တည်ကြည်ခိုင်ခံ့သော ဆက်ကပ်မှုများနှင့်
ဇွန် 19, 2024
ခက်ခဲသောကာလ၌အသင်းတော်များ၏ဝန်တာ
ဩဂုတ် 9, 2024

မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၊ ရန်ကုန်မြို့ပေါ်ရှိ အသင်းတော်များ ယုဒသန်နေ့အကြို စုပေါင်း ဝတ်ပြု ကိုးကွယ်ခြင်း အစီအစဥ်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၆) ရက်၊ စနေနေ့ နံနက်(၉:၀၀-၁၂:၀၀) နာရီတွင် နှစ်ခြင်း အသင်းချုပ် ကူရှင်ခန်းမ၌ ပြုလုပ်ရာ ဖိတ်ကြားထားသော အသင်းတော်များမှ (၂၅၀)ဦးခန့် တက်ရောက်ပါ၀င်ကြပါသည်။ အစီအစဥ် သဘာပတိအဖြစ် လူငယ်ဌာန တာ၀န်ခံ ဆရာမ နော်ဧပရယ်နွေး၊ ကြိုဆို နှုတ်ခွန်း ဆက်ခြင်းကို ဘဏ္ဍာထိန်း ဆရာမ နန်းသူဇာမွန်၊ အဖွင့်ဆုတောင်းဆက်ကပ်ခြင်းကို အရှိုချင်းနှစ်ခြင်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာ ဆမို ဇော်လင်းဦး၊ အလှူတော်ငွေ ဆက်ကပ်ခြင်းကို ပိုးကရင်နှစ်ခြင်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာ မန်းငြိမ်းထွန်းအောင်၊ အထူးဆုတောင်းခြင်းကို ကရင်နှစ်ခြင်းအဖွဲ့ချုပ် တွဲဖက် အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာ နော်လေးထူး၊ ဒေသနာ ဟောကြားခြင်းကို သိက္ခာတော်ရ ‌ဒေါက်တာ စောအော်နယ်ညို၊ အစီအစဥ်ကို ဦးဆောင်သူများ နှင့် ပါ၀င် ချီးမွမ်း သီဆို ကူညီ ပံ့ပိုးသူများအား ဂုဏ်ပြုခြင်း အစီအစဥ် ကို ဧသဌာန တာ၀န်ခံ သိက္ခာ‌‌တော်ရ ဆရာ ရိုဆန်း၊ ကျေးဇူးတင် စကား ပြောကြားခြင်းကို တွဲဖက် ဘဏ္ဍာထိန်း ဆရာ စောစိုင်းလတ်မဟူရာ၀ါး၊ အစားအစာအတွက် ကျေးဇူးတော် ချီးမွမ်းခြင်းကို ဘဏ္ဍာရေးနှင့် ပစ္စည်းထိန်းဌာန သဘာပတိ သိက္ခာတော်ရဆရာ ဦးကျာမူး၊ ကောင်းချီးပေးခြင်းကို  မြန်မာနိုင်ငံ နှစ်ခြင်း အသင်းတော်များ အဖွဲ့ချုပ် နှစ်ခြင်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာ စောထူးအယ်တို့က ဦးဆောင်ခဲ့ပါသည်။

ဖိတ်ကြားထားသော ဦးနောနှစ်ခြင်း အသင်းတော်၊ ခိုးလ်ကရင်နှစ်ခြင်း အသင်းတော်၊ ဧမာနွေလ ကရင်နှစ်ခြင်း အသင်းတော်နှင့် Kairos Mission Training Center တို့မှ သံစုံ သီချင်းများ ချီးမွမ်း သီဆိုခဲ့ကြပါသည်။ အစီအစဥ် အစပိုင်း တွင်လည်း ချီးမွမ်း ဝတ်ပြုခြင်းကို ကိုဒါးပီးနှင့်အဖွဲ့မှ တီးခတ် သီဆို ချီးမွမ်းလျက်၊ တီးတိန်နှစ်ခြင်းအသင်းတော် ရန်ကုန်မှ Khai Kahi က တစ်ပင်တိုင် ချီးမွမ်း သီဆို ခဲ့ပါသည်။ ဓာတ်ပုံနှင့် ဗီဒီယို  မှတ်တမ်းတင်ရန် အတွက်လည်း ရန်ကုန် ကချင်နှစ်ခြင်း အသင်းတော်မှ ဆရာဂျိမ်းစ်နှင့် အဖွဲ့က မေတ္တာဖြင့် ဆက်ကပ် ပါ၀င် ရိုက်ကူး တည်းဖြတ် ပေးခဲ့ပါသည်။

ကောက်ခံရရှိသော အလှူငွေမှာ ၆၀၅,၀၀၀/-ကျပ် ဖြစ်ပြီး၊ Kairos Mission Training Center မှ တစ်သိန်းကျပ် လှူဒါန်းရာ၊ အလှူငွေ စုစုပေါင်း ၇၀၅,၀၀၀/- ကျပ်ဖြစ်ပါသည်။

အစီအစဥ်သို့ ပါ၀င်သူတိုင်းအား ဆရာယုဒသန်အမှတ်တရ ဖန်ခွက်နှင့် အိတ်တို့ကို လက်ဆောင်ပေးခဲ့ပြီး၊ နေ့လည်စာ အဖြစ် ခေါက်ဆွဲကြော်ဘူးတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

 

 

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်