မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ အုပ်ချုပ်စီမံရေးအဖွဲ့အစည်းအဝေး (၂၀၂၂ ခုနှစ်)
ဖေ‌ဖော်ဝါရီ 7, 2023
နှစ်ခြင်းခရစ်ယာန်အသင်းချုပ် ရုံးဝန်ထမ်းများတွေ့ဆုံခြင်း
မေ 29, 2023

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်ရုံးတွင် နှစ်စဥ် ပြုလုပ်နေကျဖြစ်သော နှစ်ခြင်းအသင်းချုပ် ဆုတောင်းခြင်း အစီအစဥ်ကို ယခု ၂၀၂၃ ခုနှစ်တွင်လည်း ဇန်န၀ါရီလ(၃၀)ရက်၊ တနင်္လာနေ့၊ နံနက် (၉း၀၀)နာရီမှ (၁၂း၀၀) နာရီအထိ နှစ်ခြင်းအသင်းချုပ် ကူရှင်ခန်းမ၌ ပြုလုပ်ခဲ့ရာ နှစ်ခြင်းအသင်းချုပ် အရာရှိများ၊ ဌာနတာ၀န်ခံများနှင့် ၀န်ထမ်းများ တက်ရောက်ပါ၀င်ခဲ့ပါသည်။  ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များမှာ

၁။ ဘုရားသခင်၏အလိုတော်နှင့်ညီသော နှစ်ခြင်းအသင်းချုပ်ဖြစ်စေရန်နှင့် ဘုရားသခင်၏ဘုန်းတော်ထင်ရှား စေရန်။

၂။  နှစ်ခြင်းအသင်းချုပ်သည် ဘုရားသခင်၏ လမ်းပြမှုအတိုင်း အကြွင်းမဲ့ ခံယူပြီး၊ တစ်လုံးတစ်ဝတည်း ဆက်ကပ် လုပ်ဆောင်သွားရန်။

၃။ နှစ်ခြင်းအသင်းချုပ်ဝန်ထမ်းများ ဝိညာဥ်ရေးရာ တိုးပွားရင့်ကျက်လျက် တစ်ဦးချင်းစီ ပိုမို ဆက်ကပ် အစေခံသော ကိုယ်ကျိုးစွန့်ဝန်ထမ်းဖြစ်စေရန်တို့ဖြစ်ပါသည်။

အစီအစဥ်ကို ချီးမွမ်း သီချင်းများဖြင့် စတင်ခဲ့ပြီး ဆရာစောစိုင်းလတ်မဟူရာ၀ါးနှင့်အဖွဲ့က ဦးဆောင် ခဲ့ပါသည်။ အစီအစဥ်မှူးအဖြစ် ဧဝံဂေလိနှင့်သာသနာပြုရေးဌာန လက်ထောက်တာဝန်ခံ ဆရာစောဒယ်နီရယ်က ဆောင်ရွက်ခဲ့ပြီး၊ မြန်မာနိုင်ငံ သမ္မာကျမ်းစာအသင်းမှ ဘာသာပြန်ဆိုရေး အတွင်းရေးမှူး Rev. နန့်အေးအေးချစ်က သမ္မာကျမ်းစာ သင်ကြားပေးပါသည်။

ဆက်လက်ပြီး တက်ရောက်ပါဝင်သူများအားလုံး အဖွဲ့ခွဲ၍ဆုတောင်းကြပါသည်။ ဆုတောင်းချက်များမှာ

၁။ မြန်မာနိုင်ငံတော်ကြီးအတွက်၊ ကိုဗစ်ရောဂါကင်းစင်ရေးအတွက်

၂။ စစ်ဘေးရှောင်များ၊ မတရားဖမ်းဆီး ညှဥ်းဆဲခြင်းခံရသူများ၊ စားဝတ်နေရေး ခက်ခဲသူများ၊ ကိုယ်စိတ် မကျန်းမာ သူများအတွက်

၃။ နှစ်ခြင်းအသင်းချုပ်၏ ဦးစားပေးလုပ်ငန်းများအတွက်

၄။ နှစ်ခြင်းအသင်းချုပ်၊ အဖွဲ့ချုပ်များ၊ နယ်အသင်းတော်များအဖွဲ့များနှင့် အသင်းတော်များ အားလုံးအတွက်

၅။ အမှုတော်ဆောင်များ၊ သာသနာ့ဝန်ထမ်းများနှင့် ယုံကြည်သူများသည် ယုံကြည်ခြင်း၌ ရဲရင့်တည်ကြည်ခိုင်ခံ့ရန်နှင့် ဘုရားသခင်၏အလိုတော်ကို ပြီးပြည့်စုံစေသောအသက်တာရရှိရန်အတွက် ဖြစ်ပါသည်။

ထို့နောက် ဆက်ကပ်ဝတ်ပြုခြင်းအစီအစဥ်ကို ဆက်လက်ပြုလုပ်ရာ သဘာပတိအဖြစ် ရုံးအဖွဲ့မှူးအသစ် ဆရာ စောယွာဆိုဂေးမူး၊ အထူးဆက်ကပ် ဆုတောင်းခြင်းကို Rev. ဘရန်ဆိုင်း၊ ဒေသနာ ဝေငှခြင်းကို ဆရာမ နော်ဖောဝါး၊ တစ်ပင်တိုင်ချီးမွမ်းခြင်းကို Rev. ရိုးဆန်း၊ အလှူတော်ငွေဆက်ကပ်ခြင်းကို ဆရာစောစေးလယ်ဖော၊ ကောင်းးချီးပေးခြင်း ကို Rev. Dr. စောအယ်သောတို့က ဦးဆောင်ပေးလျက် အစီအစဥ်ကို ရုပ်သိမ်းခဲ့ပါသည်။

  

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်