မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၊ ခရစ်ယာန်ဆက်သွယ်ရေးဌာနမှ ဦးဆောင်၍ “ မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းသင်တန်း” ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၂၆-၂၇) ရက်များတွင် နံနက်(၁၀:၀၀) မှ မွန်းလွဲ(၃:၀၀) နာရီအထိ ဌာနစည်းဝေးခန်း၌ ပြုလုပ်ရာ မြန်မာနိုင်ငံခရစ်ယာန်ကောင်စီ အဖွဲ့ဝင် များဖြစ်သော အမျိုးသားချင်း ထောက်ပံ့သည့် ကရင်နှစ်ခြင်းသာသနာပြုအသင်းချုပ် SSKBMS၊ မြန်မာနိုင်ငံ ခရစ်ယာန် အနာကြီးရောဂါ သာသနာပြု အဖွဲ့ MCLM, YMCA, VisionTrust Myanmar, MIT, MICT, MBCU, ကရင်နှစ်ခြင်းအဖွဲ့ချုပ်၊ ပိုးကရင်နှစ်ခြင်းအဖွဲ့ချုပ်၊ MBC တို့မှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၅)ဦး တက်ရောက်ပါ၀င်ခဲ့ကြပါသည်။ ဌာနမှ ဗီဒီယိုပိုင်းဆိုင်ရာတာဝန်ယူသူ ဆရာ စောဘေးလေသီဟသော်မှ စာတွေ့ လက်တွေ့ ပို့ချဝေငှခဲ့ပါသည်။ သင်တန်းကို စက်တင်ဘာလ(၂၆)ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် နှစ်ခြင်း အသင်းချုပ် တွဲဖက် ဘဏ္ဍာထိန်း ဆရာစောစိုင်းလတ်မဟူရာ၀ါးက ကြိုဆိုနှုတ်ခွန်းဆက်၍ ဆုတောင်း ဆက်ကပ်ပေးခြင်းဖြင့် အစပြုခဲ့ပြီး၊ စက်တင်ဘာလ(၂၇)ရက်နေ့ မွန်းလွဲ (၃း၃၀)နာရီတွင် နှစ်ခြင်းအသင်းချုပ် စာကြည့်တိုက်မှူး ဆရာဦးအောင်သန်းဦး၏ ဦးဆောင်မှုဖြင့် တက်ရောက်လာသူများထံမှ သုံးသပ်ချက်များ နှင့် ဆွေးနွေးဝေငှ ပြောလိုသည်များကို ၀ိုင်းဝန်းဆွေးနွေးအကြံပြုကြပြီး၊ သင်တန်းပို့ချသူဆရာကို မေတ္တာပြ ဂုဏ်ပြုကာ ကျေးဇူးတော်ချီးမွမ်းဆုတောင်းဆက်ကပ်လျက် သင်တန်းကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါသည်။