ယုဒသန်နေ့လက်စွဲစာအုပ် ၂၀၂၁
ဇွန် 30, 2021
အထူး ဝမ်းနည်းကြေကွဲခြင်း
ဩဂုတ် 9, 2021

မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၏ COVID 19 ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုကော်မတီကို အသင်းချုပ် ဥက္ကဌများ၊ လူ‌ဒေ အဖွဲ့ချုပ် အတွင်းရေးမှူးများ၊ တိုက်ရိုက်ဆက်သွယ်သော အသင်းတော်(၂)ပါးမှ သင်းအုပ်ဆရာကြီးများ၊ အသင်းချုပ်အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေအတွင်‌‌‌ရေးမှူး၊ ဘဏ္ဍာထိန်း၊ အသင်းချုပ် ဌာနတာဝန်ခံများ၊ အထူးဖိတ်ကြားသော သိက္ခာတော်ရဆရာစောစမ်စန်၊ သိက္ခာတော်ရဒေါက်တာတင်ထွန်းဝင်း၊ သိက္ခာတော်ရဆရာမန်းစံသိန်းထွန်း(သဘာပတိ၊ နှစ်ခြင်းအသင်းချုပ် ဘပဌာန)၊ ဒေါက်တာရီအေးလှ (သဘာပတိ၊ အသင်းချုပ် ခရစ်ယာန်လူမှု ဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာန)တို့ ပါဝင်၍ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ဖွဲ့စည်းပါသည်။

နှစ်ခြင်းအသင်းသူအသင်းသားများကိုလည်း အောက်ပါအတိုင်း အသိပေး ပန်ကြားချက်နှင့် တိုက်တွန်းချက် ထုတ်ပြန်ခဲ့ပါသည်။

