ဆရာယုဒသန်နှင့် ပါရမီဖြည့်ဖက်များအား ဂုဏ်ပြုသီချင်းဆို ပြိုင်ပွဲ (၂၀၁၉)
ဇူလိုင် 23, 2019
“ ခရစ်ယာန်မီဒီယာ ပိုမိုတိုးတက်စွမ်းဆောင်နိုင်ရေး ဝေငှဆွေးနွေးပွဲ”
ဩဂုတ် 14, 2019

နှစ်ခြင်းအသင်းချုပ်၊ ဧသဌာန ခရစ်ယာန် ပြုစု ပျိုးထောင်ရေး စီမံကိန်း မှကြီးမှူး၍ မြန်မာနိုင်ငံ ယဉ်ကျေးမှူခြား သာသနာပြု သင်တန်း အမှတ်စဉ်(၃) ကို ၂၀၁၉ ခုနှစ် သြဂုတ်လ(၁)ရက်မှ စက်တင်ဘာလ.(၁၄)ရက်အထိ MBC HOLTI တွင် ပြုလုပ်သွားမည် ဖြစ်ပါသည်။ တက်ရောက်သူ (၃၅)ဦးရှိပါသည်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁)ရက် ကြာသပတေးနေ့ နံနက် ၉း၀၀ နာရီအချိန်တွင် သင်တန်းဖွင့်ပွဲ အစီအစဉ်ကို သင်တန်းပြုလုပ်သည့် ခန်းမတွင် ကျင်းပခဲ့ပါသည်။ သဘာပတိအဖြစ် ခရစ်ယာန် ပြုစုပျိုးထောင်ရေး စီမံကိန်း ဦးစီးမှူး သိက္ခာတော်ရဆရာရိုဆန်း၊ အမှာစကား ပြောကြားခြင်းကို ဌာနတာဝန်ခံ သိက္ခာတော်ရဆရာ စောဝင်းဖေဇင်၊ အထူးဆုတောင်းခြင်းကို ဌာနကော်မတီဝင် ပိုးကရင်အဖွဲ့ချုပ် ဌာန တာဝန်ခံ သိက္ခာတော်ရဆရာမန်းစိုင်းမွန်၊ တိုက်တွန်းဝေငှဟောပြောခြင်းဒေသနာကို ဒေါက်တာသစ်သစ်မြတ်စံ၊ သင်တန်းအကြောင်း ရှင်းလင်းတင်ပြခြင်းနှင့် သင်တန်းသားများ မိတ်ဆက်ခြင်းကို သင်တန်းမှူးအဖြစ် ဦးဆောင်မည့် မြို့ကြီးပြည်သူသာသာ့လုပ်ငန်း စီမံကိန်း ဦးစိးမှူး ဆရာစောရစ်ချတ်၊ ကောင်းကြီးပေးခြင်းကို အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာ ရောဘတ်ပွန်းတို့က ဦးဆောင်ခဲ့ဲပြီး၊ သင်တန်းသားများအတွက် သင်တန်းနှင့် သက်ဆိုင်သော အကြောင်းအရာများ ရှင်းလင်း တင်ပြခြင်းကို ဌာနတာဝန်ခံမှလည်းကောင်း၊ အသင်းချုပ်နှင့် မိတ်ဆက်ခြင်းကို အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး မှလည်းကောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တွဲဖက် ဌာနတာဝန်ခံ ဆရာသန်းထိုက်ဟန် ဦးဆောင်လျက် သင်တန်းသားများက အသင်းချုပ် ဌာနများသို့ လှည့်လည်၍ လေ့လာခဲ့ကြပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်