ပြည်တွင်း သာသနာပြု နည်းဗျူဟာ နည်းဟန်များ လေ့လာသုံးသပ် အသစ်ဖော်ထုတ်ခြင်း
စက်တင်ဘာ 30, 2024
ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ခြင်းသင်တန်း
အောက်တိုဘာ 29, 2024

ယုဒသန်တက္ကသိုလ် Judson University  စတင်ဖွင့်လှစ်ရန်အတွက် ပထမခြေလှမ်းအနေဖြင့်  Myanmar Institute of Theology MIT နှင့် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်တို့ ပူးပေါင်းဖွင့်လှစ်မည့် General Education Diploma (GED ကဲ့သို့သော အထွေထွေပညာရေး)ကို ၂၀၂၅ ခုနှစ် ဇန်န၀ါရီလတွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ပါသည်။

ရည်ရွယ်ချက်

၁။ အကြောင်းအမျိုးမျိုးကြောင့် အထက်တန်းပညာရေးကို ဆုံးခန်းတိုင် မသင်ယူနိုင်သောသူများအတွက် အထက်တန်း ပညာရရှိရန်။

၂။ အနာဂတ်လူငယ်များအတွက် ကောင်းမွန်သောစာရိတ္တနှင့်ပညာရေးကိုရရှိစေရန်။

၃။ Judson University JU အတွက် ကောင်းမွန်သောပညာရေးနှင့် ထူးချွန်သောကျောင်းသား/သူများရရှိစေရန်။

သင်တန်းအစီအစဥ်

ဝင်ခွင့်ဖြေဆိုရာတွင် အမှတ်စာရင်းအလိုက် Level 1,2,3ဟူ၍ သတ်မှတ်ထားပါသည်။

Level 1,2 သည် Pre GE Class ဖြစ်၍ အချိန်ကာလ တစ်နှစ်ဖြစ်ပါသည်။

Level 3 သည် Diploma in GE ဖြစ်၍ တက်ရောက်ချိန် တစ်နှစ်ဖြစ်ပါသည်။

အဓိက ဘာသာရပ်ဖြစ်သည့် Maths, English, Science, Social Studies များအပြင်၊ Christian Ethics, Music, Well-being, Critical thinking & Myanmar တို့ကိုလည်း သင်ကြားမည်ဖြစ်ပါသည်။

မှတ်ချက်

၁။ အသက်(၁၄)နှစ်နှင့်အထက်ဖြစ်ပြီး၊ (၈)တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။

၂။ ကျောင်းချိန်မှာ နံနက်(၉း၀၀)နာရီမှ (၃း၀၀)နာရီအထိဖြစ်ပြီး၊ တနင်္လာနေ့မှသောကြာနေ့အထိ တက်ရောက်ရမည်။

၃။ နှစ်ခြင်းအသင်းချုပ် နှစ်(၂၀၀)အောက်မေ့ဖွယ် အဆောက်အဦတွင် လူတွေ့နှင့် Online (Hybrid) သင်ကြားမည်ဖြစ်သည်။

 

သို့ဖြစ်ပါ၍ အနာဂတ်ခေါင်းဆောင်များဖြစ်သော လူငယ်များ၏ ပညာရေးအတွက် ဝိုင်းဝန်း အကြံပြု ကူညီ ပံ့ပိုး ပေးလှူသတိရ ဆုတောင်းခြင်းအားဖြင့် ပါဝင်ကြပါရန်လည်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။

အလှူငွေပေးပို့ရန်

ဆရာမနန်းသူဇာမွန်

Kpay No. 09425 390 534 (MA NAN THUZAR MON)

 

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်