သြဂုတ်လအတွက် လူငယ်ဌာန အစီအစဉ်များ
ဩဂုတ် 16, 2019
66 Annual Meeting of Korea Baptist Woman’s Missionary (KBWMU)
ဩဂုတ် 21, 2019

မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၊ ခေါင်းဆောင်မြှင့်တင်ရေးဌာန နှင့် ပခုက္ကူ ခရစ်ယာန် မိတ်ဿဟာယအဖွဲ့တို့ ပူးပေါင်းကာ “ ပညာရေးဆိုင်ရာ အသိအမြင်ဖွင့် ဟောပြောခြင်း Educational knowledge sharing” အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်တွင် ပခုက္ကူမြို့၌ ပြုလုပ်ခဲ့ပါသည်။ အစီအစဉ်ကို နံနက် (၉း၀၀)နာရီတွင် စတင်ခဲ့ပြီး အသင်းချုပ် ဌာနတာဝန်ခံ Rev. Ai Nap Tao က အသင်းချုပ်  ဌာနနှင့်ပတ်သက်သော  အကြောင်းအရာများ နှင့် ယုဒသန် ပညာသင် ထောက်ပံ့ခြင်း အစီအစဉ်များကို ရှင်းလင်း တင်ပြ၍ ဆရာ စောဝင်းစတန်ဖြူးက ကျောင်းသူ ကျောင်းသားများအနေနှင့် ပညာတော်သင် ထောက်ပံ့ခြင်းကို ရယူနိုင်မည့် အခြား အခွင့်အလမ်း အရင်းအမြစ်များကို ရှာဖွေရန်အတွက် လမ်းညွှန်မှု ပပေးပါသည်။ Rev. ရိုဆန်း က တိုက်တွန်း ခွန်အားပေးစကား ပြောကြားပြီး မွန်းလွဲ(၃း၀၀)နာရီတွင် အစီအစဉ်ကို ရုပ်သိမ်းခဲ့ပါသည်။ တက္ကသိုလ် ခရစ်ယာန် မိတ်သဟယအဖွဲ့မှ ဆရာ ဆရာများ၊ ကျောင်းသူ ကျောင်းသားများနှင့် ဂိုဏ်းပေါင်းစုံမှ အမှုတော်ဆောင်များ စုစုပေါင်း (၅၀)ဦးခန့် ထက်ရောက်ပါဝင်ခဲ့ကာ နေ့လည်စာဖြင့်လည်း တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်