Warning: Cannot modify header information - headers already sent by (output started at /home/mbc1813/public_html/index.php:28) in /home/mbc1813/public_html/wp-includes/feed-rss2.php on line 8
MBC https://mbc-1813.org Myanmar Baptist Convention Thu, 04 Apr 2024 13:25:24 +0000 my-MM hourly 1 https://wordpress.org/?v=4.9.25 နှစ်ခြင်းအသင်းချုပ်ရုံး ဆုတောင်းရာနေ့အစီအစဥ် https://mbc-1813.org/2024/01/30/%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%9e%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%af%e1%80%b6/ https://mbc-1813.org/2024/01/30/%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%9e%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%af%e1%80%b6/#respond Tue, 30 Jan 2024 10:10:28 +0000 http://mbc-1813.org/?p=3403 […]]]> ၂၀၂၄ ခုနှစ်၊ ဇန်န၀ါရီလ (၂၉)ရက်၊ တနင်္လာနေ့ နံနက် (၉း၀၀-၁၂း၀၀ )နာရီ အထိ နှစ်ခြင်း အသင်းချုပ် အောက်မေ့ဖွယ် ခန်းမတွင် ကျင်းပခဲ့ရာ၊ နှစ်ခြင်း အသင်းချုပ် ဘဏ္ဍာထိန်း ဆရာ မနန်းသူဇာမွန်၊ ဌာန ဝာာ၀န်ခံများ နှင့် ဝန်ထမ်းများ ပါဝင် တက်ရောက်ခဲ့ပါသည်။ အစီအစဥ်ကို ချီးမွမ်းခြင်းဖြင့် စတင်ခဲ့ရာ၊ ဆရာ စရှမွေလနှင့် အဖွဲ့က လည်းကောင်း၊ အစီအစဥ်မှူးအဖြစ် ဧသဌာန တာ၀န်ခံ Rev. ရိုဆန်း၊ သမ္မာကျမ်းစာ သင်ကြားခြင်းကို ဟေရှာယ အနာဂတ္တိကျမ်း အခန်းကြီး ၅၈ ကို ကိုးကား၍ “ အလိုတော်ရှိသော အစာရှောင်ဆုတောင်းခြင်း” ခေါင်းစဥ်ဖြင့် မြန်မာနိုင်ငံ ခရစ်ယာန် ဓမ္မ တက္ကသိုလ် ဒုတိယ ကျောင်းအုပ်ကြီး (အနားယူ) ဆရာမကြီး ဒေါ်ကြည်ကြည်ဒင်၊ အပြစ် ဝန်ချခြင်း နှင့် အထူးသဖြင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်းကို သီသြလော်ဂျီ ပညာဌာန တာဝန်ခံ Rev. Dr. စောစိုင်းရပ်စ်စိန်၊ တွဲဖက် တာဝန်ခံ Rev. ဂျွန်ဆင်နှင့် စာပေနှင့် ပုံနှိပ် ထုတ်ဝေရေး ဌာန တာဝန်ခံ ဆရာစောအယ်ဒီမူးတို့က လည်းကောင်း၊ ဆက်ကပ် ဝတ်ပြုခြင်း အစီအစဥ်တွင် သဘာပတိ အဖြစ် Rev. ဘရန်ဆိုင်း၊ ဒေသနာ ဝေငှခြင်းကို ယုဒသန် တက္ကသိုလ် ဖြစ်မြောက်ရေး ကော်မတီ အတွင်း ရေးမှူး ဆရာမ နော်လားဖော၊ ဆုတောင်းခြင်းကို ခရစ်ယာန် ဓမ္မပညာဌာနမှ ဆရာမ အားမိသဲ၊ ဂုဏ်တော် ချီးမွမ်းခြင်းကို ပစ္စည်းထိန်း ဝာာဝန်ခံ ဆရာ စောစေးလယ်ဖော၊ ကျေးဇူးတင် စကား ပြောကြားခြင်း၊ အစား အသောက် အတွက် ကျေးဇူးတော် ချီးမွမ်း ဆက်ကပ်ခြင်း နှင့် ကောင်းချီး ပေးခြင်းကို Rev. အိုက်နပ်တောင်းတို့က လည်းကောင်း ဦးဆောင်ခဲ့ပါသည်။

