Logos Studio (၃၅) နှစ်ပြည့် ကျေးဇူးတော်ချီးမွမ်းခြင်းအစီအစဉ်
ဇန်နဝါရီ 18, 2025
နှစ်ခြင်းအသင်းချုပ်ဆုတောင်းရာနေ့ (၂၀၂၅)
ဖေ‌ဖော်ဝါရီ 2, 2025

မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ် အုပ်ချုပ် စီမံရေးအဖွဲ့ အစည်းအဝေး (၂၀၂၄ ခုနှစ်) နှင့် (၁၂၅)ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၃-၁၇)ရက်တွင်  အလုံရှိ  ရန်ကုန် ကရင် အနီး သာသနာနယ်အဖွဲ့ရုံးဝင်းရှိ Franc Hall တွင် “ ချစ်ခြင်းမေတ္တာ ပြည့်ဝသော အသက်တာ” (A Life filled with Love – ဝတ်ပြု ၁၉:၁၈, ယောရှု ၂၃:၁၁, မဿဲ ၂၂:၃၇-၄၀, ယောဟန် ၁၃:၃၄-၃၅) အဓိက အချက်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ရာ လူမျိုးစု နှင့် ‌ဒေသန္တရ အဖွဲ့ချုပ်များမှ ကိုယ်စားလှယ်ပေါင်း လေးရာခန့် တက်ရောက် ပါဝင်ခဲ့ကြပါသည်။

(၁၂၅) ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးမှ ရွေးကောက် တင်မြှောက်ကြသော (၂၀၂၅-၂၀၂၇)ခုနှစ် သက်တမ်းအတွက် မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၏ ဦးဆောင်သူများများမှာ

ဥက္ကဌ   – Rev. Dr. စောဆမ်ဆန်

ဒုဥက္ကဌ – Rev. Dr. ‌ေ၀ါ်လေး

ဒုဥက္ကဌ – Rev. Dr. အေးနွယ်

အထွေထွေအတွင်းရေးမှူး – Rev. Dr. ထန်ကျင့်လျန်း

တွဲဖက်အထွေထွေအတွင်းရေးမှူး – Rev. Dr. ရောဘတ်ပွန်း

ဘဏ္ဍာထိန်း – ဆရာမ နန်းသူဇာမွန်

ဖြစ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်