မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၊ ဧ၀ံဂေလိနှင့် သာသနာပြုရေးဌာန၏ လုပ်ငန်းခွဲဖြစ်သော မြို့ကြီးပြည်သူ သာသနာလုပ်ငန်းတွင် မိတ်သဟာယ အစီအစဥ်များအနက် လုပ်ငန်းခွင် ခရစ်ယာန် မိသဟာယအဖွဲ့ (Market- place Christian Fellowship- MCF) သည်လည်း အရေးကြီးသော အခန်းကဏ္ဍ တစ်ရပ်တွင် ပါ၀င်နေပါသည်။
၂၀၂၃ ခုနှစ် အတွင်း လုပ်ငန်းခွင် ခရစ်ယာန် မိသဟာယအဖွဲ့ (Market- place Christian Fellowship- MCF) ၏ လူတွေ့၀တ်ပြုခြင်းနှင့် တွေ့ဆုံခြင်းအား ဩဂုတ်လ (၁၁) ရက်တွင်ပြုလုပ်ခဲ့ကြပြီး Online ဖြင့်လည်းကောင်း၊ Off-Line အားဖြင့်လည်းကောင်း ပြုလုပ်ခဲ့ရာ အမ်ဘီစီ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး၊ ဧ/သ ဌာန၏ သဘာပတိ၊ ဌာနရုံး၀န်ထမ်းများနှင့် လုပ်ငန်းခွင် ခရစ်ယာန် မိသဟာယအဖွဲ့၏ ကော်မတီ၀င်များပါ၀င်တက်ရောက်ခဲ့ကြပါသည်။
လုပ်ငန်းခွင် ခရစ်ယာန် မိသဟာယအဖွဲ့ (Market-place Christian Fellowship-MCF)၏ သမိုင်းကြောင်း၊ ဧ/သ ဌာန၏ လုပ်ငန်းစဥ်များအား ရှင်းလင်းဖော်ပြခြင်းများကို ပြုလုပ်နိုင်ခဲ့ပါသည်။ ထိုနောက် အနာဂတ်တွင် ပြုလုပ်ရမည့် လုပ်ငန်းများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ လစဉ် ဝတ်ပြုခြင်း အစီအစဉ်အတွက်လည်း ဆွေးနွေးခဲ့ကြပါသည်။