အစီအစဥ် အပြီးတွင် တွဲဖက် အထွေထွေ အတွင်းရေးမှူး နှင့် ဇနီး ဆရာမ ဆိုင်းရာ မိသားစုမှ ဖခင်ကြီးအား အောက်မေ့ သတိရခြင်း နှင့် အဝေးရောက် ညီအမများ ကျေးဇူးတော် ချီးမွမ်းခြင်းအဖြစ် တက်ရောက်လာသူ အားလုံး တို့အား နေ့လည်စာကို ဧည့်ခံ ကျွေးမွေးခဲ့ပါသည်။

]]>
https://mbc-1813.org/2024/01/30/%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%9e%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%af%e1%80%b6/feed/ 0
အုပ်ချုပ်စီမံရေးအဖွဲ့အစည်းအဝေး(၂၀၂၃)ခုနှစ် https://mbc-1813.org/2024/01/18/%e1%80%a1%e1%80%af%e1%80%95%e1%80%ba%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba%e1%80%85%e1%80%ae%e1%80%99%e1%80%b6%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%96%e1%80%bd%e1%80%b2%e1%80%b7%e1%80%a1/ https://mbc-1813.org/2024/01/18/%e1%80%a1%e1%80%af%e1%80%95%e1%80%ba%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba%e1%80%85%e1%80%ae%e1%80%99%e1%80%b6%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%96%e1%80%bd%e1%80%b2%e1%80%b7%e1%80%a1/#respond Thu, 18 Jan 2024 06:37:04 +0000 http://mbc-1813.org/?p=3376 […]]]> ၂၀၂၄ ခုနှစ်၊ ဇန်န၀ါရီလ (၁၀-၁၁)ရက်များတွင် Zoom Application ဖြင့် နေ့စဥ် နံနက် (၉း၀၀)နာရီမှ ညနေ (၄း၀၀) နာရီအထိ ကျင်းပခဲ့ရာ၊ သဘာပတိအဖြစ် နှစ်ခြင်းအသင်းချုပ် ဥက္ကဌများက အလှည့်ကျ ဦးဆောင်ခဲ့ကြပါ သည်။ လူမျိုးစုနှင့် ဒေသန္တရအဖွဲ့ချုပ်(၁၈)ဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်သော အသင်းတော်နှစ်ပါးမှ ကိုယ်စားလှယ်တော်များ စုံညီစွာ တက်ရောက် ပါဝင်ခဲ့ကြပါသည်။

အစည်းအဝေးကို ဒုတိယဥက္ကဌ Rev. စောစမ်စန် ဆက်ကပ် ဆုတောင်းခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး၊  နံနက် ၀တ်ပြုခြင်း အစီအစဥ်တွင် သဘာပတိ လူငယ်ဌာန တာ၀န်ခံ ဆရာဝင်းထွဋ်သာကြည်၊ ဒေသနာကို ဧသဌာန သဘာပတိ Rev. ကျင်ရှင်းပေါင်၊ အထူးဆုတောင်းခြင်းနှင့် ကောင်းချီးပေးခြင်းကို ဓမ္မအမှုတော်ဆောင်များ ဌာန တာဝန်ခံ Rev. Dr.စောအယ်သောတို့က ဦးဆောင်ခဲ့ကြပါသည်။

မှတ်တမ်းရေးမှူးများအဖြစ် CSSDD တာဝန်ခံ Rev. Dr. မန်ခန့်ဆုမ်းနှင့် ဧသဌာနတာ၀န်ခံ Rev. ရိုဆန်း တို့ကို ရွေးချယ်ခဲ့ကြပါသည်။ အစည်းအဝေး ပထမနေ့ အစီအစဥ်ကို သဘာပတိအဖြစ် နှစ်ခြင်းအသင်း ချုပ် ဥက္ကဌ Rev. Dr.စောဆမ်ဆန်က ဦးဆောင်လျက် ဆုတောင်းခြင်းဖြင့် စတင်ခဲ့ပြီး၊ အမှာစကား ပြောကြား ရာတွင်  မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် အုပ်ချုပ်စီမံရေး အဖွဲ့အစည်းအဝေး (၂၀၂၃)ခုနှစ် သို့ တက် ရောက် ပါဝင်လာသော လူမျိုးစုနှင့် ဒေသန္တရအဖွဲ့ချုပ် (၁၈)ဖွဲ့နှင့် တိုက်ရိုက်ဆက်သော အသင်းတော်(၂)ပါးမှ ကိုယ်စားလှယ်တော်ကြီးများ၊ အသင်းချုပ် အရာရှိများ၊ ဌာနတာ၀န်ခံများနှင့် သဘာပတိများ၊ လုပ်ဖော်ဆောင် ဖက်များအားလုံးကို ဘုရားသခင် ထံတော်ပါးမှ ကောင်းချီးမင်္ဂလာများ ခံစားရရှိပါစေဟု ဆုတောင်းပေးလျက် ဝမ်းမြောက်ဝမ်းသာစွာ နှုတ်ခွန်း ဆက်ပါ ကြောင်း၊

