နှစ်ခြင်းအသင်းချုပ် အုပ်ချုပ်စီမံရေး အဖွဲ့အစည်းအဝေး (၂၀၁၉) မစတင်မီ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၅-၇)ရက်များတွင် နှစ်ခြင်းအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးဆောင်၍ မြစ်ကြီးနားရှိ IDP camp သုံးနေရာသို့ သွားရောက်၍ နှုတ်ခွန်းဆက် စကား ပြောကြားခြင်း၊ မေတ္တာပြ အလှူငွေ ပေးအပ်ခြင်း၊ ဆုတောင်းခြင်း၊ တိုက်တွန်း ခွန်အားပေးခြင်း နှင့်အတူ ခရစ်ယာန် တေးဂီတ ပညာရှင်များ မိတ်သဟာယအဖွဲ့မှ ဓမ္မတေးများဖြင့် ဖြော်ဖြေ တင်ဆက်ခဲ့ကြပါသည်။ ၅.၁.၂၀၂၀, တနင်္ဂနွေနေ့တွင် မိုင်းနား စစ်ရှောင် စခန်း၊ ၆.၁.၂၀၂၀, တနင်္လာနေ့တွင် ဂျော်မဆတ်(Jaw Masak) စစ်ရှောင်စခန်း၊ ၇.၁.၂၀၂၀, အင်္ဂါနေ့တွင် ဂျန်မိုင်ကောင် စစ်ရှောင်စခန်း များသို့ သွားရောက် မိတ်သဟာယဖွဲ့၍ ဖြော်ဖြေတင်ဆက်နိုင်ခဲ့ပါသည်။