မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ်၊ အမျိုးသားဌာနသည် အောက်ဖော်ပြပါ ရည်ရွယ်ချက် (၅)ချက်ကို ချမှတ်လျက် လူမျိုးစုနှင့် ဒေသန္တရ အဖွဲ့ချုပ် (၁၈)ပါး နှင့် တိုက်ရိုက် ဆက်သွယ်သော အသင်းတော်(၂)ပါးတို့ကို အခြေခံကာ သာသနာလုပ်ငန်းများကို လုပ်ဆောင် လျက်ရှိပါသည်။

ရည်ရွယ်ချက်

၁။ မိတ်သဟာယဖွဲ့ခြင်း (Fellowship)
၂။ ကြီးထွားခြင်း (Growth)
၃။ အစေခံခြင်း (Services)

လုပ်ဆောင်နေသောလုပ်ငန်းများ

၁။ လူ/ဒေအဖွဲ့ချုပ်၊ အမျိုးသားဌာနမှ ပြုလုပ်သော သမ္မာကျမ်းစာသင်တန်း၊ ယုံကြည်မှုနှင့် ကျင့်သုံးမှု သင်တန်း စသည့် သင်တန်းများတွင် သွားရောက်ပို့ချခြင်း၊ ပူးပေါင်းပြုလုပ်ခြင်း။
၂။ နှစ်စဉ် မုတ်သုံ သမ္မာကျမ်းစာသင်တန်းကို အသင်းချုပ် အောက်မေ့ဖွယ်ခန်းမတွင် ဇွန်လ နောက်ဆုံးပတ် မှ စက်တင်ဘာလကုန် အထိ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ခြင်း။
၃။ ခေါင်းဆောင်မြှင့်တင်ရေး သင်တန်း၊ သာသနာပြုခြင်းနှင့် အမျိုးသားများ အခန်းကဏ္ဍ ဆိုင်ရာ သင်တန်းများ ပြုလုပ်ပေးခြင်း။
၄။ သင်္ဘောသားမိတ်သဟာယအစီအစဉ်ပြုလုပ်ခြင်း။
၅။ မွေးနေ့တော်အကြို နှုတ်ခွန်းဆက်ခြင်းအနေဖြင့် အသက်(၇၄)နှစ်အထက် သင်းအုပ်ဆရာများ၊ မုဆိုးမသင်းအုပ်ဇနီးများ၊ အသက်ကြီးကာ နေထိုင်မကောင်းသည့် မုတ်သုံသင်တန်းသားဟောင်းများ၊ အသက်(၉၀)အထက် သက်ကြွယ်များအား မေတ္တာပြခြင်း။ အသက်(၈၀)နှစ် အထက် မုတ်သုံ သင်တန်း တက်နေသူများအား မွေးနေ့ အထူး အစီအစဉ် ပြုလုပ်ပေးခြင်း။
၆။ မုတ်သုံမိသားစု အားသစ်လောင်းအစီစဉ်နှင့် ခရစ္စမတ်မွေးနေ့တော်ပွဲ ပြုလုပ်ခြင်း။
၇။ ဖခင်များနေ့သတင်းလွှာထုတ်ဝေခြင်း။


Warning: preg_match(): Compilation failed: invalid range in character class at offset 12 in /home/mbc1813/public_html/wp-content/plugins/js_composer/include/classes/shortcodes/vc-basic-grid.php on line 177