မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်ရုံးဝန်ထမ်းများ ဆုတောင်းခြင်းအစီအစဥ် (MBC Prayer Day)
မေ 29, 2023
မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ် (၁၈၅)ကြိမ်မြောက်အမှုဆောင်အဖွဲ့အစည်းအဝေး
ဇွန် 15, 2023

မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းချုပ် ရုံးဝန်ထမ်းများတွေ့ဆုံခြင်းအစီအစဥ်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက် တနင်္လာနေ့နံနက် (၁၀း၀၀)နာရီတွင် ပြုလုပ်ခဲ့ရာ၊ အခမ်းအနားမှူးအဖြစ် Rev. Dr. စောစိုင်းရပ်စ်စိန်၊ အဖွင့်ဆက်ကပ် ဆုတောင်းခြင်းကို ဆရာမနန့်ဘက်ဒီထူး၊ နှစ်ခြင်းအသင်းချုပ် ဦးဆောင်သူများဖြစ်သော ဒုဥက္ကဌ Rev. စောစမ်စန်၊ Rev. Dr. အေးနွယ်၊ အထွေထွေအတွင်းရေးမှူး Rev. Dr. ထန်ကျင့် လျန်း၊ ဘဏ္ဍာထိန်း ဆရာမ နန်းသူဇာမွန် နှင့် ခေါင်းဆောင် မြှင့်တင်ရေး အစီအစဥ်ဌာန တာဝန်ခံ Rev. အိုက်နပ်တောင်း တို့က သာသနာ့ဝန်ထမ်း တစ်ဦးတွင် ရှိသင့်သည့် စိတ်နေ သဘောထားများ၊ ခံယူချက်များ၊ ဝိညာဥ်ရေးရာ ခွန်အားပေးမှုများ အပြင် နှစ်ခြင်း အသင်းချုပ် ရုံးလက်စွဲစာအုပ်မှ ရုံးလုပ်ငန်းဆိုင်ရာ သိသင့်သိထိုက်သော အကြောင်းအရာများ၊ စည်းကမ်း များကို တိုက်တွန်း ဝေငှခဲ့ပါသည်။ Rev. Dr. စောအယ်သောမှ အထူးဆက်ကပ်ဆု‌တောင်းပေးပြီး၊ နေ့လည်စာဖြင့် တည်ခင်းလျက် အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ခြင်းဖြင့် အစီအစဥ်ကို ရုပ်သိမ်းခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်