အုပ်ချုပ်စီမံရေးအဖွဲ့အစည်းအဝေး(၂၀၂၃)ခုနှစ်
ဇန်နဝါရီ 18, 2024

၂၀၂၄ ခုနှစ်၊ ဇန်န၀ါရီလ (၂၉)ရက်၊ တနင်္လာနေ့ နံနက် (၉း၀၀-၁၂း၀၀ )နာရီ အထိ နှစ်ခြင်း အသင်းချုပ် အောက်မေ့ဖွယ် ခန်းမတွင် ကျင်းပခဲ့ရာ၊ နှစ်ခြင်း အသင်းချုပ် ဘဏ္ဍာထိန်း ဆရာ မနန်းသူဇာမွန်၊ ဌာန ဝာာ၀န်ခံများ နှင့် ဝန်ထမ်းများ ပါဝင် တက်ရောက်ခဲ့ပါသည်။ အစီအစဥ်ကို ချီးမွမ်းခြင်းဖြင့် စတင်ခဲ့ရာ၊ ဆရာ စရှမွေလနှင့် အဖွဲ့က လည်းကောင်း၊ အစီအစဥ်မှူးအဖြစ် ဧသဌာန တာ၀န်ခံ Rev. ရိုဆန်း၊ သမ္မာကျမ်းစာ သင်ကြားခြင်းကို ဟေရှာယ အနာဂတ္တိကျမ်း အခန်းကြီး ၅၈ ကို ကိုးကား၍ “ အလိုတော်ရှိသော အစာရှောင်ဆုတောင်းခြင်း” ခေါင်းစဥ်ဖြင့် မြန်မာနိုင်ငံ ခရစ်ယာန် ဓမ္မ တက္ကသိုလ် ဒုတိယ ကျောင်းအုပ်ကြီး (အနားယူ) ဆရာမကြီး ဒေါ်ကြည်ကြည်ဒင်၊ အပြစ် ဝန်ချခြင်း နှင့် အထူးသဖြင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်းကို သီသြလော်ဂျီ ပညာဌာန တာဝန်ခံ Rev. Dr. စောစိုင်းရပ်စ်စိန်၊ တွဲဖက် တာဝန်ခံ Rev. ဂျွန်ဆင်နှင့် စာပေနှင့် ပုံနှိပ် ထုတ်ဝေရေး ဌာန တာဝန်ခံ ဆရာစောအယ်ဒီမူးတို့က လည်းကောင်း၊ ဆက်ကပ် ဝတ်ပြုခြင်း အစီအစဥ်တွင် သဘာပတိ အဖြစ် Rev. ဘရန်ဆိုင်း၊ ဒေသနာ ဝေငှခြင်းကို ယုဒသန် တက္ကသိုလ် ဖြစ်မြောက်ရေး ကော်မတီ အတွင်း ရေးမှူး ဆရာမ နော်လားဖော၊ ဆုတောင်းခြင်းကို ခရစ်ယာန် ဓမ္မပညာဌာနမှ ဆရာမ အားမိသဲ၊ ဂုဏ်တော် ချီးမွမ်းခြင်းကို ပစ္စည်းထိန်း ဝာာဝန်ခံ ဆရာ စောစေးလယ်ဖော၊ ကျေးဇူးတင် စကား ပြောကြားခြင်း၊ အစား အသောက် အတွက် ကျေးဇူးတော် ချီးမွမ်း ဆက်ကပ်ခြင်း နှင့် ကောင်းချီး ပေးခြင်းကို Rev. အိုက်နပ်တောင်းတို့က လည်းကောင်း ဦးဆောင်ခဲ့ပါသည်။

အစီအစဥ် အပြီးတွင် တွဲဖက် အထွေထွေ အတွင်းရေးမှူး နှင့် ဇနီး ဆရာမ ဆိုင်းရာ မိသားစုမှ ဖခင်ကြီးအား အောက်မေ့ သတိရခြင်း နှင့် အဝေးရောက် ညီအမများ ကျေးဇူးတော် ချီးမွမ်းခြင်းအဖြစ် တက်ရောက်လာသူ အားလုံး တို့အား နေ့လည်စာကို ဧည့်ခံ ကျွေးမွေးခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်