မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ သီဩလော်ဂျီပညာဌာနမှ ဦးဆောင်၍ ပဉ္စမအကြိမ်မြောက် နှစ်ခြင်းကျမ်းစာကျောင်း ကျောင်းအုပ်ကြီးများတွေ့ဆုံပွဲကို ၂၀၁၉ အောက်တိုဘာလ (၉-၁၀)ရက်များအထိ ကူရှင်ခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ နှစ်ခြင်း ကျမ်းစာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဒုကျောင်းအုပ်ကြီးများ တက်ရောက်ပါဝင်ခဲ့ပါသည်။