အထူးအုပ်ချုပ် စီမံရေးအဖွဲ့ အစည်းအဝေး (၂၀၂၀)
ဖေ‌ဖော်ဝါရီ 3, 2021
ယုဒသန်နေ့လက်စွဲစာအုပ် ၂၀၂၁
ဇွန် 30, 2021

မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်မှ ယခုလက်ရှိ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော အာဏာသိမ်း ခြင်းကိစ္စ နှင့်ပတ်သက်၍ ရပ်တည်ချက် သဘောထားကို ဖေဖော်၀ါရီလ (၅)ရက်နေ့တွင် ထုတ်ပြန် ကြေငြာ လိုက်သည်။ နှစ်ခြင်း အသင်းချုပ်သည် လူမျိုးစုနှင့် ‌ဒေသန္တရ အဖွဲ့ချုပ်များ (၁၈)ပါး၊ တိုက်ရိုက် ဆက်သွယ် သော အသင်းတော် (၂)ပါး၊ အသင်းတော်ပေါင်း (၅၃၁၉)ပါး၊ ဓမ္မအမှုတော်ဆောင် (၁၂၆၉၈)ပါး၊ အသင်းသား (၁.၈)သန်းကျော် နှင့် လက်တွဲ ဆောင်ရွက်နေသော သာသနာ့ အဖွဲ့အစည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ် (MBC) ၏သဘောထား ရပ်တည်ချက်

၁။ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်သည် သမ္မာကျမ်းစာ၏ သွန်သင် ချက်များနှင့်အညီ ချစ်ခြင်း မေတ္တာ၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်း နှင့် လွတ်လပ် ခြင်းအတွက် အစဉ်အမြဲ ရပ်တည်သော ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်း ဖြစ်ပါသည်။
၂။ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်သည် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်း COVID 19 ကပ်ရောဂါဆိုး ရင်ဆိုင်နေရသောအချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် တပ်မတော်မှ အရေးပေါ်အခြေအနေ ကြေငြာပြီး၊ နိုင်ငံတော် အာဏာကို ရယူလိုက်ကြောင်း သိရသောအခါ ပြည်သူများနှင့်အတူ ထိတ်လန့် တုန်လှုပ် မှုများ၊ ဝမ်းနည်း စိတ်ပျက်ခြင်းများ၊ စိုးရိမ်ပူပန်မှုများ ထပ်တူထပ်မျှ ခံစားရပါသည်။
၃။ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်သည် သမ္မာကျမ်းစာကို အခြေခံ သည့်ဓမ္မသဘောတရားနှင့် ဆန့်ကျင် သော ဖိနှိပ်အုပ်ချုပ်မှုစနစ်ကို လုံး၀ လက်မခံပါ။
၄။ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်အနေဖြင့် နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ဖမ်းဆီးထိန်းသိမ်း ခံထားရသောသူ အားလုံးကို ခြွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးရန် အလေးအနက် တောင်းဆိုပါသည်။
၅။ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း၊ အမျိုးသားပြန်လည်သင့်မြတ်ခြင်း၊ အကြမ်း ဖက်မှုကင်းခြင်း၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထား၍၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖြစ်လာစေရန် များစွာမျှော်လင့်ပြီး၊ ဆုတောင်းမေတ္တာပို့သလျက်၊ မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် ၏ သဘောထား ရပ်တည်ချက်ကို ထုတ်ပြန်အပ်ပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်
Myanmar Baptist Convention

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်