Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/mbc1813/public_html/wp-content/plugins/revslider/includes/operations.class.php on line 2758

Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/mbc1813/public_html/wp-content/plugins/revslider/includes/operations.class.php on line 2762

Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/mbc1813/public_html/wp-content/plugins/revslider/includes/output.class.php on line 3706
စာပေနှင့်ပုံနှိပ်ထုတ်ဝေရေးဌာန – MBC

                                                             

ဌာနတာ၀န်ခံ                                                                                    ဌာနသဘာပတိ

ဆရာစောစိုင်းလတ်မဟူရာ၀ါး                                                      သိက္ခာတော်ရဆရာမန်းသာဆိန်

စာပေနှင့်ပုံနှိပ်ထုတ်ဝေရေးဌာန

၁၉၅၆ ခုနှစ်မှ စတင် တည်ထောင်သော နှစ်ခြင်း သာသနာ ပုံနှိပ် ထုတ်ဝေရေး ဘုတ်အဖွဲ့ (Board of Publication) ကို 1975 ခုနှစ် မှစပြီး ပုံနှိပ်ထုတ်ဝေရေးဌာနအဖြစ် အသွင်ပြောင်းလျက် မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်၏ သာသနာ့တာဝန်များကို ထမ်းဆောင်လျက်ရှိပါသည်။ အသင်းချုပ်၏ ဝင်ငွေရလုပ်ငန်းဌာနလည်း ဖြစ်ပါသည်။ ထိုအချိန်က အထွေထွေအတွင်းရေးမှူးမှာ Rev. မန်းအေးမြကျော်ဖြစ်ပြီး ဌာနဖြစ်တည်လာသော အချိန်မှ ၁၉၈၀-ခုနှစ်ကုန်သည်အထိ ဌာန၏တာဝန်ခံအဖြစ် Rev. ဦးမောင်ဦးက ဆောင်ရွက်ခဲ့ပါသည်။

ဌာနရည်ရွယ်ချက်များ

၁။ ခရစ်တော်သည် ကယ်တင်ရှင်ဖြစ်ကြောင်း လူအများသိရှိနိုင်ရန် ခရစ်ယာန်စာပေများဖြင့် ထုတ်ဝေဖြန့်ချိခြင်း။
၂။ အသင်းချုပ်ရှိ ဌာနအသီးသီး၊ လူမျိုးစုနှင့်ဒေသန္တရအဖွဲ့ချုပ်တို့မှ ထုတ်ဝေမည့် စာအုပ်စာပေများကို ပုံနှိပ်ပေးခြင်း။
၃။ နှစ်ခြင်းတို့၏ယုံကြည်ချက်နှင့် ကျင့်သုံးမှုကို မျက်ခြေမပြတ်စေဘဲ အသင်းချုပ်နှင့်အဖွဲ့ချုပ်များ၏ လှုပ်ရှားမှုများကို အများသိစေသော မေတ္တာတမန်မဂ္ဂဇင်းကို လစဉ်မှန်မှန်ထုတ်ဝေခြင်းတို့ဖြစ်ပါသည်။

လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများ

၁။ စီမံအုပ်ချုပ်ရေးကဏ္ဍ
၂။ ထုတ်ဝေဖြန့်ချိခြင်းလုပ်ငန်း
၃။ ပုံနှိပ်တိုက်လုပ်ငန်း
၄။ မေတ္တာတမန်မဂ္ဂဇင်းလုပ်ငန်း


Warning: preg_match(): Compilation failed: invalid range in character class at offset 12 in /home/mbc1813/public_html/wp-content/plugins/js_composer/include/classes/shortcodes/vc-basic-grid.php on line 177