မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၊ အမျိုးသားဌာနမှ ဦးဆောင်၍ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီအဖွဲ့ဝင် အသင်းတော်များမှ “ ဂိုဏ်းပေါင်းစုံ အမျိုးသား ခေါင်းဆောင်များ မိဿဟာယ အစီအစဉ်” ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်၊ ကြာသပတေးနေ့၊ နံနက် (၉:၀၀)နာရီတွင် နှစ်ခြင်းအသင်းချုပ်၊ ကူရှင်ခန်းမ၌ ပြုလုပ်ရာ သဘာပတိ အဖြစ် ဌာန တွဲဖက်တာဝန်ခံ Rev. လွင်နိုင်ဦး၊ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်းကို ဌာနသဘာပတိ ဆရာစောသောတူ၊ ဆုတောင်းခြင်းကို ဌာနကော်မတီဝင် Rev. ဆလိုင်းရောဂျာ (အနားယူ ဌာနတာ၀န်ခံနှင့် သဘာပတိ)၊ ဒေသနာ ဝေမျှခြင်းကို နှစ်ခြင်းအသင်းချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး Rev. Dr. ရောဘတ်ပွန်း၊ ကျေးဇူးတင်စကားပြောကြားခြင်း နှင့် ကောင်းချီး တောင်းခံခြင်း ကို ဌာနတာဝန်ခံ Rev. ဘရန်ဆိုင်းတို့က ဆောင်ရွက်ခဲ့ပါသည်။
တက်ရောက်လာကြသော အမျိုးသား ခေါင်းဆောင်များက ဌာနလုပ်ငန်းများကို အသီးသီး တင်ပြခဲ့ကြပြီး၊ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခြင်းဖြင့် အစီအစဥ်ကို ရုပ်သိမ်းကာ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ စုစုပေါင်း အမျိုးသား (၃၀)ဦးခန့်တက်ရောက်ပါဝင်ခဲ့ပါသည်။