မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၊ ခရစ်ယာန် ဓမ္မပညာဌာနမှ ဦးဆောင်၍ ၂၀၂၅ခုနှစ် နွေဥတု သမ္မာ ကျမ်းစာသင်တန်းအတွက် “ သင်ခန်းစာများ လက်တွေ့သင်ကြားခြင်း သင်တန်း” ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်၀ါရီလ (၁၂-၁၄)ရက်များတွင် နေ့စဥ် နံနက်(၉:၀၀-၃:၃၀)နာရီ အချိန်အထိ ကူရှင်ခန်းမ၌ ပြုလုပ်ခဲ့ရာ လူတွေ့ တက်ရောက်သူ (၈၉)ဦး နှင့်
Zoom ဖြင့်တက်ရောက်သူ (၁၃၀)ဦးခန့်ရှိပါသည်။ ယခုနှစ်အတွက် အဓိကအချက်မှာ “ ပြည့်ဝသက်တာစုံလင်ဖို့ ချစ်ခြင်းမေတ္တာ ဝေမျှစို့” ဖြစ်ပါသည်။