ယနေ့ထိတိုင်အောင် နှစ်ခြင်း သာသနာကိုလမ်းပြပို့ဆောင်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း ပါကြောင်း၊ နှစ်ခြင်းအသင်းချုပ်၏  ၂၀၂၃ ခုနှစ် သာသနာလုပ်ငန်းများ၏ အရေးကြီးသည့်ကဏ္ဍများကို တာဝန်ယူ ဆောင်ရွက်ခဲ့ကြသော ဥက္ကဌ အဖွဲ့၀င်များ၊ အလုပ် အမှုဆောင် အဖွဲ့၀င်များ၊ လူမျိုးစုနှင့် ဒေသန္တရ အဖွဲ့ချုပ်များ၏ အထွေထွေ အတွင်းရေးမှူးများ၊ ကိုယ်စားလှယ် ခေါင်း‌ဆောင်များ၊ အသင်းချုပ် အရာရှိများ၊ ဌာနသဘာပတိများနှင့် တာ၀န်ခံများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊

၂၀၂၃ ခုနှစ်၏ အနေအထားကို ပြန်ကြည့်မည်ဆိုလျှင်  နိုင်ငံတကာ၌ သေကြေမှုများ၊ ပျက်စီးမှုများ၊ ဆုံးရှုံးမှုများ၊ ကြောက်ရွံ့မှုများ၊ စိုးရိမ်မှုများ၊ ပဋိပက္ခများကို ကြားနေရ၊ မြင်နေရပါကြောင်း၊ ထိုအရာများသည် စိတ်မချမ်းသာစရာ ဖြစ်ကြောင်း၊ ထို့ကြောင့် ယုံကြည်သူများ၊ အသင်းတော်များမှာ ပင်ပန်းပြီး စိတ်မချမ်းမြေ့စရာ ဝန်များနှင့် စိတ်ဖိစီးနေကြကြောင်း၊

သည်လိုအချိန်တွင် သခင်ယေရှုခရစ်တော်၏  နှုတ်ကပတ်တော် သမ္မာတရားဖြစ်သည့် ”ဝန်လေး၍ ပင်ပန်း သောသူ အပေါင်းတို့ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်”ဆိုသည့် အတိုင်း၊ ဤကျမ်းချက်သည် ကျွန်တော်တို့ကို ခွန်အားဖြစ်စေသကဲ့သို့၊ အမှုတော်လုပ်ငန်းမှာလည်း ဝမ်း‌မြောက်ဝမ်းသာစွာ ကျေးဇူးတော်ချီးမွမ်းရင်း  ဆက်လက်လုပ်ဆောင်နိုင်ဖို့ ခွန်အားဖြစ်ပြီး၊ ဆက်လက် အမှုတော်ထမ်းဆောင်နိုင်တဲ့အတွက်လည်း ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းပါကြောင်း၊

အမှုတော်လုပ်ငန်း လုပ်ဆောင်ကြသည့်အခါ နှစ်ခြင်းအသင်းချုပ်နဲ့ အတူတကွ  ပါဝင်ကြသည့် အဖွဲ့ အစည်း များသော်လည်းကောင်း၊  တစ်ဦးချင်းသော်လည်းကောင်း၊ အချိန်ပေးပြီး ဆက်ကပ်ကြသော အမှုတော်ဆောင်များ၊ ယုံကြည်သူများ၊ ဆုတောင်းပေးသူများ အားလုံး ရှေ့ဆက်ပြီး သာသနာအတွက် လုပ်ဆောင်ကြရမှာ ဖြစ်ပါကြောင်း၊

