Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/mbc1813/public_html/wp-content/plugins/revslider/includes/operations.class.php on line 2758

Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/mbc1813/public_html/wp-content/plugins/revslider/includes/operations.class.php on line 2762

Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/mbc1813/public_html/wp-content/plugins/revslider/includes/output.class.php on line 3706
Christian Social, Service and Development Department – MBC

ခရစ်ယာန်လူမှုဝန်ထမ်းခြင်းနှင့်ဖွံ့ဖြိုးရေးဌာန

၁၉၉၇-ခုနှစ်၊ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကျရောက်သော (၁၁၆)ကြိမ်မြောက် နှစ်ခြင်းအသင်းချုပ် သင်းလုံးကျွတ် အစည်းအဝေးကြီးတွင် ဆုံးဖြတ်၍ ဖွဲ့စည်းတည်ထောင်ထားသော ဌာနဖြစ်ပါသည်။ အသင်းချုပ် ရှိ ဌာန(၁၁)ခုနှင့် ဆက်နွယ်လက်တွဲလုပ်ဆောင်သည့်အပြင် လူမျိုးစုနှင့် ဒေသန္တရ အဖွဲ့ချုပ်ရှိ လူမှုဝန်ထမ်းခြင်း နှင့် ဖွံ့ဖြိုးရေးဌာနများနှင့် တိုက်ရိုက်လက်တွဲ လုပ်ဆောင်နေပါသည်။ အခြားသော အသင်းတော် အဖွဲ့အစည်း များ၊ နို်င်ငံတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်ပရှိ မိတ်ဖွဲ့အဖွဲ့အစည်းများနှင့် လက်တွဲ လုပ်ဆောင် လျက်ရှိပါသည်။

တန်ဖိုးထားမှု
၁။ ခရစ်တော်အား ဗဟိုပြုခြင်း
၂။ ဆက်ကပ်အပ်နှံခြင်း
၃။ ဘဏ္ဍာထိန်းကောင်းဖြစ်ခြင်း
၄။ ဥဿုံဖွံ့ဖြိုးခြင်း
၅။ ရိုးသားပွင့်လင်း၍ ရှင်းလင်းမှုရှိခြင်း
၆။ ပူးပေါင်းပါ၀င်မှုနှင့် အသင်းစိတ်ဓာတ်ရှိခြင်း
၇။ တာဝန်ယူတတ်မှုနှင့် တာဝန်သိတတ်မှုရှိခြင်း

ရူပါရုံ

အသင်းတော်များသည် ဥဿုံသာသနာအတွက် စိတ်အားထက်သန်နိုးကြားနေသည်။

သာသနာ

အစဉ်ရှင်သန်နိုးကြားနေသော ဘက်စုံသာသနာအတွက် ဆက်ကပ်လုပ်ဆောင်နေသည့် အသင်းတော်များ ဖြစ်နေစေရန် ဌာနသည် အသင်းတော်များ အချင်းချင်း ခိုင်မာသောကွန်ယက်များချိတ်ဆက်ပြီး အပြန်အလှန် သင်ယူမှု ပြုနိုင်ရန် ဆက်သွယ်ဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်များ ဝေငှခြင်း၊ အရင်းအမြစ်များ ဝေမျှခြင်းအတွက် အခွင့်အလမ်းများ ဖန်တီးခြင်း၊ အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် စည်းရုံးလှုံ့ဆော် ခြင်းများ လုပ်ဆောင်နေမည်။

လုပ်ငန်းစဉ်များ

၁။ လူမှုဝန်ထမ်းခြင်းအစီအစဉ်

အသင်းတော်များတွင် ရင်ဆိုင်နေရသော လူမှုဒုက္ခများကို လူ/ဒေအဖွဲ့များနှင့် ညှိနှိုင်း အကောင် အထည် ဖော်ခြင်း။
သဘာဝဘေးဒဏ်နှင့်ပတ်သက်သော ကြိုတင်ပြင်ဆင်မှု၊ အရေးပေါ်တုံ့ပြန်မှုများအတွက် မူဝါဒများ ရေးဆွဲ ချမှတ်ခြင်းနှင့် စွမ်းဆောင်ရည်များ မြှင့်တင်ပေးခြင်း။
အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

၂။ ဖွံ့ဖြိုးရေးအစီအစဉ်

ဌာနတာဝန်ခံများ ဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ
လူ/ဒေအဖွဲ့ချုပ်များ၏ ဒေသအလိုက် ဖွံ့ဖြိုးရေးဆိုင်ရာ စွမ်းဆောင်မှု တည်ဆောက်ခြင်း
ပြည်တွင်း/ပြည်ပ အတွေ့အကြုံများ ဖလှယ်ခြင်း၊ သင်တန်းများ စေလွှတ်ခြင်းနှင့် လေ့လာရေး ခရီးစဉ်များ။

၃။ လူ/ဒေအဖွဲ့ချုပ်များနှင့်လက်တွဲ၍ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း

၄။ ကျေးလက် ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်

၅။ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ်

၆။ သဘာဝဘေးဒဏ်ကြိုတင်ပြင်ဆင်မှုတုံ့ပြန်ခြင်းအစီအစဉ်

၇။ အသင်းတော်နှင့် လူထု ပူးပေါင်းပြီး ရပ်ရွာ ဖွံ့ဖြိုးရေး အစီအစဉ်

၈။ ရေကောင်း ရေသန့်များ ရရှိရေး အစီအစဉ်

၉။ ရေရှည်ခံ စိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်း