Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/mbc1813/public_html/wp-content/plugins/revslider/includes/operations.class.php on line 2758

Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/mbc1813/public_html/wp-content/plugins/revslider/includes/operations.class.php on line 2762

Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/mbc1813/public_html/wp-content/plugins/revslider/includes/output.class.php on line 3706
သီသြလော်ဂျီပညာဌာန – MBC

သီသြလော်ဂျီပညာဌာန
(ဌာနသဘာပတိ – သိက္ခာတော်ရဒေါက်တာဆမိုထွန်းလင်းဦး၊ လက်ထောက်ဌာနတာဝန်ခံ – ဆရာဂျွန်ဆင်)

ခေတ်အဆက်ဆက်တည်ရှိခဲ့သော နှစ်ခြင်းကျမ်းစာကျောင်းများနှင့် သီသြလော်ဂျီပညာဌာန အဆင့်ဆင့် ပြောင်းလဲလာပုံအကျဉ်း
၁၈၁၃      ဒေါက်တာအဒိုနိုင်ရမ်ဂျဒ်ဆင် ( Dr. Adoniram Judson)မြန်မာပြည်နှစ်ခြင်းသာသနာအတွက် ရောက်ရှိလာခြင်း
၁၈၃၆     ပထမကျမ်းစာကျောင်း (ထားဝယ်မြို့)
၁၈၃၉     ကျမ်းစာကျောင်း (မော်လမြိုင်သို့ပြောင်း)
၁၈၅၃     ကျမ်းစာကျောင်း (ရန်ကုန်မြို့သို့ပြောင်း)
၁၈၄၅     ကရင်ကျမ်းစာကျောင်းနှင့် အခြေခံကျမ်းစာကျောင်းများ
(သံတွဲ၊ မော်လမြိုင်၊ ထားဝယ်၊ ရန်ကုန်)
၁၈၆၆     သာသနာပြုများ ထွက်ခွာခြင်းနှင့် တိုင်းရင်းသားများ တာဝန် လွွှဲပြောင်းယူခြင်း။
၁၉၆၆     Association of Baptist Theological Institution in Burma
၁၉၇၃     ကျမ်းစာကျောင်းများအသင်း (Bible School Association)
၁၉၈၅     အဆင့်မြင့်သီသြလော်ဂျီပညာဌာန (Highter Theological Education Department)
၁၉၉၂     မြန်မာနိုင်ငံနှစ်ခြင်းသီသြလော်ဂျီပညာအသင်း
(Baptist Association for Theological Education in Myanmar – BATEM)
၁၉၉၄     သီသြလော်ဂျီပညာဌာန (Theological Education Department)

ဌာန၏ဦးတည်ချက်များ

၁) နှစ်ခြင်းဓမ္မတက္ကသို်လ်များနှင့် ကျမ်းစာသင်ကျောင်းများ၏ အရည်အသွေးကိုမြှင့်တင်ရန်နှင့် ထိန်းသိမ်းရန်။

၂) နှစ်ခြင်းဓမ္မတက္ကသိုလ်များနှင့် ကျမ်းစာကျောင်းများအတွက် ဆီလျော်သော သင်ရိုးညွှန်းတမ်းနှင့် ဖတ် စာအုပ်များကို ပြုစု၍ ပြဌာန်း ထုတ်ဝေရန်။

၃) နှစ်ခြင်းဓမ္မတက္ကသိုလ်နှင့် ကျမ်းစာကျောင်းအသီးသီးအတွက် ဒေသဆိုင်ရာလုပ်ကွက်များ၏ လိုအပ်ချက် များကို ထိရောက်စွာဖြည့်ဆည်းပေးနိုင်သော သင်ရိုးညွှန်းတမ်းများနှင့် နည်းစနစ်များကို စီမံပ့ံပိုးပေးရန်။

၄) လူ/ဒေ အဖွဲ့ချုပ်များအတွက် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်ရေးကို ရှေ့ရှုလျက် နှစ်ခြင်း ဓမ္မ တက္ကသိုလ်များနှင့် ကျမ်းစာကျောင်းများ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အပြန်အလှန် အသိအမှတ်ပြု သော တူညီချက်များ ချမှတ်၍ အကောင်အထည်ဖော်ရန်။

၅) နှစ်ခြင်း အသင်းတော်များအတွက် ခေတ်ပြိုင် ဓမ္မအတွေးအခေါ်များ၊ အစဉ်အလာအရ ကျင့်သုံးမှုတို့ သဟဇာတ ဖြစ်စေမည့် နည်းလမ်းများကို သုတေသနပြု ဖော်ထုတ်ရန်။

