နှစ်ခြင်းအသင်းချုပ် ခေါင်းဆောင်မြှင့်တင်ရေး အစီအစဉ်ဌာနမှ ဦးဆောင်၍ “ နိုင်ငံတော် အပြောင်းအလဲ နှင့် ခရစ်ယာန် ခေါင်းဆောင် များ၏ အမြင်” အဆင့်မြင့် ခေါင်းဆောင်မှု သင်တန်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂-၄) ရက်အထိ နှစ်ခြင်း အသင်းချုပ် အစည်းအဝေးခန်းမ (၃)တွင် ကျင်းပပါသည်။ လူမျိုးစုနှင့်ဒေသန္တရ အဖွဲ့ချုပ် များမှ အထွေထွေ အတွင်းရေးမှူးများနှင့် ခေါင်းဆောင်များ၊ နှစ်ခြင်းအသင်းချုပ်မှ ဌာန တာဝန်ခံများ၊ အထူး ဖိတ် ကြားထားသူများ စုစုပေါင်း (၃၅)ဦးခန့် ပါဝင်တက်ရောက် ကြပါသည်။ နေ့စဉ် နံနက် (ရး၃၀)နာရီမှ ညနေ (၆း၀၀)နာရီအထိ ပြုလုပ်ပြီး သမ္မာကျမ်းစာ သင်ကြားခြင်းကို Rev. Dr. ဆိုင်မွန်ပေါင်ခန့်အင်း၊ သင်ခန်းစာ များကို ဒေါ်စူစဲနာလှလှစိုး (အမျိုးသားလွှတ်တော် ကိုယ် စားလှယ်)၊ Rev. Dr. ဗန်ကုံး (MCC)၊ ဦးထွန်းအောင်မြင့်(ကရင်ရေးရာဝန်ကြီးဟောင်း)၊ ဆရာစောကပီ (သပြေ ဖောင်ဒေးရှင်း)၊ ဦးလဖိုင် ဇော်ဂွန်း (အငြိမ်းစားသံမှူး)၊ ဆရာဦးမြတ်ကိုကို (Yangon School of Political Science)၊ဒေါက်တာသာထွန်းဦး(Today Media) တို့က ဦးဆောင်ပါသည်။