အသင်းသူအသင်းသားများသို့ အသိပေးပန်ကြားချက်
လူမျိုးစုနှင့် ဒေသန္တရအဖွဲ့ချုပ်များနှင့် တိုက်ရိုက် ဆက်သွယ်သော အသင်းတော်(၂)ပါး၊ သာသနာနယ်အသင်းတော်များအဖွဲ့ အားလုံး နှင့် နှစ်ခြင်းခရစ်ယာန်အသင်းတော်များ အားလုံးကို မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းချုပ် မှ ဘုရားသခင်၏ ငြိမ်သက်ခြင်း၊ အနာရောဂါ ကင်းဝေးခြင်း၊ ဘေးကင်းလုံခြုံခြင်းနှင့် ကျန်းမာရွှင်လန်းခြင်း ကောင်း ကြီး မင်္ဂလာ ဆုကျေးဇူး အဖြာဖြာသည် သင် နှင့် သင့်မိသားစု၊ သင့်အသင်းတော်၊ သင့်ပတ်ဝန်းကျင် နှင့် သင့်သာသနာလုပ်ငန်းအပေါ် ကျရောက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန် အသင်းချုပ်သည် လူမျိုးစုနှင့် ဒေသန္တရ အဖွဲ့ချုပ်များနှင့် တိုက်ရိုက် ဆက်သွယ်သောအသင်းတော်(၂)ပါး၊ သာသနာ နယ် အသင်းတော်များအဖွဲ့နှင့် နှစ်ခြင်း ခရစ်ယာန် အသင်းတော်များ သို့ အောက်ဖော်ပြပါ အသိပေးပန်ကြားချက် များကို ဖော်ပြအပ်ပါသည်။
(၁) မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်သည် COVID – 19 Disaster Management Central Committee (ကိုဗစ် 19 ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုကော်မတီ) ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် စတင် ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။ လူမျိုးစုနှင့်ဒေသန္တရအဖွဲ့ချုပ်များနှင့် တိုက်ရိုက် ဆက်သွယ်သောအသင်းတော် (၂)ပါး အနေဖြင့် အဖွဲ့ချုပ် အဆင့်၊ သာသနာနယ်အဆင့်၊ အသင်းတော်အဆင့်အထိ အဆင့်ဆင့်တွင် ကိုဗစ် 19 ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုကော်မတီကို မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန် အသင်းချုပ်မှ ရေးဆွဲထားသော Disaster Management Policyကို မှီငြမ်းလျက် ကော်မတီတစ်ရပ် ဆောလျင်စွာဖွဲ့စည်းကာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ(COVID-19) ကူးစက်ဖြစ်ပွားမှု၊ ကာကွယ် ထိန်းချုပ်ခြင်း လုပ်ငန်းများကို အတူတကွ ပူးပေါင်း ဆောင်ရွက်သွား ကြရန် နှိုးဆော်အပ် ပါသည်။
(၂) မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်သည် လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ(COVID-19)တတိယလှိုင်း ဖြစ်ပွားမှုအခြေအနေ မြင့်တက် လာသောကြောင့် လူမျိုးစုနှင့်ဒေသန္တရ အဖွဲ့ချုပ်များနှင့် တိုက်ရိုက်ဆက်သွယ်သောအသင်းတော် (၂)ပါး နှင့် သာသနာနယ်အသင်းတော်များအဖွဲ့များ အနေဖြင့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာန၏ထုတ်ဝေပေးလျက် ရှိသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ဖြစ်ပွားမှုကို ကြိုတင် ကာကွယ် ရေးလုပ်ငန်းများအတွက် လိုက်နာဆောင်ရွက်ရမည့် ကာကွယ်ထိန်းချုပ် ခြင်းဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ အသင်းသူ အသင်းသားများအား ထပ်ဆင့်နှိုးဆော်လျက် လိုက်နာကျင့်သုံးကြပါရန် နှိုးဆော်အပ်ပါသည်။
(၃) မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်သည် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ဖြစ်ပွားမှုကို ကာကွယ် ထိန်းသိမ်းနိုင်ရန် အသင်းတော် များသည် အသင်းတော် အတွင်း လူစုလူဝေးဖြင့် ပြုလုပ်လျက်ရှိသော ဝတ်ပြုခြင်းအစီအစဥ်များကို ယာယီရပ်နားထားပေးကြရန်၊ မိမိတို့ အသင်းသူ အသင်းသားများအတွက် လိုအပ်လျက်ရှိသော ကျန်းမာရေး စောင့်ရှောက်မှုနှင့် အစားအသောက်များ စုဆောင်း ထားရှိမှုများကို ပြင်ဆင် ထားရှိကြပါရန် နှိုးဆော်အပ်ပါသည်။
(၄) မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၏ ကိုဗစ်19ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုကော်မတီသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက် ဖြစ်ပွားမှု ကာကွယ် ထိန်းချုပ်ခြင်း လုပ်ငန်းများကို လူမျိုးစု နှင့် ဒေသန္တရအဖွဲ့ချုပ်များ နှင့် တိုက်ရိုက် ဆက်သွယ်သော အသင်းတော် (၂)ပါး၊ သာသနာနယ် အသင်းတော်များ အဖွဲ့ နှင့် နှစ်ခြင်း ခရစ်ယာန် အသင်းတော်များ အားလုံးတို့ အပြန်အလှန် သတင်း အချက်အလက်များ ပေးပို့ခြင်းနှင့်ချိတ်ဆက် ဆောင်ရွက်ခြင်း၊ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ (COVID-19) အတွက် လိုအပ်သော နည်းပညာ များကို ဝေမျှဖလှယ်ခြင်း၊ ကြိုတင်ပြင်ဆင်စုဆောင်းထားရမည့် ဆေးဝါးနှင့် အသုံး အဆောင်ပစ္စည်းများကို အသင်းတော် အချင်းချင်း တိုက်တွန်းနှိုးဆော်ခြင်း၊ ဆေးဝါး ကုသမှုများကို MBC’s Tele Consultant Team များထံသို့ ဆက်သွယ်မေးမြန်းခြင်း၊ မိမိတို့ တွင် ရှိသော အရင်းအမြစ် များ (ငွေကြေး၊ ပစ္စည်း) များကိုလည်း အချင်းချင်းပေးလှူခြင်း နှင့် ဆုတောင်းခြင်းများကို အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်သွားနိုင်ရန် နှိုးဆော်အပ်ပါသည်။
(၅) ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက် ဖြစ်ပွားမှု ကာကွယ် ထိန်းချုပ်ခြင်း လုပ်ငန်းများကို အမြန်ဆုံး အောင်မြင် ကျော်လွှားနိုင်ရန် လူမျိုးစုနှင့် ဒေသန္တရအဖွဲ့ချုပ်များ နှင့် တိုက်ရိုက် ဆက်သွယ်သော အသင်းတော်(၂)ပါး၊ သာသနာနယ်အသင်းတော်များအဖွဲ့ နှင့် နှစ်ခြင်း ခရစ်ယာန် အသင်းတော်များ အားလုံးတို့ သည် မိမိတို့နေထိုင်ရာ နေရာများတွင် ည(၈)နာရီ အချိန်၌ အတူတကွ အချိန်ယူပြီး ဆက်လက် ဆုတောင်းပေးကြရန်၊ ဖြစ်နိုင်ပါက အစာ ရှောင်ဆုတောင်းခြင်းနှင့် ကွင်းဆက်ဆုတောင်းခြင်းများကို လည်း ဆက်လက် ဆောင်ရွက်ကြပါရန် နှိုးဆော်ဖော်ပြ အပ်ပါသည်။
ဗဟိုကော်မတီမှနေ၍ အောက်ပါ လုပ်ငန်း ကော်မတီ (၅)ခုဖြင့်လည်း လုပ်ဆောင်လျက် ရှိပါသည်။
၁) Fund Raising and Management working committee
၂) Information and Communication Working Committee
၃) Health Working Committee
၄) Training and Education Working Committee
၅) Purchasing Working Committee
 
