အထူး ဝမ်းနည်းကြေကွဲခြင်း
ဩဂုတ် 9, 2021
ကမ္ဘာ့ပွဲတော်နေ့ ၂၀၂၁
အောက်တိုဘာ 3, 2021

မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၏

COVID 19 ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုကော်မတီကို

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် MBC Disaster Management Policy အရ အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ပါသည်။

၁။ Rev. Dr. ရောဘတ်ပွန်း                                              သဘာပတိ

၂။ Rev. မန်းအောင်ဇော်မိုး                                                အတွင်းရေးမှူး

၃။ နှစ်ခြင်း အသင်းချုပ် ဥက္ကဌများ                                   အဖွဲ့ဝင်

၄။ လူ‌ဒေ အဖွဲ့ချုပ် အတွင်းရေးမှူးများ၊                            အဖွဲ့ဝင်

၅။ တိုက်ရိုက်ဆက်သွယ်သော အသင်းတော်(၂)ပါးမှ

သင်းအုပ်ဆရာကြီးများ၊                                            အဖွဲ့ဝင်

၆။ အသင်းချုပ်အထွေထွေအတွင်းရေးမှူး                    အဖွဲ့ဝင်

၇။ အသင်းချုပ်ဘဏ္ဍာထိန်း၊                                         အဖွဲ့ဝင်

၈။ အသင်းချုပ် ဌာနတာဝန်ခံများ၊                                အဖွဲ့ဝင်

၉။ သိက္ခာတော်ရဆရာစောစမ်စန်၊                                အဖွဲ့ဝင်

၁၀။ သိက္ခာတော်ရဒေါက်တာတင်ထွန်းဝင်း၊                 အဖွဲ့ဝင်

၁၁။ သိက္ခာတော်ရဆရာမန်းစံသိန်းထွန်း                     အဖွဲ့ဝင်

၁၂။ ဒေါက်တာရီအေးလှ                                             အဖွဲ့ဝင်

 

ဦးတည်ချက်

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်သည် လူမျိုးစုနှင့်ဒေသန္တရအဖွဲ့ချုပ်များ၊ တိုက်ရိုက် ဆက်သွယ်သော အသင်းတော် (၂)ပါး၊  သာသနာနယ်များနှင့် အသင်းတော်အဆင့်အထိ ကိုရိုနာဗိုင်းရပ်စ် ရောဂါ(COVID-19) ကူးစက်ဖြစ်ပွားမှု ကာကွယ် ထိန်းချုပ်ခြင်း လုပ်ငန်းများကို အတူတကွ ပူးပေါင်း ဆောင်ရွက်သွားကြရန်။

 

ရည်ရွယ်ချက်

၁။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက် ဖြစ်ပွားမှု ကာကွယ် ထိန်းချုပ်ခြင်း လုပ်ငန်းများကို လူမျိုးစု နှင့် ဒေသန္တရအဖွဲ့ချုပ်များ နှင့် တိုက်ရိုက် ဆက်သွယ်သော အသင်းတော် (၂)ပါး၊ သာသနာနယ် အသင်းတော်များ အဖွဲ့ နှင့် နှစ်ခြင်း ခရစ်ယာန် အသင်းတော်များ အားလုံးတို့ အပြန်အလှန် သတင်း အချက်အလက်များ ပေးပို့ခြင်းနှင့် ချိတ်ဆက်ခြင်းများ ဆောင်ရွက်ရန်၊

၂။ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ (COVID-19) အတွက် လိုအပ်သော နည်းပညာ များကို ဝေမျှဖလှယ်ရန်၊

၃။ ကြိုတင်ပြင်ဆင်စုဆောင်းထားရမည့် ဆေးဝါးနှင့် အသုံး အဆောင်ပစ္စည်းများကို အချင်းချင်း တိုက်တွန်း နှိုးဆော်ကြရန်၊

၄။ ဆေးဝါး ကုသမှုများကို MBC’s Tele Consultant Team များထံသို့ ဆက်သွယ်မေးမြန်းနိုင်ရန်၊

၅။ မိမိတို့ တွင် ရှိသော အရင်းအမြစ် များ (ငွေကြေး၊ ပစ္စည်း) များကိုလည်း အချင်းချင်းပေးလှူရန် နှင့်

