မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်နှင့် မြန်မာနိုင်ငံဓမ္မတက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်သည့် စိတ်ပိုင်းဆိုင်ရာ ကနဦးစောင့်ရှောက်မှုသင်တန်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်၊ သောကြာနေ့တွင် နံနက်(၉:၃၀)နာရီမှညနေ(၄:၀၀) နာရီအထိ နှစ်ခြင်းအသင်းချုပ် ကူရှင်ခန်းမ၌ ပြုလုပ်ခဲ့ရာ အသင်းချုပ်၀န်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။