အသင်းချုပ်၏ ၂၀၂၄ ခုနှစ်အတွက် အဓိကအချက်မှာ “တည်ကြည် ခိုင်ခံ့သော အသင်းတော်”ဖြစ်ပါ၍ မုန်တိုင်းနှင့် လေလှိုင်းများ ပြင်းထန်နေသော်လည်း၊ ယုံကြည်ခြင်း ခိုင်မာစွာဖြင့် အမှုတော်လုပ်ငန်း လုပ်ဆောင် ကြသည့် အခါ ရှေ့ဆက်ပြီး တစ်ဦးစီတိုင်းဟာ သာသနာတော် အမှုတော်လုပ်ငန်းမှာ၊ မိမိရှိတဲ့နေရာ၊ ကဏ္ဍအသီးသီး မှာ အမှုတော်မြတ်အတွက် ပါဝင်ကြပါစို့ဟု ဆန္ဒပြုရင်း နိဂုံးချုပ်ပါကြောင်း ပြောကြားသွားပါသည်။

အစည်းအဝေးကို ဆက်လက်ပြုလုပ်ရာ ဦးစွာ ယခင်အစည်းအဝေး မှတ်တမ်း (၂၀၂၂ခုနှစ်)ကို အတည်ပြု လက်ခံကြပါသည်။  ဆက်လက်၍ နှစ်ခြင်းအသင်းချုပ် အထွေထွေအတွင်းရေးမှူး Rev. Dr. ထန်ကျင့်လျန်းမှ အထွေထွေအတွင်းရေးမှူး၏ အစီရင်ခံစာနှင့် စုစည်းအစီရင်ခံစာကို တင်ပြခဲ့ပါသည်။ နှစ်ခြင်းအသင်းချုပ် ဘဏ္ဍာထိန်း ဆရာမ နန်းသူဇာမွန်မှလည်း ဘဏ္ဍာနှင့်ပစ္စည်းအစီရင်ခံစာကို တင်ပြခဲ့ပါသည်။ လူမျိုးစုနှင့်ဒေသန္တရ အဖွဲ့ချုပ်များ နှင့် တိုက်ရိုက်ဆက်သွယ်သော အသင်းတော် (၂)ပါး မှလည်း အစီရင်ခံစာများကို ဖတ်ကြားတင်ပြခဲ့ပါသည်။

ဒုတိယနေ့ အစီအစဥ်တွင် နံနက်ဝတ်ပြုခြင်းကို သဘာပတိ ခရစ်ယာန် ဆက်သွယ်ရေးဌာန တာဝန်ခံ ဆရာမ မေနှင်းဆီ၊ ဒေသနာကို မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းတော်များ အဖွဲ့ချုပ် MBCU အထွေထွေ အတွင်းရေးမှူး Rev. စောထူးအယ်၊ အထူးဆုတောင်းခြင်း နှင့် ကောင်းချီးပေးခြင်းကို Rev. အိုက်နပ်တောင်းတို့က ဦးဆောင်ခဲ့ပါသည်။ ဆက်လက်ပြီး ကျန်ရှိသော လူမျိုးစုနှင့်ဒေသန္တရအဖွဲ့ချုပ်များနှင့် တိုက်ရိုက်ဆက်သွယ်သော အသင်းတော်(၂)ပါးမှ အစီရင်ခံစာများကို ဖတ်ကြားတင်ပြခဲ့ပါသည်။ ထို့နောက် အလုပ်အမှုဆောင်အဖွဲ့မှ တင်ပြသော ထောက်ခံတင်ပြချက် များကို ကြားနာလျက် သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။

သဘောတူလက်ခံဆုံးဖြတ်ချက်များအရ လူငယ်ဌာနမှ သက်တမ်းပြည့်အနားယူမည့် တာဝန်ခံ ရာထူးနေရာ တွင်   ဆရာမဧပရယ်‌နွေး၊ လစ်လပ်လျက်ရှိသော ခရစ်ယာန် ဓမ္မပညာဌာန လက်ထောက်တာ၀န်ခံ နေရာတွင် ဆရာမနိန်လွန်းဒိမ်တို့ကို ခန့်အပ်ခဲ့ပါသည်။ အလုပ်အမှုဆောင်အဖွဲ့မှ ခန့်အပ်ထားသော ပုံနှိပ်တိုက် မန်နေဂျာရာထူး တွင် ဆရာစရှမွေလ၊ မေတ္တာတမန် အယ်ဒီတာနေရာတွင် ဆရာမနော်လိုစေး၊ ယုဒသန်တက္ကသိုလ် ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူးအဖြစ် ဆရာမနော်လားဖောတို့ကိုလည်း မိတ်ဆက်ပေးပါသည်။ အမျိုးသားဌာန တာဝန်ခံ တတိယ သက်တမ်းအဖြစ် Rev. ဘရန်ဆိုင်း၊ ဒုတိယအကြိမ် သက်တမ်း အဖြစ် ခရစ်ယာန် ဆက်သွယ်ရေးဌာန တာဝန်ခံ ဆရာမ မေနှင်းဆီ နှင့် ခေါင်းဆောင်မြှင့်တင်ရေးအစီအစဥ်ဌာန တွဲဖက် တာဝန်ခံ ဆရာမ ရုသတို့ကိုလည်း ပြန်လည်ခန့်အပ် ခဲ့ပါသည်။

