Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/mbc1813/public_html/wp-content/plugins/revslider/includes/operations.class.php on line 2758

Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/mbc1813/public_html/wp-content/plugins/revslider/includes/operations.class.php on line 2762

Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/mbc1813/public_html/wp-content/plugins/revslider/includes/output.class.php on line 3706
Finance and Property Department – MBC

ဘဏ္ဍာရေးနှင့်ပစ္စည်းထိန်းဌာန

(ဌာနတာဝန်ခံ – ဆရာမနန်းသူဇာမွန်၊ ဌာနသဘာပတိ – သိက္ခာတော်ရဆရာဦးကျာမူး)

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ် စတင်တည်ထောင်ချိန်ကစပြီး တည်ရှိသော ဌာနဖြစ်ပါသည်။ နှစ်ခြင်း အသင်းချုပ်၏ ဘဏ္ဍာရေးနှင့်စပ်ဆိုင်သော ကိစ္စရပ်များ၊ မြေယာ၊ အဆောက်အဦ၊ ပစ္စည်းနှင့်စပ်ဆိုင်သော ကိစ္စရပ်များကို တာဝန်ယူရသောအဖွဲ့အစည်းဖြစ်ပါသည်။ အမှုဆောင်အဖွဲ့၊ အုပ်ချုပ်စီမံရေးအဖွဲ့နှင့် သင်းလုံး ကျွတ် အစည်းအဝေးများမှ ဆုံးဖြတ်ချက် ချမှတ်သောလုပ်ငန်းစဉ်များအတွက် လိုအပ်သော ငွေရေးကြေးရေး ရှာဖွေခြင်း၊ ထိန်းသိမ်းခြင်း၊ ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်ရပါသည်။

အထူးသဖြင့် နှစ်ခြင်းအသင်းချုပ်၏ သာသနာ့လုပ်ငန်းများတို့ကို ဆောင်ရွက်ရာတွင် ပြည်တွင်းရှိ အဖွဲ့ချုပ်၊ သာသနာနယ်၊ အသင်းတော်များနှင့် တစ်ဦးချင်း မိသားစုအလိုက် ပေးလှူမှုများကို အားပြုကာ ကိုယ်ထူကိုယ်ထ ရပ်တည်နိုင်ရေးနှင့် သာသနာပြု ဆရာများ ထားရှိသည့် သာသနာ့မြေယာများ၊ ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်းများတို့ကို တာဝန်ယူ ဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ရ/သုံးခန့်မှန်းခြေငွေစာရင်းများတို့ကို ပြက္ခဒိန်နှစ်အတိုင်း ရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက် သကဲ့သို့ အစိုးရအသိအမှတ်ပြု စာရင်းစစ် အဖွဲ့များဖြင့် တစ်နှစ်လျှင် (၂)ကြိမ် စာရင်းစစ်ဆေးမှုကို ခံယူရပါသည်။

အထက်ဖော်ပြပါ လုပ်ငန်းစဉ်များ အတွက် ကော်မတီ(၂)ရပ်ဖွဲ့စည်း၍ ကြီးကြပ်ဆောင်ရွက်ပါသည်။ ၎င်းကော်မတီများမှာ

(၁) ဘဏ္ဍာရေးကော်မတီ နှင့်
(၂) ပစ္စည်းထိန်းကော်မတီတို့ဖြစ်ပါသည်။

နှစ်ခြင်းအသင်းချုပ်၏ အဓိက ၀င်ငွေများမှာ

၁) လူမျိုးစုနှင့်ဒေသန္တရအဖွဲ့ချုပ်များမှ နှစ်စဉ်ပေးလှူငွေ
၂) ယုဒသန်နေ့အလှူငွေ
၃) အသင်းတော်၊ အဖွဲ့အစည်းနှင့် မိသားစု တစ်ဦးချင်းပေးလှူငွေ
၄) ကမ္ဘာ့ပွဲတော်နေ့မှအလှူငွေ
၅) ရင်းနှီးမတည်ငွေမှ တိုးပွားငွေ တို့ဖြစ်ပါသည်။


Warning: preg_match(): Compilation failed: invalid range in character class at offset 12 in /home/mbc1813/public_html/wp-content/plugins/js_composer/include/classes/shortcodes/vc-basic-grid.php on line 177