(၄၄)ကြိမ်မြောက် မုတ်သုံသမ္မာကျမ်းစာသင်တန်း
ဇူလိုင် 25, 2023
လုပ်ငန်းခွင်ခရစ်ယာန် မိသဟာယအဖွဲ့ စုပေါင်း၀တ်ပြုခြင်း နှင့် တွေ့ဆုံခြင်းအစီအစဥ်
စက်တင်ဘာ 8, 2023

မြန်မာနိုင်ငံ နှစ်ခြင်း အသင်းချုပ်၊ ဓမ္မ အမှုတော်ဆောင်များ ဌာနမှ ကြီးမှူး၍ အားသစ်လောင်း သင်တန်း တစ်ရပ်ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁)ရက်၊ အင်္ဂါနေ့တွင် နံနက်(၉:၀၀)နာရီမှ မွန်းလွဲ(၃း၀၀)နာရီအထိ နှစ်ခြင်း အသင်းချုပ် ကူရှင်ခန်းမနှင့် ရပ်ဝေးမှအမှုတော်ဆောင်များအတွက် Zoom Application ဖြင့် ပြုလုပ်ရာ၊ ရှေးဦးစွာ အစီအစဥ် စတင်ရန်အတွက်  အဖွင့် ဆက်ကပ်ခြင်း အစီအစဥ်ကို သဘာပတိအဖြစ် ဌာန တွဲဖက် တာဝန်ခံ ဆရာ ဗဲန်ဒေါ့လျန်၊ မိတ်ဆက်ခြင်းကို ဌာန တာဝန်ခံ Rev. Dr. စောအယ်သော၊ ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားခြင်းကို ဌာန သဘာပတိ Rev. မိုက်ဇုံကျဲအို၊ ဆက်ကပ် ဆုတောင်းခြင်းကို ဌာနကော်မတီဝင် Rev. စောအယ်ကော်တို့ ဦးဆောင် ခဲ့ကြပါသည်။ နံနက် (၉:၁၅-၁၂:၀၀)နာရီတွင် “ ကျန်းမာ သန်စွမ်းသော အမှုတော်ဆောင်” ခေါင်းစဥ်ဖြင့် Dr. ရိုဆန်းပွီးက Power Point တင်ဆက်ခြင်းများဖြင့် ဝေငှခဲ့ ပါသည်။ ထို့နောက် အမေးအဖြေကဏ္ဍဖြင့် ပထမပိုင်းအစီအစဥ်ကို အဆုံးသတ်ခဲ့ပါသည်။

မွန်းတည့်(၁၂း၀၀)နာရီတွင် နေ့လည်စာဖြင့် ခေတ္တအနားယူခဲ့ပြီး၊ မွန်းလွဲ(၁း၀၀)နာရီတွင် အစီအစဥ်ကို ပြန်လည် စတင်ခဲ့ရာ Rev. ဂျာနောဂျူနီယာက “ အသင်းတော်အတွက် ထိရောက်သော သမ္မာကျမ်းစာ လေ့လာခြင်း” ခေါင်းစဥ်ဖြင့် ဟောပြော ပို့ချ ဝေငှခဲ့ပါသည်။