သက်တမ်းပြည့်အနားယူသွားသော လူငယ်ဌာနတာ၀န်ခံ ဆရာ၀င်းထွဋ်သာကြည်၊ ပုံနှိပ်တိုက် မန်နေဂျာ ဆရာစောတင်ထွန်းနှင့် မေတ္တာတမန် မဂ္ဂဇင်း အယ်ဒီတာ ဆရာမ မိုင်သင်းသင်းစိုး တို့ကိုလည်း  ဒုတိယ ဥက္ကဌ Rev. စောစမ်စန်က ဂုဏ်ပြုစကား ပြောကြားခြင်း၊ ဥက္ကဌကြီး Rev. Dr. စောဆမ်ဆန်၊ အထွေထွေ အတွင်းရေးမှူး Rev. Dr. ထန်ကျင့်လျန်း နှင့် ဘဏ္ဍာထိန်း ဆရာမနန်းသူဇာမွန်တို့က ဂုဏ်ပြု လက်ဆောင်ပေးခြင်းနှင့် ဒုတိယ ဥက္ကဌ Rev. Dr. အေးနွယ်က ဆက်ကပ်ဆုတောင်းပေးခြင်းတို့ဖြင့် ဂုဏ်ပြုခဲ့ပါသည်။

လူမျိုးစုနှင့် ဒေသန္တရအဖွဲ့ချုပ်များ၏ အစည်းအဝေးများသို့ အသင်းချုပ် ကိုယ်စားလှယ်များ စေလွှတ်ရန် ကိစ္စတွင် အဖွဲ့ချုပ်များမှ ဖိတ်ကြားသော ဆရာ၊ ဆရာမများကို စေလွှတ်ရန်လည်း ညှိနှိုင်း လုပ်ဆောင်ခဲ့ပါသည်။  နာဂနှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၏ လဟယ်နယ်နှင့် ရှင်ဗွေယန်နယ်တို့ကို နယ်အသင်းတော်များအဖွဲ့သို့ အဆင့် တိုး မြှင့်ခြင်းကိုလည်း အားလုံးလက်ခံသဘောတူအတည်ပြုလျက်၊ ၂၀၂၅ ခုနှစ်တွင် ကျရောက်မည်ဖြစ်သော (၁၂၅) ကြိမ်‌ မြောက် သင်းလုံးကျွတ်အစည်းအဝေးသို့  ဆက်လက် ထောက်ခံ တင်ပြသွားရန် အားလုံး သဘောတူဆုံးဖြတ်ကြ ပါသည်။

နောက်တစ်ကြိမ် အစည်းအဝေးဖြစ်သော နှစ်ခြင်းအသင်းချုပ်၊ အုပ်ချုပ်စီမံရေး အဖွဲ့အစည်းအဝေး (၂၀၂၄ ခုနှစ်) နှင့် (၁၂၅)ကြိမ်‌မြောက် သင်းလုံးကျွတ် အစည်းအဝေးကို အိမ်ရှင်အဖြစ် ကရင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ တာဝန်ယူမည်ဖြစ်ပြီး၊ ရန်ကုန် အလုံ Franc Hall တွင် ပြုလုပ်မည် ဖြစ်ပါသည်။

“အမိမြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ။”

    

 

]]>
https://mbc-1813.org/2024/01/18/%e1%80%a1%e1%80%af%e1%80%95%e1%80%ba%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba%e1%80%85%e1%80%ae%e1%80%99%e1%80%b6%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%96%e1%80%bd%e1%80%b2%e1%80%b7%e1%80%a1/feed/ 0
နှစ်ခြင်းအသင်းချုပ် ပြတိုက်နှင့်မော်ကွန်းတိုက် https://mbc-1813.org/2023/11/20/%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%9e%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba-%e1%80%95%e1%80%bc%e1%80%90/ https://mbc-1813.org/2023/11/20/%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%9e%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba-%e1%80%95%e1%80%bc%e1%80%90/#respond Mon, 20 Nov 2023 16:46:27 +0000 http://mbc-1813.org/?p=3366