ဆေးဝါးများနှင့် အစားအစာများ ကိုလည်း လက်လှမ်းမီသ၍ ပို့ဆောင် ပေးလျက်ရှိပါသည်။
 
Covid 19 ကြောင့် ကျန်းမာရေး အခက်အခဲ ကြုံတွေ့ နေရသူများ အနေဖြင့် ကျန်းမာရေးနှင့်ပတ်သတ်၍ အောက်ဖော်ပြပါ Tele Consultant Team (MBC) ဆရာဝန်များထံသို့
တနလ်ာနေ့ မှ သောကြာနေ့၊ နံနက်( ၁၀း၀၀ နာရီ မှ ၁၂း၀၀ နာရီ )အတွင်း အောက်ပါ ဖုန်းများသို့ ဆက်သွယ်မေးမြန်း၊ တိုင်ပင်ဆွေးနွေး၊ အကြံဥာဏ် များ ရယူနိုင်ပါသည်။
၁။ 09 250 244 502
၂။ 09 790 417 282
၃။ 09 764 104 441

Covid 19 ဆုတောင်းအဖွဲ့သို့လည်း ဆုတောင်းချက်များ တင်ပြနိုင်ပြီး၊ အတူတကွလည်း ဆုတောင်း၍ ရပါသည်။ ဆုတောင်းအဖွဲ့၏ ရည်ရွယ်ချက်မှာ

၁။ မြန်မာပြည်နှင့်တကွ တစ်ကမ္ဘာလုံး COVID. 19 ကပ်ရောဂါရင်ဆိုင်နေရခြင်းအတွက်။
၂။ ရောဂါခံစားနေရသူများသည် လိုအပ်သော စိတ်၊ ဝိညာဉ်၊ ခွန်အားနှင့် ရောဂါကိုတွန်းလှန်ရင်ဆိုင်ကျော်လွှားရန်အတွက်။
၃။ ဘုန်းတော်ဝင်စားသွားသောမိသားစုဝင်များအတွက် ဝမ်းနည်းပူဆွေးနေသောကျန်ရစ်သူမိသားစုအား ဘုရားသခင်ထံမှ သူတို့၏စိတ်နှလုံး, ခန္ဓာနှင့် ဝိညာဉ်ကို နှစ်သိမ့်‌စေခြင်း၊ ငြိမ်သက်စေခြင်းဖြင့် စောင့်ရှောက်ပေးရန်အတွက်။
၄။ ဝေဒနာခံစားနေရသူများ လိုအပ်သောဆေးဝါး၊ ပစ္စည်း၊ စောင့်ရှောက်သူများအချိန်နှင့်တပြေးညီရရှိပြီး၊ ကုသမှု ခံယူရရှိနိုင်ရန်အတွက်။
၅။ ပြန်လည်ကောင်းမွန်လာသူများအတွက်ကျေးဇူးတော်ချီးမွမ်းရန်။
၆။ အသင်းသူ၊ အသင်းသားများ၊ ပြည်သူ ပြည်သားများ သတိ ဝိရိယရှိရှိနှင်မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရန်အတွက်။
၇။ ရင်ဆိုင်နေရသောအရာများအားလုံးတွင်ဝိညာဉ်တော်ဘုရားလမ်းပြမှု့ကိုတောင်းခံပြီးဘုရားသခင်၌ယုံကြည်ခြင်းခိုင်မြဲစွာဖြင့်ရင်ဆိုင်ကျော်လွှားနိုင်ရန် အတွက် ဖြစ်ပါသည်။
အရေးပေါ် ချိတ်ဆက် ကူညီရေး အဖွဲ့သို့လည်း လိုအပ်ပါက အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။
 
ပိုးသတ်ဆေးဖြန်းခြင်းများကိုလည်း နှစ်ခြင်းအသင်းချုပ်ဝင်းများတွင် ဆောင်ရွက်ခဲ့ပါသည်။
Oxygen Concentrator များကိုလည်း စည်းကမ်းများနှင့်အညီ ငှားရမ်းပေးပါသည်။

Comments are closed.