ယုဒသန်နေ့ ဂုဏ်ပြု သီချင်း ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း
စက်တင်ဘာ 8, 2023
Theological Seminar
စက်တင်ဘာ 8, 2023

မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၊ ခရစ်ယာန် ဆက်သွယ်ရေးဌာနမှ ဦးဆောင်၍ ဌာန၏ အစီအစဥ် တစ်ခုဖြစ် သော နှစ်ခြင်း ကျမ်းစာကျောင်းများတွင် သာသနာပြုခြင်း နှင့် ဆက်သွယ်ရေး နည်းဗျူဟာ များကို သာသနာ အမှုတော် မြတ်၌ အသုံးပြုရန် ရည်ရွယ်၍ သင်ခန်းစာ ပို့ချခြင်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁၈)ရက်တွင် တောင်ကြီးနှစ်ခြင်း ကျမ်းစာကျောင်းတွင် ပြုလုပ်ခဲ့ရာ ဌာနတာဝန်ခံ ဆရာမမေနှင်းဆီက သာသနာပြုခြင်း၊ သာသနာပြုခြင်း နည်းဗျူဟာများ၊
ဆက်သွယ်ခြင်းအဓိပ္ပါယ်၊  ဆက်သွယ်ခြင်းအခြေခံပုံစံ(၅)မျိုး၊ ခရစ်ယာန်ဆက်သွယ်ရေးအခြေခံသဘောတရားများ၊ အကောင်းဆုံးဆက်သွယ်သူ၊ အမှုတော်ဆောင်နှင့်ဆက်သွယ်ခြင်းများကို ဝေငှခဲ့ပါသည်။

ကျောင်းသား၊ ကျောင်းသူများ (၃၅)ဦးခန့် တက်ရောက်ပါဝင်ခဲ့ပါသည်။

အစီအစဥ်ကို လက်ခံ ပေးသည်သာမက အစီအစဉ်တွင် ပါဝင် ကူညီ ပံ့ပိုးပေးပါသော ကျောင်းအုပ်ဆရာကြီး၊ ဒုတိယ ကျောင်းအုပ် ဆရာကြီး၊ ဆရာ၊‌ ဆရာမများနှင့် တက်ရောက် ပါဝင် ဆွေးနွေးကြသော ကျောင်းသူ၊ ကျောင်းသားများအား လုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်