]]>
https://mbc-1813.org/2023/11/20/%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%9e%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba-%e1%80%95%e1%80%bc%e1%80%90/feed/ 0
နှစ်ခြင်းအသင်းချုပ် စာကြည့်တိုက် https://mbc-1813.org/2023/11/20/%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%9e%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba-%e1%80%85%e1%80%ac%e1%80%80/ https://mbc-1813.org/2023/11/20/%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%9e%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba-%e1%80%85%e1%80%ac%e1%80%80/#respond Mon, 20 Nov 2023 16:44:37 +0000 http://mbc-1813.org/?p=3352    

]]>
https://mbc-1813.org/2023/11/20/%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%9e%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba-%e1%80%85%e1%80%ac%e1%80%80/feed/ 0
(၁၈၆)ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး https://mbc-1813.org/2023/11/20/%e1%81%81%e1%81%88%e1%81%86%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%a1%e1%80%99/ https://mbc-1813.org/2023/11/20/%e1%81%81%e1%81%88%e1%81%86%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%a1%e1%80%99/#respond Mon, 20 Nov 2023 16:38:00 +0000 http://mbc-1813.org/?p=3326

 

 

]]>
https://mbc-1813.org/2023/11/20/%e1%81%81%e1%81%88%e1%81%86%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%a1%e1%80%99/feed/ 0
(၄၄)ကြိမ်မြောက် မုတ်သုံ သမ္မာ ကျမ်းစာ သင်တန်း ပိတ်ပွဲ အစီအစဉ် https://mbc-1813.org/2023/09/09/%e1%81%84%e1%81%84%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%99%e1%80%af%e1%80%90%e1%80%ba%e1%80%9e%e1%80%af%e1%80%b6-%e1%80%9e/ https://mbc-1813.org/2023/09/09/%e1%81%84%e1%81%84%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%99%e1%80%af%e1%80%90%e1%80%ba%e1%80%9e%e1%80%af%e1%80%b6-%e1%80%9e/#respond Sat, 09 Sep 2023 16:14:00 +0000 http://mbc-1813.org/?p=3261 […]]]> မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ အမျိုးသားဌာနမှ ဦးဆောင်၍ နှစ်စဥ် ကျင်းပမြဲ ဖြစ်သော မုတ်သုံ သမ္မာကျမ်းစာ သင်တန်းကို (၄၄)ကြိမ်မြောက်အဖြစ် ယခုနှစ်တွင် ဇွန်လမှစ၍ တစ်လ တစ်ကြိမ် ကျင်းပခဲ့ရာ မုတ်သုံသမ္မာ ကျမ်းစာ သင်တန်း ပိတ်ပွဲအစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်၊ စနေနေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။ သမ္မာကျမ်းစာ သင်ကြားခြင်းကို Rev. နန်းစံလှိုင်းက  ဘုရားသခင်၏ အလိုတော်ကို ပြီးပြည့်စုံစေသော အသင်းတော် (ဟေရှာယ ၅၃:၁၀၊ မ ၆:၁၀၊ ယော ၆:၂၈၊ ဖိ ၃:၁၄) အဓိက အချက်ဖြင့် သင်ကြားပေးခဲ့ပါသည်။

 

]]>
https://mbc-1813.org/2023/09/09/%e1%81%84%e1%81%84%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%99%e1%80%af%e1%80%90%e1%80%ba%e1%80%9e%e1%80%af%e1%80%b6-%e1%80%9e/feed/ 0
ရွှေပြည်မြန်မာ နှစ်ခြင်းသာသနာ အလုပ်ရုံဆွေးနွေးပွဲ၊(ရှမ်းအရှေ့၊ အာခါ၊ လားဟူအဖွဲ့ချုပ်) https://mbc-1813.org/2023/09/09/%e1%80%9b%e1%80%bd%e1%80%be%e1%80%b1%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba/ https://mbc-1813.org/2023/09/09/%e1%80%9b%e1%80%bd%e1%80%be%e1%80%b1%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba/#respond Sat, 09 Sep 2023 15:52:00 +0000 http://mbc-1813.org/?p=3256 […]]]> ရှမ်းအဖွဲ့ချုပ်(အရှေ့ပိုင်း)၊ အာခါအဖွဲ့ချုပ်၊ လားဟူအဖွဲ့ချုပ်၊ ဧ/သ ဌာနနှင့် မြန်မာ နိုင်ငံနှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၊ ဧ/သဌာနတို့ ပူးတွဲပြုလုပ်သော ရွှေပြည် မြန်မာ နှစ်ခြင်း သာသနာ အလုပ်ရုံ ဆွေးနွေးပွဲအား ရှမ်းပြည်နယ်၊ ကျိုင်းတုံ မြို့တွင် တည်ရှိသော လားဟူ အဖွဲ့ချုပ်ရုံး၌  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၅-၆) ရက်များတွင် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပါသည်။

