မြန်မာနိုင်ငံဓမ္မတက္ကသိုလ်တွင် ဓမ္မအတွေးအခေါ် လေ့လာသင်ယူခြင်းဌာန (Department of Theological Studies)၊ သမ္မာကျမ်းဆိုင်ရာလေ့လာသင်ယူခြင်းဌာန (Department of Biblical Studies)၊ လက်တွေ့ဆိုင်ရာ လေ့လာသင်ယူခြင်းဌာန ( Department of Practical Studies )၊ သာသနာနှင့်သမိုင်းရေးရာလေ့လာ သင်ယူ ခြင်းဌာန (Department of Mission and Historical Studies)၊ တေးဂီတဌာန(Department of Music)၊ ယုဒသန်သုတေသနဗဟိုဌာန (Judson Research Center)၊ ငြိမ်းချမ်းရေးလေ့လာသင်ယူခြင်းဌာန(Peace Studies Center)၊ Gender လေ့လာရေးဌာန (Gender Study Center)၊ ဓမ္မတက္ကသိုလ်ရုံး (Office)၊ ပိဋကတ် တိုက် (Library)များရှိပြီး၊ Theology Program မှ D.Min, M.Div, M.Min, M.Th, M.TL, MACS, LAP Program မှ B.A, B.Sc, MAID, MAPS, MACD ဘွဲ့များကို ချီးမြှင့်နေပါသည်။ ဓမ္မတက္ကသိုလ်၏ ကျောင်းအုပ်ကြီးမှာ Rev. Dr. ဆယ်မြူရယ်ငွန်လိန်းဖြစ်ပါသည်။

နှစ်ခြင်းသာသနာနှစ်(၂၀၀)အလွန်စီမံချက်

ဦးတည်ချက် – အလိုတော်သည် မြန်မာနိုင်ငံ၌ ပြည့်စုံပါစေ။

ရည်ရွယ်ချက်

၁) အသင်းတော်များအနေဖြင့် ၀ိညာဉ်ရေးရာနှိုက် ရှင်သန်နိုးကြားမှု ရှိစေရန်အတွက် နိုးကြားရေးအစီအစဉ်များ လုပ်ဆောင်ရန်။
၂) အသင်းတော်များ ရှင်သန်နိုးကြားခြင်းအားဖြင့် ဘက်စုံသာသနာပြုသောအသင်းတော်များ ဖြစ်လာစေရေး အတွက် ထော်ကခံအားပေးမှု၊ သင်တန်းများအားဖြင့် ပ့ံပိုးမှုများ ပြုလုပ်ပေးရန်။
၃) အသင်းတော်များ ကိုယ့်အားကိုယ်ကိုး ရပ်တည်လာနိုင်ရေးအတွက် နည်းပညာ အတွေ့အကြုံများနှင့် ငွေကြေး ထောက်ပ့ံမှုများြ့ပုလုပ်ပေးရန်။
၄) အသငး်တော်သည် ဓမ္မကြောင်းအရ တရားမျှတရေး၊ လူ့အခွင့်အရေး၊ လူ့ကျင့်ဝတ်သိက္ခာပြည့်ဝရေး၊ ငြိမ်းချမ်းရေးအတွက် ဘုရားသခင့်အလိုတော်နှင့်အညီ ရပ်တည်နိုင်ရန် လိုအပ်သောသင်တန်းများပေးရန်။
၅) အသင်းတော်သည် အခြားဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အပြန်အလှန် နားလည်မှု၊ ချစ်ကြည် ရင်းနှီးမှု၊ အသိအမှတ်ပြုမှုရရှိနိုင်ရေးအတွက် အပြန်အလှန် ဒိုင်ယာလော့ခ်အစီအစဉ်များပြုလုပ်ပေးရန်။
၆) အသင်းတော်သည် ပြည်ပသာသနာပြုခြင်းဆိုင်ရာ ရူပါရုံကို ကျယ်ကျယ်ပြန့်ပြန့်ထားရှိ ဆောင်ရွက်သော အသင်းတော်များဖြစ်လာရန်။
၇) အသင်းတော်သည် နို်င်ငံတော်တည်ဆောက်ရေးတွင် ပြန်လည်သင့်မြတ်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် တရား မျှတခြင်း၊ လုပ်ငန်းစဉ်များတွင် ထိရောက်စွာ ပါ၀င်နိုင်ရေး နည်းလမ်းများကို ဖော်ထုတ်လုပ်ဆောင်သွားရန်။
၈) အသင်းတော်များအနေဖြင့် နှစ်ခြင်းခရစ်ယာန်တို့၏ ယုံကြည်ခြင်းနှင့်ကျင့်သုံးမှုဝိသေသများ၊ အမွေအနှစ် များတို့ကို ထိန်းသိမ်းစောင့်ရှောက်တန်ဖိုးထားနိုင်ရန် သင်တန်းများနှင့် ပြတိုက် ပြခန်းများ၊ အချက်အလက်များ စုဆောင်းထိန်းသိမ်းရန်။

