ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့
ဇွန် 8, 2020
MBC (181) EC Meeting
နိုဝင်ဘာ 12, 2020

COVID 19 ကာလအတွင်း နှစ်ခြင်း အသင်းချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော် မြို့နယ် COVID 19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ၁၀.၁၀.၂၀၂၀၊ စနေနေ့တွင် ကျပ်(၁၀)သိန်း ပေးအပ် လှူဒါန်းခြင်း၊ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီသို့ Covid 19 Volunteer လူငယ်များအတွက် ကျပ်(၂၀)သိန်းကို (၇.၁၀.၂၀၂၀) ဗုဒ္ဓဟူးနေ့တွင် ကူညီပံ့ပိုးခြင်း၊ အသင်းချုပ် ဝန်ထမ်းများအတွက်လည်း ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အာလူး၊ ကြက်ဥ၊ ကြာဇံ၊ ပဲ၊ ဆေးဝါးများကို (၄)ကြိမ် ပံ့ပိုးပေးခြင်း၊ နှစ်ခြင်းအသင်းချုပ်၊ COVID 19 အရေးပေါ်တုံ့ပြန် ကာကွယ်ရေးကော်မတီမှ COVID 19 နှင့် ပတ်သက်၍ သိသင့် သိထိုက်သည်များနှင့် ရောဂါကို ကာကွယ်မှုပြုနိုင်ရန်အတွက်ပညာပေး‌ဝေငှခြင်းနှင့် မေးမြန်းဆွေးနွေးခြင်း အစီအစဉ်ကို ပို့ချဝေငှသူ အဖြစ် Rev. Dr. တင်ထွန်းဝင်း(Faith and Development Manager (အနားယူ) World Vision Myanmar)က ဦးဆောင်၍ ၁၀.၁၀.၂၀၂၀၊ စနေနေ့ မွန်းလွဲ(၁:၀၀) နာရီတွင် Zoom Application ဖြင့် (တက်ရောက်ပါဝင်သူ (၃၀)ဦးခန့်) ပြုလုပ်ခြင်း၊ အသင်းချုပ်ဝင်းများတွင် ပိုးသတ်ဆေးဖြန်းခြင်း၊ အသင်းချုပ်ရုံးဝင်းမှ (+)လူနာများ အား အစားအစာ+ဆေးဝါးအတွက် (၂)ပတ်စာ ပံ့ပိုးကူညီခြင်း၊ ဆေးရုံပို့ပေးခြင်း၊ လူနာနှင့် လူနာ၏ မိသားစု များအတွက် လိုအပ်သည်များ ကူညီပေးခြင်း၊ အစည်းအဝေးများကို Zoom Application ဖြင့်ပြုလုပ်ခြင်း၊ အသင်းချုပ် ဝန်ထမ်းများ၏တနင်္လာဝတ်ပြုခြင်းကိုလည်း Zoom Application ဖြင့် ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်