၆။ ဆုတောင်းခြင်းများကို အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်သွားနိုင်ရန်။

 

နှုတ်ခွန်းဆက်စကား (Rev. Dr. ရောဘတ်ပွန်း၊ ဗဟိုကော်မတီသဘာပတိ)

လူမျိုးစုနှင့် ဒေသန္တရအဖွဲ့ချုပ်များနှင့် တိုက်ရိုက် ဆက်သွယ်သော အသင်းတော်(၂)ပါး၊ သာသနာနယ် အသင်းတော်များအဖွဲ့ အားလုံး နှင့် နှစ်ခြင်းခရစ်ယာန်အသင်းတော်များ အားလုံးကို မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းချုပ် မှ ဘုရားသခင်၏ ငြိမ်သက်ခြင်း၊ အနာရောဂါ ကင်းဝေးခြင်း၊ ဘေးကင်းလုံခြုံခြင်းနှင့် ကျန်းမာရွှင်လန်းခြင်း ကောင်း ကြီး မင်္ဂလာ ဆုကျေးဇူး အဖြာဖြာသည် သင် နှင့် သင့်မိသားစု၊ သင့်အသင်းတော်၊ သင့်ပတ်ဝန်းကျင် နှင့် သင့်သာသနာလုပ်ငန်းအပေါ် ကျရောက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ် ပါသည်။

ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက် ဖြစ်ပွားမှု ကာကွယ် ထိန်းချုပ်ခြင်း လုပ်ငန်းများကို အမြန်ဆုံး အောင်မြင် ကျော်လွှားနိုင်ရန်အတွက် ယုံကြည်သူများ အားလုံးတို့ သည် မိမိတို့နေထိုင်ရာ နေရာများတွင် ည(၈)နာရီ အချိန်၌ အတူတကွ အချိန်ယူပြီး ဆက်လက် ဆုတောင်းပေးကြရန်၊ ဖြစ်နိုင်ပါက အစာရှောင် ဆုတောင်းခြင်းနှင့် ကွင်းဆက်ဆုတောင်းခြင်းများကိုလည်း ဆက်လက် ဆောင်ရွက်ကြပါရန် နှိုးဆော် ဖော်ပြအပ်ပါသည်။

 

‌အောက်ပါ လုပ်ငန်း ကော်မတီ (၅)ခုဖြင့် လုပ်ဆောင်လျက် ရှိပါသည်။

၁) Fund Raising and Management working committee

၂) Information and Communication Working Committee

၃) Health Working Committee

၄) Training and Education Working Committee

၅) Purchasing Working Committee

 

အရေးပေါ် ချိတ်ဆက် ကူညီရေး အဖွဲ့သို့လည်း လိုအပ်ပါက အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။

ဆရာစောရစ်ချတ်

ဖုန်း – ၇၉၆၄၅၂၇၇၀

 

၁) ရန်ပုံငွေရှာဖွေရေးနှင့်စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ(Fund Raising and Management working committee)

လူဒေအဖွဲ့ချုပ်များမှလည်းကောင်း၊ မိတ်ဖက်အဖွဲ့အစည်းအသီးသီးမှလည်းကောင်း၊ အသင်းတော် အသီးသီးမှလည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း ပေးလှူမှုများဖြင့် လုပ်ဆောင်လျက် ရှိပါသည်။

 

၂) သတင်းအချက်အလက်နှင့်ဆက်သွယ်‌ရေးလုပ်ငန်းကော်မတီ

(Information and Communication Working Committee)

– လူဒေအဖွဲ့ချုပ်အသီးသီးမှ သတင်းအချက်အလက်များကို ရယူစုဆောင်းနိုင်ရန်နှင့် လိုအပ်သည်များကို တတ်နိုင်သမျှ ကူညီပံ့ပိုးပေးနိုင်ရန်အတွက် GOOGLE FORM (COVID 19 INFORMATION) ဖြင့် လုပ်ဆောင်ခြင်း၊