(၁၀)နှစ်တာကာလ အဓိကအချက်များ (၂၀၁၄-၂၀၂၃)
၁။ ကျေးဇူးတော်ချီးမွမ်းလျက် ဆုတောင်းသောအသင်းတော်
Praising and praying Church
ဆာ၊ ၅၀း၃၂။ ဟေဗြဲ၊ ၁၃း၁၅။ ၁သက်၊ ၅း၁၆-၁၈။ ဆာ၊ ၁၀၀း၁။

၂။ ခရစ်တော်အတွက် သစ္စာရှိသောတပည့်တော်စစ်
Faithful and True Disciple for Christ
မဿဲ၊ ၁၆း၂၄။

၃။ စေလွှတ်ထောက်ပ့ံသောအသင်းတော် Sending and Supporting Church
ရောမ၊ ၁၀း၁၅၊ ၂ကော၊ ၉း၁၁။ ဖိ၊ ၄း၁၆-၁၈။

၄။ ခရစ်တော်အတွက် အစေခံကောင်း A Good Servant for Christ
ယော၊ ၁၃း၁၄။ မဿ၊ ၁၀း၉။

၅။ နိုင်ငံတည်ဆောက်ခြင်းနှိုက် နို်င်ငံသားကောင်းအဖြစ် ပါ၀င်ခြင်း။
Good Citizen in Nation Building
သုတ္တံ၊ ၁၄း၃၄၊ ရောမ၊ ၁၃း၁-၃၊ မဿဲ၊ ၅း၁၃-၁၄။ တိတု၊ ၃း၁-၂

၆။ ခရစ်တော်၏သံတမန် Ambassadors for Christ
၂ကော၊ ၅း၂၀။

၇။ ခရစ်တော်အတွက် အသက်ရှင်သောယဇ် A Living Sacrifice for Christ
ရောမ၊ ၁၂း၁-၂

၈။ ဘုရားသခင်၏ဖန်ဆင်းခြင်းလက်ရာကို ထိန်းသိမ်းစောင့်ရှောက်သူ
Sustainer of God’s Creation
ကမ္ဘာ၊ ၂း၁၅။ ၁း၂၈။ ယောလ၊ ၁း၁၁

၉။ အသီးသီးသောအသင်းတော် A Fruitful Church
ယော၊ ၁၅း၅။ ၁၅း၁၆။ ဂလာ၊ ၅း၂၂-၂၃

၁၀။ ဘုရားသခင်၏အလိုတော်ကိုပြီးပြည့်စုံစေသောအသင်းတော်
A Church fulfilling the will of God
ယောရှု၊ ၁း၆။ ဆာ၊ ၁၃၉း၁၇-၁၈။ ဖိ၊ ၃း၁၄။