(၃၃)ကြိမ်မြောက် လူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းဆင်းပွဲ
ဒီဇင်ဘာ 18, 2019
စစ်ရှောင်စခန်း များသို့ သွားရောက် မိတ်သဟာယဖွဲ့ခြင်း
ဇန်နဝါရီ 22, 2020

မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၏ ၂၀၁၉ ခုနှစ်အတွက် အုပ်ချုပ်စီမံရေး အဖွဲ့ အစည်းအဝေးကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၈-၁၂)ရက်အထိ မြစ်ကြီးနားမြို့ ဒူကထေင်နှစ်ခြင်း အသင်းတော်တွင် ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါဝသည်။ ကိုယ်စားလှယ်ပေါင်း (၂၇၂)ဦးနှင့် လေ့လာသူများ အပါအဝင် တက်ရောက်သူ စုစုပေါင်း (၃၀၀)ဦးခန့် ဖြစ်ပါသည်။ ဇန်နဝါရီလ (၈)ရက်နေ့ ညနေ ၅း၃၀ နာရီ အချိန်တွင် မုခ်ဦးကို စတင်ဖွင့်လှစ်၍ ၆း၀၀ နာရီအချိန်တွင် ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်ကို စတင်ပါသည်။ ထို့နောက် အိမ်ရှင် အသင်းတော်မှ တေးသံသာများ၊ ရိုးရာအကများဖြင့် လှပစုံလင်စွာ ကြိုဆို တင်ဆက်ခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။
ဇန်နဝါရီလ (၉)ရက်နေ့ နံနက်(၈း၀၀)နာရီတွင် သမ္မာကျမ်းစာသင်ကြားခြင်းကို မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်မှ ဓမ္မကထိက Rev. Dr. မရစ်လရစ်က ဦးဆောင်လျက် သဘာပတိ အဖြစ် Rev. Dr. စောစိုင်းရပ်စိန်၊ အထူးဆုတောင်းခြင်းကို လီဆူအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Rev. ဦးပီတာနှင့် ကောင်းကြီးပေးခြင်းကို ရွှေလီရှမ်ဒ အဖွဲ့ချုပ် အထွှေထွေအတွင်းရေးမှူး Rev. Dr. စိုင်းတင်လှက ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ခေတ္တနားပြီး အစည်းအဝေးအစီအစဉ်ကို စတင်ပါသည်။ ပထမဦးစွာ အသင်းချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူးက တက်ရောက်လာကြသော အဖွဲ့ချုပ်၊ နယ်အဖွဲ့ ကိုယ်စားလှယ်များအား နာမည်ခေါ်လျက် စာရင်းရယူပါသည်။ အသင်းချုပ် ဥက္ကဌ အမှာစကား ပြောကြားပြီးနောက်တွင် အသင်းချုပ် အထွေထွေအတွင်းရေးမှူး၏ ဌာနအလိုက် စုစည်း အစီရင်ခံခြင်းကို စတင်ပါသည်။ ဆက်လက်၍ ဘဏ္ဍာထိန်းက ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာကို ဖတ်ကြား တင်ပြပါသည်။ ညပိုင်းတွင် အိမ်ရှင် အသင်းတော်နှင့် ခရစ်ယာန်တေးဂီတ ပညာရှင်များ မိတ်သဟာယမှ တေးသံသာများဖြင့် တင်ဆက်ခဲ့ပါသည်။
