊ မေလ (၇-၁၁)ရက်အထိ လားရှိုးမြို့ ရှမ်းပြည်နယ် မြောက်ပိုင်း လူမျိုးပေါင်းစုံ ခရစ်ယာန် ကောလိပ်တွင် ရှမ်းမြောက်အဖွဲ့ချုပ်က အိမ်ရှင်အဖြစ် လက်ခံ၍ ကျင်းပရာ လူငယ်ခေါင်းဆောင် စုစုပေါင်း (၃၇၀)ဦး တက်ရောက်ပါဝင်ခဲ့ပါသည်။ သင်ခန်းစာများနှင့် သင်ကြားသောဆရာများမှာ
“သီချင်းသင်ကြားခြင်း” – တေးရေးအစောင်းမန်း
သမ္မာကျမ်းစာသင်ကြားခြင်း – သိက္ခာတော်ရဒေါက်တာရောဘတ်ပွန်း
“ ထာဝရဘုရားအလိုရှိသော အသရေတင့်တယ်သော – သိက္ခာတော်ရဆရာမရန်ခွန်ဆန်
ခရစ်ယာန်အိမ်ထောင်အတွက် အတားအဆီးများ”
လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် – ဆရာအင်ခွမ်တန်ဂွန်း၊ Saya Lawt Nawဖိုင်များ ပို့တင်ရန်
နှစ်ခြင်းခရစ်ယာန်တို့၏အခြေခံယုံကြည်ချက်နှင့် – သိက္ခာတော်ရဆရာဦးတင်မောင်ရွှေ
ယနေ့ခေတ် နှစ်ခြင်းလူငယ်များ၏အခြေအနေ – ဆရာမ အဲမေ
– သိက္ခာတော်ရဆရာစောရှိုင်းနား
– ဆရာစောချစ်ခိုင်
အထူးဟောပြောခြင်း(လူငယ်နှင့်နိုင်ငံရေး) – ဆရာစောချစ်ခိုင်

နှီးနှောဖလှယ်ပွဲ၏ ရလဒ်များအရ အောက်ပါတို့ကို ဆက်လက်လုပ်ဆောင်ကြရန် လိုအပ်ကြောင်း တွေ့ရှိရ ပါသည်။
၁။ နှစ်ခြင်းတို့၏ ယုံကြည်ချက်နှင့်ကျင့်သုံးမှုကို လူငယ်များ သေချာစွာသိရှိကျင့်သုံးစေရန်အတွက် သင်ခန်းစာ များကို ဆွဲဆောင်မှုရှိ၍ ဆန်းသစ်သော၊ လူငယ်များကိုယ်တိုင် ပါဝင်နိုင်သော သင်ကြားမှု ပုံစံများဖြင့် ဖော်ထုတ် သင်ကြားရန်။
၂။ ဘုရားသခင် အလိုတော်နှင့်ညီသော ခရစ်ယာန် အိမ်ထောင်တည်ထောင်နိုင်သော လူငယ်များဖြစ်ရန် အတွက် ပညာပေး အမြင်ဖွင့်အစီအစဉ်များ ရေးဆွဲ လုပ်ဆောင်ရန်။
၃။ မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင်ရန်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်