မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၊ ခရစ်ယာန် ဆက်သွယ်ရေး ဌာန၏ လုပ်ငန်းအစီအစဥ် တစ်ရပ်ဖြစ်သော “ သာ သနာပြုခြင်း နှင့် ခရစ်ယာန်ဆက်သွယ်ရေး” ခေါင်းစဥ်ဖြင့် သင်တန်း ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၄ ခုနှစ်၊ စက်တင် ဘာလ (၁၈)ရက်တွင် ကျိုင်းတုံမြို့ရှိ အာခါနှစ်ခြင်းကျမ်းစာကျောင်း၌ ပြုလုပ်ရာ ကျောင်းအုပ်ကြီး ယာထူ ဦးဆောင် စီစဥ်ပေးမှုဖြင့် ဌာန တာ၀န်ခံ ဆရာမ မေနှင်းဆီမှ ပို့ချဝေငှခဲ့ပြီး အာခါ နှစ်ခြင်းကျမ်းစာ ကျောင်းသူ ကျောင်းသားများနှင့် ဓမ္မကထိက ဆရာ ဆရာမများ (၅၀)ဦးခန့် ပါဝင် တက်ရောက်ခဲ့ကြကာ သိလိုသည်များကို မေးမြန်း ဆွေးနွေး တုံ့ပြန်ခဲ့ကြပါသည်။