တက်ရောက်သူများမှာ ဧမာနွေလ အသင်းတော်၊ ဧမာနွေလ တေလေဂူ အသင်းတော်၊ ဧမာနွေလ တရုတ် အသင်းတော်၊  မြို့မ ကရင် အသင်းတော်(ဧမာနွေလ)၊ ယုဒသန် အသင်းတော်၊ ကရင် နှစ်ခြင်း အသင်းတော် (ယုဒသန်)၊ အင်းစိန် မြို့သစ် နှစ်ခြင်း အသင်းတော်၊ တောင်သူကုန်း ကရင် နှစ်ခြင်း အသင်းတော်၊ ဇီးအုံကုန်း ကရင် နှစ်ခြင်း အသင်းတော်၊ ကေဘီစီ ကရင် နှစ်ခြင်း အသင်းတော်၊ ကနဲမီး ကရင် နှစ်ခြင်း အသင်းတော်၊ အင်းစိန် သိန နှစ်ခြင်း အသင်းတော်၊ အင်းစိန် မွန် နှစ်ခြင်း အသင်းတော်၊ ရွာမ နှစ်ခြင်း အသင်းတော်၊ အောင်ဆန်း နှစ်ခြင်း အသင်းတော်၊ ရန်ကုန် ဝ နှစ်ခြင်းအသင်းတော်၊ ရန်ကုန် ရှမ်း နှစ်ခြင်း အသင်းတော်၊ ခဝဲခြံ ပိုးကရင် နှစ်ခြင်း အသင်းတော်၊ ဦးရေခဲ ကရင် နှစ်ခြင်း အသင်းတော်၊ သမိုင်း ကရင် နှစ်ခြင်း အသင်းတော်၊ ရန်ကုန် လားဟူ နှစ်ခြင်း အသင်းတော်၊ မြောက် ဥက္ကလာပ မြန်မာ နှစ်ခြင်းအသင်းတော်၊ မြောက်ဥက္ကလာပ ပိုးကရင် နှစ်ခြင်း အသင်းတော်၊ ‌မြောက်ဥက္ကလာပ (၂)ရပ်ကွက် ကရင် နှစ်ခြင်း အသင်းတော်၊ ကြိုး တံတား ပိုးကရင် နှစ်ခြင်း အသင်း တော်၊ ရွှေပေါက္ကံ ပိုးကရင် နှစ်ခြင်း အသင်းတော်၊ ရန်ကုန် လီဆူ နှစ်ခြင်း အသင်း တော်၊ တီးတိန် နှစ်ခြင်း အသင်း တော် ရန်ကုန်၊ ချင်း နှစ်ခြင်း အသင်းတော်၊ ရန်ကုန် မတူပီ နှစ်ခြင်း အသင်းတော်၊  စီးယင်း နှစ်ခြင်း အသင်းတော်၊ ဖလမ်း နှစ်ခြင်း အသင်းတော်၊ သုဝဏ္ဏ ရန်ကုန်သစ် နှစ်ခြင်း အသင်းတော်၊ သုဝဏ္ဏ ကျေးဇူးတော် နှစ်ခြင်း အသင်းတော်၊ ဇို နှစ်ခြင်း အသင်းတော်၊ သာကေတ နှစ်ခြင်း အသင်းတော်၊ ရှင်ပေတရု နှစ်ခြင်း အသင်းတော်၊ ကန်ဘဲ့ နှစ်ခြင်း အသင်းတော်၊ ခိုးလ်ကရင် နှစ်ခြင်း အသင်းတော်၊ ကမာရွတ် နှစ်ခြင်း အသင်းတော်၊ ဦးနော နှစ်ခြင်း အသင်းတော်၊ ဒဂုံမြို့သစ် ၄၅ ရပ်ကွက် နှစ်ခြင်းအသင်းတော်၊  ဒဂုံမြို့သစ် ၄၇ ရပ်ကွက် ကရင် နှစ်ခြင်း အသင်းတော်၊ ရန်ကုန် ကရင် နှစ်ခြင်း အသင်းတော်(သူဌေးကုန်း)၊ မြို့မတိုင်းရင်းသား နှစ်ခြင်း အသင်းတော်၊ သင်္ဃန်းကျွန်း ကရင် နှစ်ခြင်း အသင်းတော်၊  ခရစ်တော်၏ အသင်းတော် (အလုံ)၊ ဘရေတန် ပိုးကရင် နှစ်ခြင်းအသင်းတော်၊  ရန်ကုန် ကချင် နှစ်ခြင်း အသင်းတော်၊ ရန်ကုန် ဇိုတုန် နှစ်ခြင်း အသင်းတော်၊ ဝေထူး ကော်မူ အသင်းတော်၊ ဗေသလ နှစ်ခြင်း အသင်းတော်၊ တောင်ဥက္ကလာပ နှစ်ခြင်း အသင်းတော်တို့မှ (၉၅)ဦးခန့် နှင့် Zoom Application မှ (၁၂)ဦးတို့ ပါဝင် တက်ရောက် ခဲ့ပါသည်။

       

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်