နှစ်ခြင်းအသင်းချုပ် (၁၈၈)ကြိမ်မြောက် အမှုဆောင်အဖွဲ့ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၅-၇)ရက်များတွင် Zoom application ဖြင့် ပြုလုပ်ရာ၊ ဥက္ကဌကြီး Rev. Dr. စောဆမ်ဆန် နှင့် ဒုတိယဥက္ကဌ Rev. Dr. အေးနွယ်တို့က ဦး ဆောင်ခဲ့ပါသည်။ အသင်းချုပ် အထွေထွေ အတွင်းရေးမှူး Rev. Dr. ထန်ကျင့်လျန်း၊ ဘဏ္ဍာထိန်း ဆရာမ နန်းသူဇာမွန်၊ ဌာနတာဝန်ခံများတို့က အစီရင်ခံစာများကို အသီးသီး တင်ပြခဲ့ကြပြီး၊ ယုဒသန်တက္ကသိုလ် ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် ကျောင်းအုပ်ကြီးတို့ကလည်း အစီရင်ခံစာများကို တင်ပြခဲ့ကြရာ အားလုံး သဘောတူ ထောက်ခံ အတည်ပြု ခဲ့ကြပါသည်။
ဝန်ထမ်းရေးရာ ကော်မတီက သက်တမ်းကုန်သွားသော ဌာနတာဝန်ခံများ၏ ရာထူး နေရာများနှင့် လျာထားရေးကော်မတီက အထွေထွေ အတွင်းရေးမှူး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး၊ ဘဏ္ဍာထိန်းတို့ကို တတိယအကြိမ် သက်တမ်း ခန့်ထားရန်အတွက် ရွေးချယ်တင်မြှောက်၍ အုပ်ချုပ်စီမံရေး အဖွဲ့အစည်းအဝေးနှင့် (၁၂၅)ကြိမ်မြောက် သင်းလုံးကျွတ် အစည်း အဝေးသို့ ဆက်လက် ထောက်ခံတင်ပြရန် အားလုံး သဘောတူ ဆုံးဖြတ်ကြပါသည်။
ကိုယ်စားလှယ် စေလွှတ်ရေး ကော်မတီ၊ နယ်သစ် လေ့လာ စိစစ်ရေးအဖွဲ့မှ ထောက်ခံ တင်ပြခြင်းများ၊ ဌာန ကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့များ (၂၀၂၅-၂၀၂၇) သက်တမ်း အတွက် ဖွဲ့စည်းခြင်းနှင့် မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် ဂေါပက အဖွဲ့ ဖွဲ့စည်းခြင်းကိုလည်း အုပ်ချုပ်စီမံရေး အဖွဲ့ အစည်းအဝေး နှင့် (၁၂၅)ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးသို့ ဆက်လက် ထောက်ခံတင်ပြရန် အားလုံး သဘောတူ ဆုံးဖြတ်ကြပါသည်။
ကရင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်မှ အိမ်ရှင်အဖြစ် တာဝန်ယူမည်ဖြစ်သော အုပ်ချုပ် စီမံရေး အဖွဲ့အစည်းအဝေး (၂၀၂၄) နှင့် (၁၂၅)ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးကို အလုံမြို့နယ် Franc Auditorium ၌ ၂၀၂၅ ခု နှစ်၊ ဇန်နဝါရီလ (၁၃-၁၇)ရက်များတွင် လူဦးရေ (၆၅၀)ခန့်ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။