နှစ်ခြင်းအသင်းချုပ်ရုံး ဆုတောင်းရာနေ့အစီအစဥ်
ဇန်နဝါရီ 30, 2024
စိတ်ပိုင်းဆိုင်ရာ ကနဦးစောင့်ရှောက်မှုသင်တန်း
ဇွန် 5, 2024

ရူပါရုံ (Vision)
မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်များအားလုံး စုစည်းပါဝင်လျက် မြန်မာနိုင်ငံ ကမ္ဘာအရပ်ရပ်တွင် သခင် ယေရှု၏ ကယ်တင်ခြင်းတရားတော်မြတ်ကိုဟော ပြောခြင်း၊ ဥဿုံသာသနာလုပ်ငန်း လုပ်ဆောင်ခြင်းနှင့် သက်သေခံခြင်းဖြင့် ဘုရားသခင်၏ အလိုတော်သည် မြေကြီးပေါ်တွင် ပြည့်စုံလျက် ရှိခြင်း။

မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၏
ခံယူထားသည့်တာဝန် (Mission)
မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်သည် မြန်မာနိုင်ငံရှိ နှစ်ခြင်းအသင်းတော်များကို အခြေခခံ၍ လူမျိုးစုနှင့် ဒေသန္တရအဖွဲ့ချုပ်များမှတဆင့် ပါဝင်ဖွဲ့စည်းထားပြီး၊ နှစ်ခြင်းခရစ်ယာန်များ၊ ဝိညာဥ်ပါရမီ ရင့်ကျက် ရန်၊ ပြည့်စုံကြွယ်ဝသော အသက်တာကို လူတိုင်းခံစားရရှိရန်၊ နှစ်ခြင်းခရစ်ယာန်တို့၏ အခြေခံယုံကြည်ချက်နှင့် ကျင့်သုံးမှု အမွေ အနှစ်ကောင်းများတို့ကို ထိန်းသိမ်းမြှင့်တင်နိုင်ရန်နှင့် နိုင်ငံသားကောင်း ဖြစ်စေရန်အတွက် ဝတ်ပြုခြင်း၊ ထိရောက်သောသင်တန်းနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခြင်း။

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၏ ရည်ရွယ်ချက်များ (Purposes)
(၁) ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်းနှင့် ကမ္ဘာအရပ်ရပ်တွင် ကယ်တင်ရှင် သခင်ယေရှုဘုရား၏ ဝမ်း မြောက်ဖွယ် ကယ်တင်ခြင်းတရားတော် ပြန့်ပွား တည်တံ့ ကြီးပွား တိုးတက်ရေးအတွက် သာသနာ ပြုရန်နှင့် ထောက်ကူလမ်းညွှန် အားပေးရန်။
(၂) ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်းရှိ နှစ်ခြင်း ခရစ်ယာန်တို့သည် စည်းလုံးညီညွတ် ကြီးပွား တိုးတက်၍ ကောင်းမြတ်သော နှစ်ခြင်း အခြေခံ ယုံကြည်ချက်နှင့် ကျင့်ဝတ်တို့ကို စောင့်ရှောက် ထိန်းသိမ်း ကျင့်ဆောင်နိုင်ရေးအတွက် ပညာပေးမှု၊ ကူညီမှုနှင့် လမ်းညွှန်မှုပြုရန်။
(၃) ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ နှစ်ခြင်းခရစ်ယာန် အသင်းတော်တိုင်းနှင့် တပည့်တော်တိုင်းတို့ သည် ဝိညာဥ်ပါရမီ ရင့်ကျက်၍ ကယ်တင် ရှင် သခင်ယေရှုဘုရား၏ သွန်သင် ဆုံးမ သြဝါဒနှင့်အညီ သက်ရှင် ဝန်ထမ်းနိုင်ရေးအတွက် ခရစ်ယာန်ဓမ္မပညာ မြှင့်တင်ရေး၊ ပြန့်ပွားရေးနှင့် ပြုစု ပျိုး ထောင်ရေး လုပ်ငန်းများ အတွက် ပညာပေးမှု၊ ကူညီမှုနှင့် လမ်းညွှန်မှုပြုရန်။
(၄) ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ နှစ်ခြင်းခရစ်ယာန် ယုံကြည်ချက်နှင့် ကျင့်သုံးမှုများတွင် အခြေခံအားဖြင့် တူညီလျက် အသင်းတော်ရေး၊ သာသနာရေးတို့တွင် မေတ္တာသစ္စာဖြင့် အပြန်အလှန် ယိုင်းပင်း ခြင်း၊ လက်တွဲလျက် ဓမ္မဝန်ကို ထမ်းဆောင်ခြင်း ပြုနိုင်မည့် အခြားသော ခရစ်ယာန် ဂိုဏ်းဂဏများနှင့် လည်းကောင်း၊ ကမ္ဘာအရပ်ရပ်ရှိ ခရစ်ယာန် သာသနာ့အဖွဲ့အစည်း တို့နှင့်လည်းကောင်း၊ မိတ်သဟာယ ဖွဲ့လျက် ခရစ်ယာန် သာသနာတော် ပြန့်ပွား၍ ကြီးပွားတိုးတက်ရေး ကိစ္စအဝဝတွင် ပူးပေါင်းဆောင်ရွက် ရန်။
(၅) ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နှစ်ခြင်းခရစ်ယာန်ဘာသာဝင်တိုင်း သည် တိုင်းရင်းသားပြည်သူများ ဖြစ်ကြသည့်အတိုင်း တရားတော်နှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံ သားတို့၏အကျိုး ကို မေတ္တာ၊သစ္စာ၊ စေတနာနှင့် သယ်ပိုးသည့် နိုင်ငံသားကောင်းများ ဖြစ်စေရန်အတွက် သွန်သင်လမ်းပြ ဦးဆောင်မှု ပြုရန်။

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၏ တန်ဖိုးထားမှုများ (Values)
(၁) ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းခြင်းနှင့် တရားမျှတခြင်း (Love, Peace and Justice)
(၂) နှစ်ခြင်းတို့၏ ယုံကြည်ခြင်းနှင့်ကျင့်သုံးမှု (Baptist’s Faith and Order)
(၃) ကိုယ်ကျိုးစွန့် အစေခံ ဝန်ထမ်းခြင်း
(Service and Sacrifice)
(၄) စည်းလုံးညီညွတ်ခြင်း၊ အတူတကွ ပူးပေါင်း လုပ်ဆောင်ခြင်းနှင့် တစ်လုံးတစ်ဝတည်းဖြစ်ခြင်း (Unity and Solidarity)
(၅) တာဝန်သိခြင်းနှင့် တာဝန်ယူတတ်ခြင်း ( Responsibility and Accountability )
(၆) ဧဝံဂေလိနှင့် သာသနာပြုခြင်း
(Evangelism and Mission)

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၏
ဆောင်ပုဒ် (Motto)
“ ကိုယ်ကျိုးစွန့်ဝန်ထမ်း”

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်