– လူ‌ဒေအဖွဲ့ချုပ်များနှင့် လုပ်ငန်းကော်မတီအသီးသီးမှ COVID 19 နှင့်ပတ်သက်သော လုပ်ဆောင်ချက်များကို “MBC ကိုဗစ် ၁၉ UPDATE INFORMATION” FACE BOOK PAGE အသစ်ဖွင့်လှစ်၍လည်းကောင်း၊ နှစ်ခြင်း အသင်းချုပ်၏ FACE BOOK စာမျက်နှာများတွင်လည်းကောင်း လွှင့်တင်ပေးခြင်း၊

– Training and Education Working Committee မှ ပြုလုပ်သောသင်တန်းများကို ကြေငြာပေးခြင်း၊

– “ယနေ့ဝိညာဥ်အာဟာရ”ခေါင်းစဥ်ဖြင့် ဓမ္မအမှုတော်ဆောင်များ၏ အနာဂတ်အတွက် နှုတ်ကပတ်တော် မြတ်ဖြင့် ခွန်အားယူချက် ၃-၅ မိနစ်စာဗီဒီယိုများ လွှင့်ပေးခြင်း။

တို့ကိုလုပ်ဆောင်လျက် ရှိပါသည်။

 

၃) ကျန်းမာရေးလုပ်ငန်းကော်မတီ ( Health Working Committee)

–      Tele Consultant Team (MBC) ဆရာဝန်များထံသို့ တနလ်ာနေ့ မှ သောကြာနေ့၊ နံနက် ( ၁၀း၀၀-၁၂း၀၀) နာရီအတွင်း အောက်ပါ ဖုန်းများသို့ ဆက်သွယ်မေးမြန်း၊ တိုင်ပင်ဆွေးနွေး၊ အကြံဥာဏ်များ ရယူနိုင်ရန်လုပ်ဆောင်ခြင်း၊

၁။ 09 250 244 502

၂။ 09 790 417 282

၃။ 09 764 104 441

  • နှစ်ခြင်းအသင်းချုပ်ဝင်းများတွင် ပိုးသတ်ဆေးဖြန်းခြင်း၊
  • Oxygen Concentrator များကိုလည်း စည်းကမ်းများနှင့်အညီ ငှားရမ်းပေးခြင်း၊
  • ကိုဗစ်၁၉​ရောဂါအတွက် ဆေးဝါးများနှင့်အာဟာရကို လိုရင်ယူ ပိုလျှင်ယူအစီအစဥ်ဖြင့် ဖြန့်ဝေခြင်း၊
  • လူဒေအဖွဲ့ချုပ်များသို့ အောက်စီဂျင်အိုးများနှင့်စက်များ၊ ကိုဗစ်၁၉ အတွက် ဆေးဝါးများကို ဝေမျှခြင်း၊
  • အသင်းချုပ် လူနာတင်ယာဥ်ကို ဆရာစောရစ်ချတ်၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခြင်း၊
  • Oxygen Plant တည်ဆောက်ရန် စီစဥ်ဆောင်ရွက်ခြင်း
  • ဆုတောင်းအဖွဲ့အနေဖြင့် အားလုံးပါဝင်နိုင်ဖို့ရန်အတွက် Prayer Network Group ဖြင့်
  • နေ့စဥ်ည(၈း၀၀)နာရီတွင် တစ်ဦးချင်းဆုတောင်းခြင်း
  • တနင်္လာနေ့ ညနေ(၆း၀၀)နာရီတွင် (Zoom)ဖြင့် အပတ်စဥ်ဆုတောင်းခြင်း             –
  • လစဥ်အစာရှောင်ဆုတောင်းခြင်း

တို့ကို လုပ်ဆောင်လျက် ရှိပါသည်။

 

၄) သင်တန်းနှင့်ပညာပေးရေးဆိုင်ရာလုပ်ငန်းကော်မတီ(Training and Education Working Committee)

 

၅) Fund Raising and Management working Committee

အလှူငွေများ ပေးပို့လိုပါက

Rev. Dr. ရောဘတ်ပွန်း (ဖုန်း – 09 252 652 500)

ဆရာမနန်းသူဇာမွန် (ဖုန်း – 09 425 390 534)

Rev. မန်းအောင်ဇော်မိုး (ဖုန်း – 09 509 6016)

 

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်