ဌာနလုပ်ငန်းစဉ်များ

၁။ ရန်ကုန်မြို့ပေါ်ရှိ နှစ်ခြင်းကျမ်းစာကျောင်းများမှ ကျောင်းလွန်မည့် ကျောင်းသူ/ကျောင်းသားများ နှစ်ခြင်း အသင်းချုပ်နှင့် မိတ်ဆက်ခြင်းစီမံချက်။
နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ ဒုတိယသောကြာနေ့တိုင်းတွင် ဤစီမံချက်ကို နှစ်ခြင်းအသင်းချုပ်တွင် ပြုလုပ်ပါသည်။ ရန်ကုန်မြို့ပေါ်ရှိ နှစ်ခြငး်ကျမ်းစာကျောင်း(၇)ကျောင်းမှ ပါ၀င်တက်ရောက်ကြပါသည်။

၂။ Consultation on Curriculum for Myanmar Baptist Theological Schools စီမံချက်
ဤစီမံချက်သည် နှစ်ခြင်းကျမ်းစာကျောင်းများ၏ B.Th နှင့်အောက် သင်ရိုးညွှန်းတမ်း ညှိနှိုင်းဆွေးနွေးပွဲဖြစ် ပါသည်။

၃။ ဘာသာရပ်အလိုက် သင်ရိုးညွှန်းတမ်းအလုပ်ရုံဆွေးနွေးပွဲစီမံချက်
ဤစီမံချက်ကိုနှစ်စဉ်နှစ်တိုင်း မေလတွင် ပြုလုပ်ကာ ကျောင်းသုံးဖတ်စာအုပ် ထွက်ရှိလာရန်အတွက် ကျမ်းစာကျောင်းများမှ ဘာသာရပ်ဆိုင်ရာ ဆရာ၊ဆရာမများ တွေ့ဆုံဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါသည်။

၄။ ရန်ကုန်မြို့ပေါ်ရှိ နှစ်ခြင်းကျမ်းစာကျောင်းများမှ ဆရာ/ဆရာမများ၏မိတ်သဟာယစီမံချက်
ဤစီမံချက်သည် ရန်ကုန်မြို့ပေါ်ရှိ နှစ်ခြင်းကျမ်းစာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ အတွက် ကျင်းပပြုလုပ်လျက်ရှိသော မိတ်သဟာယအစီအစဉ်ဖြစ်ပါသည်။

၅။ နှစ်ခြင်းကျမ်းစာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တွေ့ဆုံဆွေးနွေးပွဲ (Principals’ Forum)စီမံချက်
နှစ်စဉ်ပြုလုပ်လျက်ရှိပြီး ဌာနအဖွဲ့ဝင် နှစ်ခြင်းကျမ်းစာကျောင်း(၄၉)ကျောင်းမှ ကျောင်းအုပ်ကြီးများ တွေ့ဆုံ မိတ်သဟာယဖွဲ့သည့်ဆွေးနွေးပွဲဖြစ်ပါသည်။

၆။ နှစ်ခြင်းကျမ်းစာကျောင်းများ ညီလာခံ စီမံချက်
သုံးနှစ်တစ်ကြိမ်ပြုလုပ်လျက်ရှိပြီး၊ ၂၀၁၈-ခုနှစ်တွင် Chin Christian University တွင် ပြုလုပ်မည် ဖြစ်ပါသည်။

၇။ Seminar on Criteria of Theological Education Department စီမံချက်
နှစ်ခြင်းကျမ်းစာကျောင်းများ၏ အဆင့်အတန်း၊ အရည်အသွေး ပိုမိုမြင့်မားလာရေးကို ရည်ရွယ်၍ နှစ်ခြငး် ကျမ်းစာကျောင်းအုပ်များ တွေ့ဆုံကာ ပိုမိုခိုင်မာသည့် စံနှုန်းစံထား ပေါ်ထွက်နိုင်ရေးအတွက် ၂၀၁၅-ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့တွင် နှစ်ခြင်းအသင်းချုပ် ကူရှင်ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ထွက်ပေါ် လာသော မြန်မာနိုင်ငံနှစ်ခြင်းကျမ်းစာကျောင်းများ အသိအမှတ်ပြုခြင်းဆိုင်ရာ စံနှုန်းစံထားအား မြန်မာနို်င်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့ အုပ်ချုပ်စီမံရေးအဖွဲ့အစည်းအဝေးတို့မှ လက်ခံ အတည်ပြုပေးခဲ့ကာ စာအုပ်ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။

