နှစ်ခြင်းလူငယ် နိုးကြားရေး တစ်ရက်တာ သင်တန်းများ
ဖေ‌ဖော်ဝါရီ 13, 2020
အားသစ်လောင်း အစီအစဉ်
မတ် 4, 2020

နှစ်ခြင်း အသင်းချုပ်၊ သီသြလော်ဂျီပညာဌာန မှ ဦးဆောင်၍ ရန်ကုန်မြို့ပေါ်ရှိ နှစ်ခြင်း ကျမ်းစာကျောင်းများမှ နောက်ဆုံးနှစ် ကျောင်းသူ/သားများ နှင့် အသင်းချုပ် မိတ်ဆက်ခြင်း အစီအစဉ်ကို (၁၄.၂.၂၀၂၀)၊ သောကြာနေ့ နံနက်(၇:၃၀- ၁၂:၃၀) နာရီအထိ ကူရှင် ခန်းမတွင် ပြုလုပ်ခဲ့ရာ စုစုပေါင်း (၄၀၀)ဦးခန့် တက်ရောက်ပါဝင်ခဲ့ပါသည်။ နံနက် (၆း၃၀-ရး၃၀)နာရီတွင် နံနက် အဆာပြေဖြင့် စတင်ခဲ့ပြီး၊ (ရး၃၀-ရး၄၅)နာရီအထိ ပိုးကရင်ဓမ္မတက္ကသိုလ်မှ ဦးဆောင်၍ ချီးမွမ်းခြင်း၊ နံနက် (ရး၄၅-၈း၁၅)နာရီ အတွင်း အဖွင့် ဆုတောင်းခြင်းကို ဘဏ္ဍာထိန်း ဆရာမ နန်းသူဇာမွန်၊ မိတ်ဆက်ခြင်းကို ဌာနတာဝန်ခံ Rev. Dr. စောစိုင်းရပ်စ်စိန်၊ ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားခြင်းကို အထွေထွေ အတွင်းရေးမှူး Rev. Dr. ထန်ကျင့်လျန်းတို့က ဦးဆောင်ခဲ့ပါသည်။ နံနက် (၈း၁၅-၉း၁၅)နာရီအထိ နှစ်ခြင်း အသင်းချုပ် အကြောင်း တင်ပြခြင်းကို သိက္ခာတော်ရ ဆရာ စောမြမင်းလွင်က ဦးဆောင်ခဲ့ပြီး၊ နံနက် (၉း၁၅-၁၀း၁၅)နာရီ အတွင်း အသင်းချုပ်ဝင်း အတွင်းရှိ ဌာနများကို လှည့်လည် လေ့လာခဲ့ကြပါသည်။ ဆက်လက်၍ ဌာနများ အကြောင်း ဆွေးနွေးမေးမြန်းခြင်း အစီအစဉ်ကို နံနက် (၁၀း၁၅-၁၁း၂၀)နာရီအထိ ပြုလုပ်ခဲ့ကြရာ ကျောင်းသူ ကျောင်းသားများမှ သိလိုသမျှ မေးမြန်း ဆွေးနွေး ခဲ့ကြပါသည်။ နံနက် (၁၁း၃၀-၁၂း၁၅)နာရီ အထိ ပြန်လည်သုံးသပ်ခြင်းအစီအစဉ်ကို ဆရာမ နန့်တင်စီမိုးက ဦးဆောင်ခဲ့ပါသည်။ ထို့နောက် ဌာနသဘာပတိ Rev. Dr. ထွန်းလင်းဦးက ဆုတောင်းလျက် ကောင်းကြီးပေး ခဲ့ပါသည်။ နေ့လည်စာ ဒံပေါက်ကို အတူတကွ သုံးဆောင်ကြပြီး အစီအစဉ်ကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်