အသင်းချုပ်မှ တွဲဖက် အထွေထွေအတွင်းရေးမှုး၊ Rev. Dr. Robert Pun ၊လက်ထောက် တာဝန်ခံ၊ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုးများ၊ ဧ/သဌာန တာဝန်ခံ၊ ကော်မတီဝင်များ၊ ရုံးအဖွဲ့များ၊၊ နယ်အဖွဲ့ ဧ/သ တာဝန်ခံများ၊ ရွှေပြည် မြန်မာ ကွင်းမှ ဧဝံဂေလိ သာသနာပြုများ အခြား တာဝန်ရှိသူများ စုစုပေါင်း (၈၀)ဦး ခန့် ပါဝင်ပြီး ဆွေးနွေး ဆုံးဖြတ်ချက် များဖြင့် အောင်မြင်စွာ ပြုလုပ် နိုင်ခဲ့ပါသည်။

အဖွဲ့ချုပ်များမှ စေလွှတ် ထားသော သာသနာ ကွင်းများစွာမှ ရွှေပြည်မြန်မာ သာသနာ အတွင်း စာရင်းဝင်သော သာသနာ ကွင်းများ၏ လက်ရှိ အခြေအနေများ၊ ရွှေပြည်မြန်မာနှစ်ခြင်း သာသနာ ကျေးဇူးတော် ချီးမွမ်းခြင်း အစီအစဉ်များ၊ အဖွဲ့ချုပ် များ၏ အနာဂတ် သာသနာ အကြောင်းများအား ဆွေးနွေး ခဲ့ကြပါသည်။

အစီအစဉ်အား ကောင်းမွန်စွာ လက်ခံပေးသော လားဟူ နှစ်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိ လူကြီးများ၊ အဖွဲ့ချုပ် ဧ/သဌာနများ နှင့် တာဝန်ခံများ အပေါ်တွင်လည်း ကောင်း၊ အစစအရာရာ တာဝန်ယူ ပေးသူများအားလုံးကို အထူး ကျေးဇူးတင် ရှိပါ သည်။

]]>
https://mbc-1813.org/2023/09/09/%e1%80%9b%e1%80%bd%e1%80%be%e1%80%b1%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba/feed/ 0
သာသနာပြုခြင်းနှင့်ဆက်သွယ်ရေး https://mbc-1813.org/2023/09/08/3254/ https://mbc-1813.org/2023/09/08/3254/#respond Fri, 08 Sep 2023 12:38:04 +0000 http://mbc-1813.org/?p=3254 […]]]> မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၊ ခရစ်ယာန် ဆက်သွယ်ရေးဌာနမှ ဦးဆောင်၍ နှစ်ခြင်း ကျမ်းစာကျောင်း များတွင် ဆက်သွယ်ရေး နှင့် ဆိုင်သော သင်ခန်းစာ ပို့ချခြင်း အစီအစဥ်ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၂၆)ရက်တွင် မှော်ဘီ ကရင်နှစ်ခြင်းကျမ်းစာကျောင်း တွင် ပြုလုပ်ခဲ့ရာ သာသနာပြုခြင်းနှင့်ဆက်သွယ်ရေးသင်ခန်းစာကို ဌာန တာဝန်ခံ ဆရာမမေနှင်းဆီက လည်းကောင်း၊ စာပေဖြင့် ဆက်သွယ်ခြင်း သင်ခန်းစာကို ဆရာစောအယ်ဒီမူး ကလည်းကောင်း ပို့ချ ဝေငှခဲ့ပါသည်။ လက်ခံပေးသောကျောင်းအုပ်ကြီးနှင့် တက်ရောက် ပါဝင် ဆွေးနွေးကြသော ကျောင်းသူ၊ကျောင်းသား (၅၆)ဦးတို့အား အထူးပင်ကျေးဇူးတင်ရှိပါသည်။

