“ ခရစ်ယာန်မီဒီယာ ပိုမိုတိုးတက်စွမ်းဆောင်နိုင်ရေး ဝေငှဆွေးနွေးပွဲ”
ဩဂုတ် 14, 2019
ပြန်လည် သုံးသပ်ခြင်းနှင့် ညစာစားပွဲ
ဩဂုတ် 16, 2019

မြန်မာနိုင်ငံနှစ်ခြင်း အသင်းချုပ် ခရစ်ယာန် လူမှုဝန်ထမ်းခြင်းနှင့် ဖွံ့ြေုဖိုးရေးဌာနမှ ဦးဆောင်၍ ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၂)ရက်နေ့တွင် ရေ ဘေးကြုံတွေ့ရသော မွန်နှစ်ခြင်း ခရစ်ယာန် အသင်းတော်များ အဖွ့ဲချုပ်၊ ဝယ်သွန်ချောင် (28)အိမ်၊ သံဖြူဇရပ် (၄၅)အိမ်၊ မုဒုံဦး (၂၀)အိမ်) ရှိ အသင်းသူ/သားများအတွက် ဆန်၊ ဆီ၊ ခေါက်ဆွဲထုပ်နှင့် ရေပုံးများကို သွားရောက် လှူဒါန်းခဲ့ပါသည်။
သြဂုတ်လ (၁၉)ရက်နေ့တွင်လည်း ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ ဖားအံမော်လမြိုင်သာသနာနယ်ရှိ ရေဘေးကြုံတွေ့ရသော အိမ်ထောင်စု (၁၂၁၀) အိမ်အတွက် ဆန်အိတ် (၂၅၂) အိတ်၊ဆီ (၁၂၁၀) လီတာ၊ ဆား ( ၁၂၁၀) ပိသာ၊ ကြက်သွန်နီ (၁၂၁၀) ပိသာနှင့် ဆေးစိမ်ခြင်ထောင် (၁၀၀) လုံးတို့အား ကရင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်နှင့် ပူးတွဲလျက် လှူဒါန်းခဲ့ပါသည်။

၂၀၁၉ ခုနှစ် သြဂုတ်လ (၂၄)ရက်နေ့တွင်လည်း မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၊ ခရစ်ယာန် လူမှုဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာနမှ ဦးဆောင်၍ မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၊ အထွေထွေအတွင်းရေးမှူး၊ ဘဏ္ဍာထိန်း၊ ဌာနတာဝန်ခံ နှင့် ပိုးကရင်အဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး တို့ပါဝင်လျက် ပိုးကရင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၊ အရှေ့ပိုးကရင် ဒုံရင်းသာသနာနယ် အတွင်းရှိ ဖားအံမြို့နယ်၊ အသင်းတော် (10)ပါးနှင့် ပုလောမြို့နယ်၊ အသင်းတော် (3)ပါးတို့အတွက် ဆန်(113)အိတ်၊ ဆီ (536) ဗူး၊ ကြက်သွန်နီ(536)ပိသာနှင့် ငါးသေတ္တာ (536)ဗူးတို့ကို သာသနာနယ်နှင့် အသင်းတော်များအထိ သွားရောက် မေတ္တာပြ လှူဒါန်းကြပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်