မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၊ အမျိုးသားဌာနမှ ဦးဆောင် ပြုလုပ်သော မုတ်သုံသမ္မာ ကျမ်းစာသင်တန်း
“ ပိတ်ပွဲ အစီအစဉ်၊ သမ္မာကျမ်းစာ လေ့လာခြင်းနှင့် သက်ကြွယ် အစီအစဥ်” ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၂၁) ရက်၊ စနေနေ့ နံနက်(၁၀:၀၀-၁၂:၀၀) နာရီအထိ နှစ်ခြင်းအသင်းချုပ် အောက်မေ့ဖွယ်ခန်းမ၌ ပြုလုပ်ခဲ့ရာ Rev. ရိုဆန်း(တာဝန်ခံ၊ အသင်းချုပ် ဧသဌာန) က သမ္မာကျမ်းစာ သင်ကြားပေးခဲ့ပါသည်။ သက်ကြွယ်များကိုလည်း ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့ပြီး နေ့လည်စာ အတူတကွ စားသုံးခြင်းဖြင့် အစီအစဥ်ကို ရုပ်သိမ်းခဲ့ပါသည်။