ခေါင်းဆောင်မြှင့်တင်ရေးအစီအစဉ်ဌာန (Leadership Development Program Department)
ဌာနသဘာပတိ – ဆရာမမေတင်ဦး
ဌာနတာ၀န်ခံ – သိက္ခာတော်ရဆရာအိုက်နပ်တောင်း
၁၉၈၀-ခုနှစ်၊ မေမြို့တွင် ပြုလုပ်သည့် အသင်းချုပ် သင်းလုံးကျွတ်စည်းဝေးမှ ဖွဲ့စည်းတာဝန်ပေးလိုက် သော (၇)ဦး ပါ၀င်သည့်ကော်မတီငယ်သည် အသင်းချုပ်(၅)နှစ်စီမံကိန်း တိုင်းခြားပညာတော်သင် စေလွှတ်ရေး မူကို ရေးဆွဲတင်ပြခဲ့ပါသည်။ ၁၉၈၃-ခုနှစ်တွင် ဓမ္မပညာတော်သင် စေလွှတ်ရေးကော်မတီအမည်ဖြင့် ပြောင်းလဲ၍ ဆောင်ရွက်လာကြောင်း မှတ်တမ်းအရ တွေ့ရပါသည်။ ၁၉၈၆-ခုနှစ်တွင် ပညာတော်သင် စေလွွှတ်ရေးကော်မတီအဖြစ် ပြောင်းလဲ၍သော်လည်းကောင်း၊ ၁၉၉၄-ခုနှစ်တွင် ခေါင်းဆောင်မြှင့်တင်ရေး အစီအစဉ်ကော်မတီဟု ပြောင်းလဲခဲ့သည်။ မြစ်ကြီးနားမြို့တွင် ကျင်းပသော(၁၀၈)ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးတွင် ခေါင်းဆောင်မြှင့်တင်ရေးဌာနအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။
လုပ်ငန်းအစီအစဉ်များ
၁။ တုရန္တုရိပ်သာလုပ်ငန်းစီမံချက်
၂။ စာကြည့်တိုက်လုပ်ငန်း
၃။ ယုဒသန်ပညာသင်ထောက်ပ့ံခြင်း
၄။ Church Music Training