]]>
https://mbc-1813.org/2023/09/08/3254/feed/ 0
Theological Seminar https://mbc-1813.org/2023/09/08/3252/ https://mbc-1813.org/2023/09/08/3252/#respond Fri, 08 Sep 2023 12:27:35 +0000 http://mbc-1813.org/?p=3252 […]]]> မြန်မာနိုင်ငံ နှစ်ခြင်း အသင်းချုပ်၊ သီဩလော်ဂျီ ပညာဌာနမှ Theological Seminar တစ်ရပ်ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၄-၂၅) ရက်များတွင် လားရှိုးမြို့၊ ဟိုပန်မြို့ရှိ “ ၀” နှစ်ခြင်း ကျမ်းစာကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။ God of Wa People ဟူသော ရေခံမြေခံစာအုပ် ပေါ်ထွက်လာရန် ဆက်လက် ဝိုင်းဝန်း ဆုတောင်း‌ ပေးကြပါစို့။

]]>
https://mbc-1813.org/2023/09/08/3252/feed/ 0
သာသနာပြုခြင်း နှင့် ဆက်သွယ်ရေး https://mbc-1813.org/2023/09/08/%e1%80%9e%e1%80%ac%e1%80%9e%e1%80%94%e1%80%ac%e1%80%95%e1%80%bc%e1%80%af%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%86%e1%80%80%e1%80%ba%e1%80%9e/ https://mbc-1813.org/2023/09/08/%e1%80%9e%e1%80%ac%e1%80%9e%e1%80%94%e1%80%ac%e1%80%95%e1%80%bc%e1%80%af%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%86%e1%80%80%e1%80%ba%e1%80%9e/#respond Fri, 08 Sep 2023 12:15:45 +0000 http://mbc-1813.org/?p=3244 […]]]> မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၊ ခရစ်ယာန် ဆက်သွယ်ရေးဌာနမှ ဦးဆောင်၍ ဌာန၏ အစီအစဥ် တစ်ခုဖြစ် သော နှစ်ခြင်း ကျမ်းစာကျောင်းများတွင် သာသနာပြုခြင်း နှင့် ဆက်သွယ်ရေး နည်းဗျူဟာ များကို သာသနာ အမှုတော် မြတ်၌ အသုံးပြုရန် ရည်ရွယ်၍ သင်ခန်းစာ ပို့ချခြင်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁၈)ရက်တွင် တောင်ကြီးနှစ်ခြင်း ကျမ်းစာကျောင်းတွင် ပြုလုပ်ခဲ့ရာ ဌာနတာဝန်ခံ ဆရာမမေနှင်းဆီက သာသနာပြုခြင်း၊ သာသနာပြုခြင်း နည်းဗျူဟာများ၊
ဆက်သွယ်ခြင်းအဓိပ္ပါယ်၊  ဆက်သွယ်ခြင်းအခြေခံပုံစံ(၅)မျိုး၊ ခရစ်ယာန်ဆက်သွယ်ရေးအခြေခံသဘောတရားများ၊ အကောင်းဆုံးဆက်သွယ်သူ၊ အမှုတော်ဆောင်နှင့်ဆက်သွယ်ခြင်းများကို ဝေငှခဲ့ပါသည်။

ကျောင်းသား၊ ကျောင်းသူများ (၃၅)ဦးခန့် တက်ရောက်ပါဝင်ခဲ့ပါသည်။

အစီအစဥ်ကို လက်ခံ ပေးသည်သာမက အစီအစဉ်တွင် ပါဝင် ကူညီ ပံ့ပိုးပေးပါသော ကျောင်းအုပ်ဆရာကြီး၊ ဒုတိယ ကျောင်းအုပ် ဆရာကြီး၊ ဆရာ၊‌ ဆရာမများနှင့် တက်ရောက် ပါဝင် ဆွေးနွေးကြသော ကျောင်းသူ၊ ကျောင်းသားများအား လုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

]]>
https://mbc-1813.org/2023/09/08/%e1%80%9e%e1%80%ac%e1%80%9e%e1%80%94%e1%80%ac%e1%80%95%e1%80%bc%e1%80%af%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%86%e1%80%80%e1%80%ba%e1%80%9e/feed/ 0