၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၉၊၁၂၊၁၆)ရက်များတွင် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ် ခရစ်ယာန်ဆက်သွယ်ရေးဌာနမှ ဦးဆောင်၍ အသုံးချသတင်းရေးသားနည်း သင်တန်းကို ပြုလုပ်ခဲ့ရာ ဖိတ်ကြားထားသော လူမျိုးစုနှင့်ဒေသန္တရအဖွဲ့ချုပ်များ၏ ရန်ကုန်အသင်းတော်များဖြစ်သော ရန်ကုန်လားဟူနှစ်ခြင်းအသင်းတော်၊ ရန်ကုန်လီဆူနှစ်ခြင်းအသင်းတော်၊ ရန်ကုန်၀နှစ်ခြင်းအသင်းတော်၊ ရန်ကုန်နာဂနှစ်ခြင်းအသင်းတော်၊ ရန်ကုန်ရှမ်းနှစ်ခြင်းအသင်းတော်၊ ရန်ကုန်တီးတိန်နှစ်ခြင်းအသင်းတော်၊ တေလေဂူနှစ်ခြင်းအသင်းတော်၊ မြောက်ဥက္ကလာပပိုးကရင်နှစ်ခြင်းအသင်းတော်၊ ခိုလ်းကရင် နှစ်ခြင်း အသင်း တော်၊ မင်္ဂလာဒုံတိုင်းရင်းသား နှစ်ခြင်းအသင်းတော်၊ အင်းစိန်မွန်နှစ်ခြင်းအသင်းတော်၊ ရခိုင်ပြည်နယ် ချင်းနှစ်ခြင်းအသင်းတော်-ရန်ကုန် တို့အပြင် လေ့လာသူများအဖြစ် အမျိုးသားချင်းထောက်ပံ့သည့်ကရင်နှစ်ခြင်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံခရစ်ယာန်ဓမ္မတက္ကသိုလ်အပါအဝင် စုစုပေါင်း (၁၆)ဦး ပါဝင် တက်ရောက်ခဲ့ကြပါသည်။
သင်ကြားပို့ချဆွေးနွေးသောဘာသာရပ်များမှာ
၁။ ဆက်သွယ်ပြောဆိုခြင်း Communication
၂။ အသုံးချသတင်းရေးသားခြင်း News writing
၃။ သတင်းစာရှင်းလင်းပွဲ Press Conference
၄။ တွေ့ဆုံမေးမြန်းခြင်း Interview
တို့ ဖြစ်ပြီး၊ Dr. ဘန်အောင်နှင့်ဆရာမလဖိုင်နန်ဒွဲ တို့က ဦးဆောင်သင်ကြားဆွေးနွေးရှင်းလင်းပေးပါသည်။
သင်ကြားဆွေးနွေးရာတွင် လက်တွေ့လုပ်ဆောင်မှုများ၊ အဖွဲ့ခွဲဆွေးနွေး၍ အဖွဲ့လိုက် ပြန်လည်တင်ပြခြင်းများပြုလုပ်ခဲ့ကြပြီး၊ သင်ကြားသည့်ဆရာမဒေါက်တာဘန်အောင် မိသားစုမှ တည်ခင်းဧည့်ခံကျွေးမွေးသော နေ့လည်စာများဖြင့် အတူတကွမိတ်သဟာဖွဲ့စားသုံးကြပါသည်။
အမှတ်တရစုပေါင်းအဖွဲ့ဓာတ်ပုံရိုက်ကူးခြင်း၊ သတင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခြင်းအပြင် သင်တန်းဆင်းလက်မှတ်များပေးအပ်သွားမည်ဖြစ်ပါသည်။