စစ်ရှောင်စခန်း များသို့ သွားရောက် မိတ်သဟာယဖွဲ့ခြင်း
ဇန်နဝါရီ 22, 2020
၂၀၂၀ ပြည့်နှစ် နွေဥတု ကျမ်းစာသင်ကျောင်း သင်ခန်းစာ လက်တွေ့သင်ကြားခြင်း
ဖေ‌ဖော်ဝါရီ 13, 2020

မွန်နှစ်ခြင်း အသင်းတော်များ အဖွဲ့ချုပ် (၁၀၄) ကြိမ်မြောက် သင်းလုံးကျွတ် ဓမ္မသဘင်ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၆-၉) ရက်နေ့ထိ မွန်ပြည်နယ်ရှိ မွန်နှစ်ခြင်း ခရစ်ယာန် အသင်းတော် သံဖြူဇရပ်မြို့တွင် မွန်ယုံကြည်သူများနှင့် ဧည့်သည်များ စုစုပေါင်း (၈၅၃) ဦးဖြင့် ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲနေ့မှစပြီး ဌာနများမှ တင်ဆက်ခြင်းအမျိုးမျိုး ချီးမွမ်းခြင်း၊ သမ္မာကျမ်းစာ ဖြေဆိုသူများကို ဆုပေးခြင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုခြင်း၊ အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်း နှင့် နှစ်ပတ်လည် ဝတ်ပြုခြင်းတွင် အသင်းတော်များ အားလုံး စုပေါင်းလျက် မွန်ဘာသာဖြင့် ဓမ္မသံစုံ သီဆိုခြင်း အစီစဉ်များ ပြုလုပ်ခဲ့ပါသည်။

ချီးမွမ်းကိုးကွယ်ခြင်းကို Rev. နိုင်မင်းမိုးဇက်မှ ဦးဆောင်ပြီး ဟင်္သာပျိုဂီတအဖွဲ့မှ တေးဂီတဖြင့် ပါဝင်ပါသည်။ သမ္မာကျမ်းစာ သင်ကြားခြင်းကို အဓိကအချက်အားဖြင့် “ ခရစ်တော် အတွက် အသက်ရှင်သောယဇ်” ခေါင်းစဉ်ဖြင့်  (ရောမ ၁၂း၁-၂၊ ဆာလံ ၅၁း၁၆-၁၇၊ အာမုတ် ၅း၂၁-၂၄) ကို အခြေခံကာ မြန်မာနိုင်ငံ နှစ်ခြင်း အသင်းချုပ်မှ တွဲဖက် အထွေထွေ အတွင်းရေးမှုး Rev. Dr. Robert Pun နှင့် သီသြလော်ဂျီဌာနမှ Rev. Dr. Cyrus Sein တို့မှ သင်ကြား ပို့ချပေးပါသည်။ ဓမ္မသဘင် အစီအစဉ် မှတ်တမ်းကို မြန်မာနိုင်ငံ နှစ်ခြင်း အသင်းချုပ် ခရစ်ယာန် ဆက်သွယ်ရေးဌာနမှ ဆရာမမိသက်စုလှိုင်မှ ကူညီပံ့ပိုးပေးပါသည်။

၂၀၂၀-၂၀၂၂ ခုနှစ် သက်တမ်းအတွက်

မွန်နှစ်ခြင်းအသင်းတော်များ အဖွဲ့ချုပ်တွင် အစေခံဆက်ကပ်မည့်သူများမှာ

Rev. နိုင်ခင်အောင်(နာယက)

ဆရာနိုင်မြင့်သိန်း(နာယက)

ဦးထွန်းလှအောင်(နာယက)

ဥက္ကဌ(၁) Rev. နိုင်အောင်ကြီး

ဒုဥက္ကဌ(၁) Rev. နိုင်မင်းမိုးဇက်

ဒုဥက္ကဌ(၂) Rev. မိလှကြည်

ဘဏ္ဍာထိန်း- မိအေးအေးခိုင်

တွဲဖက်ဘဏ္ဍာထိန်း- ဒေါ်မြမြရီ

အထွေထွေအတွင်းရေးမှုး- ဆရာမမိတိုးတိုးအေး

တွဲဖက်အထွေထွေအတွင်းရေးမှုး- Rev. နိုင်ခင်ကျော်

ဧ/သဌာနတာဝန်ခံ Rev. ဆလိုင်းလှဝင်း

ဓမ္မပညာဌာနတာဝန်ခံ ဆရာမမိချိုချိုဝင်း

လူငယ်ဌာနတာဝန်ခံ ဆရာမှီရှီတူးနန်

အမျိုးသားဌာနတာဝန်ခံ ဆရာနိုင်ချမ်းမွန်

အမျိုးသမီးဌာနတာဝန်ခံ ဆရာမမိယုယုလွင်

ဖွံ့ဖြိုးရေးဌာနတာဝန်ခံ ဆရာဦးကျာဘို

 

တပည့်တော်စုတာဝန်ခံများ

ဂေသရှေမန်- ဆရာမန်းအောင်နိုင်လင်း

လက်ပံတောင်ခြေ-ဆရာနိုင်ဇေယျာအောင်

မုဒုံဦး-ဆရာနိုင်သာဟန်

ကျိုက္ခမီ- ဆရာမဒေါ်အိအိမွန်

ရေး- Rev. စောဂျက်စင်

ဂါလိလဲ- ဆရာစောဆာအယ်ဒို

မရမ်းချောင်း- Rev. စောဖိုးဖရီး တို့ဖြစ်ကြပါသည်။

    

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်