၈။ စာအုပ်စာပေထုတ်ဝေခြင်းစီမံချက်

နှစ်စဉ်နှစ်တိုင်း သီသြလော်ဂျီပညာဌာနမှ ထုတ်ဝေပြီး ဖြန့်ချိလျက် ရှိပါသည်။ ရရှိနိုင်သောစာအုပ်များမှာ

၁) စနစ်ကျသောဓမ္မတွေးခေါ်မှု (Systematic Theology) ဖတ်စာအုပ်

၂) ခရစ်ယာန်ကျင့်ဝတ် (Christian Ethics)

၃) မြန်မာနိုင်ငံနှစ်ခြင်းအသင်းတော်သမိုင်းအကျဉ်း (A Brief History of Myanmar Baptists)

၄) ဓမ္မသစ်ကျမ်းဓမ္မတွေးခေါ်မှု (New Testament Theology)

၅) ဓမ္မဟောင်းကျမ်းဓမ္မတွေးခေါ်မှုနိဒါန်း (Introduction to Old Testament Theology)

၆) သင်းအုပ်ဆိုင်ရာဓမ္မအတွေးအခေါ် (Pastoral Theology)

၇) ခရစ်ယာန်ခေါင်းဆောင်မှုနှင့် အသင်းတော် စီမံခန့်ခွဲခြင်း (Christian Leadership & ChurcH Management)

၈) သမ္မာကျမ်းစာပါဠိအဘိဓာန် (A Dictionary of Burmese Biblical Pali Terms)တို့ဖြစ်ပါသည်။
ဆက်လက်၍ ခရစ်ယာန်သာသနာပြုခြင်း (Christian Mission) ထုတ်ဝေဖို့ရန် ရှိပါသည်။

၉။ သမ္မာအလင်းဂျာနယ်ထုတ်ဝေရေးစီမံချက်

နှစ်စဉ်နှစ်တိုင်း သီသြလော်ဂျီပညာဌာနမှ ထုတ်ဝေပြီး ဓမ္မရေးရာအတွွှေးအခေါ်များကို အသင်းသူ၊အသင်း သားများအထိ ပြန့်နှံ့စေရန် ရည်ရွယ်၍ အသင်းတော်များအထိ ဖြန့်ဝေလျက် ရှိပါသည်။

၁၀။ သင်ထောက်ကူပစ္စည်းထုတ်ဝေရေးစီမံချက်
ဓမ္မဟောင်းခေတ်ကာလ မြေပုံ၊ ဓမ္မသစ်ခေတ်ကာလမြေပုံ၊ ကျမ်းစာကျောင်းများတည်နေရာမြေပုံတို့ကို ထုတ်ဝေဖြန့်ချိလျက်ရှိပါသည်။

ဂျဒ်ဆင်တက္ကသိုလ် (Judson University)

မြန်မာပြည်နှစ်ခြင်း ကျမ်းစာကျောင်း ဖွင့်လှစ်ခြင်းသည် ၂၀၁၁-ခုနှစ်တွင် နှစ်ပေါင်း(၁၇၅)နှစ် ပြည့်ပြီ ဖြစ်ပါသည်။ ယခုတွင် နှစ်ခြင်းကျမ်းစာကျောင်း စုစုပေါင်း(၄၉)ကျောင်း ရှိလာခဲ့ပါသည်။ မြန်မာပြည်သည် နိုင််ငံရေးပြောင်းလဲလာသည်နှင့်အမျှ ပညာရေး၊ ဖွဲ့စည်းပုံလည်း ပြောင်းလဲလာပါသည်။ သို့ဖြစ်၍ နှစ်ခြင်း အသင်းချုပ် အနေဖြင့် နှစ်(၂၀၀)ပြည့်ကျေးဇူးတော်ကို ချီးမွမ်းရင်း ကျမ်းစာကျောင်းများ၏ အဆင့်အတန်းကို မြှင့်တင်ကာ ဂျဒ်ဆင်တက္ကသိုလ်ကျောင်းတော်ကြီးကို ထူထောင်နိုင်ဖို့ရန် (၂၀၁၀)ခုနှစ်မှစတင်၍ မြန်မာနိုင််ငံ ဓမ္မတက္ကသိုလ်မှ ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် နှစ်ခြင်းအသင်းချုပ်၏(၁၆၈)ကြိမ်မြောက် အမှုဆောင် အစည်းအဝေးမှ ဖြစ်မြောက်ရေးကော်မတီကိုဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။


Warning: preg_match(): Compilation failed: invalid range in character class at offset 12 in /home/mbc1813/public_html/wp-content/plugins/js_composer/include/classes/shortcodes/vc-basic-grid.php on line 177