ဒုတိယနေ့အဖြစ် ဇန်နဝါရီလ (၁၀)ရက်နေ့တွင် သမ္မာကျမ်းစာ သင်ကြားခြင်းကို မြန်မာနိုင်ငံ ခရစ်ယာန် ဓမ္မတက္ကသိုလ်မှ ဓမ္မကထိက ဆရာမဒေါ်မြမြသက်၊ သဘာပတိအဖြစ် ရှမ်းမြောက် အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဆရာမအဲမေ၊ အထူးဆုတောင်းခြင်းကို အသင်းချုပ် ခေါင်းဆောင်မြှင့်တင်ရေးဌာန သဘာပတိ ဒေါက်တာနော်လေးထူး နှင့် ကောင်းကြီးပေးခြင်းကို အသင်းချုပ် အမျိုးသမီးဌာန သဘာပတိ Rev. Dr. မန်ကြွယ်၊ တို့က ဦးဆောင်ခဲ့ပါသည်။ ၎င်းနောက် လူမျိုးစုနှင့် ဒေသန္တရအဖွဲ့ချုပ်များမှ အစီရင်ခံစာများကို တင်ပြပါသည်။ ဆက်လက်၍ တိုက်ရိုက်ဆက်သွယ်သောအသင်းတော်နှစ်ပါးမှ အစီရင်ခံတင်ပြကြပါသည်။ ညနေပိုင်းတွင် အသင်းချုပ်မှ ထောက်ခံတင်ပြခြင်းများကို အစီရင်ခံဖတ်ကြားပါသည်။ ညပိုင်းအစီအစဉ်အဖြစ် စစ်ဘေးဒဏ် ခံစားရသောသူများ ကိုယ်တိုင် ရိုက်တူးထားသော မှတ်တမ်းဓာတ်ပုံများ၊ ဗီဒီယိုများနှင့် ပါဝင်တင်ဆက်ထားသော အိမ်ပြန်ချင်ပြီ ပြဇာတ်တို လေးကို တင်ဆက်ပြသပါသည်။
အစည်းအဝေး တတိယနေ့အဖြစ် ဇန်နဝါရီလ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ သမ္မာကျမ်းစာအသင်းမှ အထွေထွေအတွင်းရေးမှူး Rev. ခွေလန်းထန်က သမ္မာကျမ်းစာသင်ကြားပေးပါသည်။ သဘာပတိအဖြစ် အသင်းချုပ် ဧသဌာန တာဝန်ခံ Rev. စောဝင်းဖေဇင်၊ အထူးဆုတောင်းခြင်းကို အရှေ့ရှမ်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး Rev. စိုင်းသာဟန် တို့က ဦးဆောင်ခဲ့ပါသည်။ မွန်းလွဲပိုင်းတွင် မြစ်ကြီးနား၏ အထင်ကရ နေရာများဖြစ်သော မြစ်ဆုံနှင့် ဆုတောင်း တောင်သို့ လေ့လာရေးခရီး သွားခဲ့ကြပါသည်။
ည ပိုင်းအစီအစဉ်အဖြစ် အသင်းချုပ် ဧသဌာနမှ ရွှေပြည်မြန်မာ သာသနာလုပ်ငန်းအကြောင်း ရှင်းလင်း တင်ပြပါသည်။
ဇန်နဝါရီလ (၁၂)ရက် တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် အဖွဲ့များခွဲလျက် အသင်းတော်အသီးသီးသို့ သွားရောက် ဝတ်ပြုကိုးကွယ်ကြပါသည်။ မွန်းလွဲ (၂း၀၀)နာရီတွင်မူ အစည်းအဝေး ကျင်းပရာ ဒူကထောင် အသင်းတော်တွင် စုပေါင်း ဝတ်ပြုကိုးကွယ်ခြင်း အစီစဉ်ကို ပြုလုပ်ပါသည်။ အစီအစဉ် သဘာပတိအဖြစ် ရှမ်းတောင် အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး Rev. စောအေးဝီး၊ အမှုတော်ဆောင် များ ဂုဏ်ပြုခြင်းကို အသင်းချုပ် ဓမ္မအမှုတော်ဆောင်များ ဌာန တာဝန်ခံ Rev. Dr. စောအယ်သော၊ သက်တမ်းပြည့်၍ အနားယူသော အသင်းချုပ် စာပေနှင့် ပုံနှိပ်ထုတ်ဝေရေးဌာန တွဲဖက် တာဝန်ခံ ဆရာမ နန့်သီသီမြအား ဂုဏ်ပြုရင်ထိုးနှင့်ဂုဏ်ပြုခြင်းကို အသင်းချုပ် ဒုဥက္ကဌ ဒေါက်တာအူဗျစ်ဂျာဘူ၊ ဂုဏ်ပြုစကားပြောကြားခြင်းကို အသင်းချုပ် ခရစ်ယာန် ဆက်သွယ်ရေးဌာန သဘာပတိ Rev. စောမြမင်းလွင်၊ ဆရာမ အတွက် အထူးဆုတောင်းခြင်းကို မြန်မာနိုင်ငံ နှစ့်ခြင်း ခရစ်ယာန် အသင်းတော်များအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး Rev.စောထူးအယ်၊ အိမ်ရှင်အဖြစ် လက်ခံပေးသော ကချင်နှစ်ခြင်းအဖွဲ့ချုပ်၊ မြစ်ကြီးနားဇုံနယ်အဖွဲ့ နှင့် ဒူကထောင် နှစ်ခြင်းအသင်းတော်တို့အား အမှတ်တရ လက်ဆောင်ပေးအပ်ခြင်းကို အသင်းချုပ် အထွေထွေ အတွင်းရေးမှူး Rev. Dr. ထန်ကျင့်လျန်း၊ အားလုံးအတွက် အထူးဆုတောင်းခြင်းကို Rev. Dr. စိုင်းတင်လှ၊ ဒေသနာကို လားဟူနှစ်ခြင်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး Rev. Dr.လာဇရုတို့က ဦးဆောင်ခဲ့ပါသည်။ ညနေ (၆း၀၀)နာရီတွင် ဆက်ကပ်ခြင်းနှင့် ပွဲတော်မင်္ဂလာကို ပြုလုပ်ပါသည်။ ပွဲတော်မင်္ဂလာကို ကရင်နှစ်ခြင်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Rev. Dr. စောစမ်စန်က ဦးဆောင်ခဲ့ပြီး၊ အသင်းတော်မှသင်းထောက်လူကြီးများက ဝေငှခဲ့ပါသည်။ ညပိုင်းတွင် အိမ်ရှင် အသင်းတော်က မီးပုံပွဲ၊ ထောင်ကာ အကနှင့် အသားကင်တို့ဖြင့် တည်ခင်းဧည့်ခံခဲံရာ ကိုယ်စားလှယ်တော်များ ၊ ဧည့်သည်များ အားလုံး ပျော်ရွှင်စွာ အတူတကွ ရိုးရာအက ဆင်နွှဲခဲ့ရပါသည်။
နောက်တစ်ကြိမ် အုပ်ချုပ်စီမံရေးအဖွဲ့အစည်းအဝေး (2020)နှင့် သင်းလုံးကျွတ် အစည်းအဝေး အစီအစဉ်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၂-၁၇) ရက်များတွင် ပြုလုပ်မည်ဖြစ်ပြီး၊ ၁၂ရက်ညနေတွင် ဖွင့်ပွဲအစီအစဉ်၊ (၁၃-၁၄)ရက်များတွင် အုပ်ချုပ်စီမံရေးအစည်းအဝေး၊ (၁၅-၁၆)ရက်များတွင် သင်းလုံးကျွတ် အစည်းအဝေးနှင့် (၁၇)ရက် နေ့တွင် ဆက်ကပ်ဝတ်ပြုခြင်း အစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ကြပါသည်။ အိမ်ရှင်အဖြစ် ရှမ်းမြောက် အဖွဲ့ချုပ်က တာဝန်ယူမည်ဖြစ်ပြီး၊ ပြုလုပ်မည့် နေရာမှာ လားရှိုးမြို့။ ရှမ်းမြောက်အဖွဲ့ချုပ်ရုံးဝင်း အတွင်း ဖြစ်ပါသည်။

      

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်