Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/mbc1813/public_html/wp-content/plugins/revslider/includes/operations.class.php on line 2758

Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/mbc1813/public_html/wp-content/plugins/revslider/includes/operations.class.php on line 2762

Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/mbc1813/public_html/wp-content/plugins/revslider/includes/output.class.php on line 3706
Sustainable Agriculture Training center (SATC) သင်တန်းခန်းမ – MBC
“ ဆက်သွယ်ရေးနှင့်သိသင့်သောဥပဒေများ” သင်တန်း
ဇွန် 6, 2024
တည်ကြည်ခိုင်ခံ့သော ဆက်ကပ်မှုများနှင့်
ဇွန် 19, 2024

ကျေးဇူးတော်ချီးမွမ်းဆက်ကပ်ခြင်းအစီအစဉ်

မြန်မာနိုင်ငံ နှစ်ခြင်းအသင်းချုပ်၊ ခရစ်ယာန် လူမှုဝန်ထမ်းခြင်း နှင့် ဖွံ့ဖြိုးရေးဌာန၊ နှစ်ထပ်ဆောင် သင်တန်း ခန်းမ ကျေးဇူးတော် ချီးမွမ်း ဆက်ကပ်ခြင်း အစီအစဥ်ကို ၂၀၂၄ ခုနှစ်၊ မတ်လ(၂၀)ရက်၊ ဗုဒ္ဓဟူးနေ့ နံနက်(၁၀:၀၀) နာရီတွင် မှော်ဘီမြို့ ညောင်တံခါးကျေးရွာရှိ MBC CSSDD- SATC ခြံရှိ ယင်းအဆောက်အအုံတွင် ပြုလုပ်ရာ နှစ်ခြင်း အသင်းချုပ်အထွေထွေ အတွင်းရေးမှူး၊ ဘဏ္ဍာထိန်း၊ တွဲဖက် ဘဏ္ဍာထိန်းတို့ ဦးဆောင်လျက် ဌာနတာ၀န် ခံများ၊ တွဲဖက်၊ လက်ထောက် တာ၀န်ခံများ၊ ယခင် နှင့် ယခု CSSDD ဌာနတွင် အတူတကွ အမှုတော်ဆောင် ဆက်ကပ်ခဲ့သော ဌာန သဘာပတိ၊ တာ၀န်ခံ၊ လက်ထောက် တာ၀န်ခံနှင့် ၀န်ထမ်းများ (၅၀)ဦးခန့် အတူတကွ ပါ၀င်ခဲ့ကြ ပါသည်။

အစီအစဥ်ကို အဆောက်အအုံအသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်းနှင့် ၀တ်ပြုခြင်းဟူ၍ နှစ်ပိုင်းခွဲ၍ ပြုလုပ်ရာ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းကို သဘာပတိအဖြစ် ဆရာမဖြူဖြူသင်း၊ အဖွင့် ဆုတောင်း ဆက်ကပ်ခြင်းကို အသင်းချုပ် သီသြလော်ဂျီပညာဌာန တာ၀န်ခံ Rev. Dr. စောစိုင်းရပ်စ်စိန်၊ ဖဲကြိုး ဖြတ်ခြင်းကို အနားယူ ဌာနတာ၀န်ခံ ဆရာ စောဟဲမူးနှင့် လက်ရှိ ဌာန တာ၀န်ခံ Rev. Dr. မန်ခန့်ဆုမ်း၊ အသင်းချုပ် အထွေထွေ အတွင်းရေးမှူး Rev. Dr. ထန်ကျင့်လျန်းနှင့် ဘဏ္ဍာထိန်း ဆရာမနန်းသူဇာမွန်၊ သော့ဖွင့်ခြင်းကို အသင်းချုပ် အထွေထွေအတွင်းရေးမှူးတို့က ဦးဆောင်လျက် အဆောက်အအုံတွင်းသို့ ဝင်ရောက်ကြပြီး၊ အပေါ်ထပ်ရှိ သင်တန်းခန်းမတွင် ကျေးဇူးတော် ချီးမွမ်း ၀တ်ပြုခြင်း အစီအစဥ်ကို ဆက်လက် ပြုလုပ်ခဲ့ကြပါသည်။

ဒုတိယပိုင်း အစီအစဥ်ကို သဘာပတိအဖြစ် အသင်းချုပ် အမျိုးသမီးဌာန တာ၀န်ခံ ဆရာမနန့်ဘက်ဒီထူး၊ ကြိုဆို နှုတ်ခွန်းဆက်ခြင်းနှင့် အဆောက်အအုံ ဒီဇိုင်းဆွဲပေးသော ဌာန၀န်ထမ်း နန့်နိုနိုကျော်၊ ဆောက်လုပ်ပေးသူ ကို မင်းဇော်တို့အား ဂုဏ်ပြုခြင်းကို Rev. Dr. မန်ခန့်ဆုမ်း၊ အဆောက်အအုံနှင့် ပတ်သက်၍ တင်ပြခြင်း၊ ကြေငြာခြင်း နှင့် ကျေးဇူးတင် စကား ပြောကြားခြင်းကို ဌာန တွဲဖက် တာ၀န်ခံ ဆရာဇီးမွန်၊ တိုက်တွန်း ခွန်အားပေးခြင်းကို Rev. Dr. ထန်ကျင့်လျန်း၊ အထူး ဆက်ကပ်ဆုတောင်းခြင်းကို ဆရာမ နန်းသူဇာမွန်နှင့် မှုတော် ဆောင်ရွက်ကျူး ဓမ္မသီချင်းကို သီဆိုပြီးနောက် ခေါင်းဆောင် မြှင့်တင်ရေးဌာန တာ၀န်ခံ Rev. အိုက်နပ်တောင်းက ကောင်းချီး တောင်းခံပေး ပါသည်။ သင်တန်း အဆောက်အအုံ အနီးတွင် ခြံမန်‌နေဂျာအတွက် ၀န်ထမ်းနေအိမ်ကိုလည်း ဆောက်လုပ်ထားရာ Rev. အိုက်နပ်တောင်းမှ ဆက်ကပ် ဆုတောင်းပေးပါသည်။ ထို့နောက် နေ့လည်စာ ထမင်းဟင်းဖြင့် ဧည့်ခံရာ အသင်းချုပ် စာပေနှင့် ပုံနှိပ် ထုတ်ဝေရေးဌာနတာ၀န်ခံ ဆရာစောအယ်ဒီမူး ကျေးဇူးတော်ချီးမွမ်းဆုတောင်း ခြင်းဖြင့် အားလုံး အတူတကွ စားသုံးပြီးနောက် ခြံတွင်း၌ စိုက်ပျိုးထားသော ဟင်းသီး ဟင်းရွက်များနှင့် ကြက်ဥများ ကို ၀ယ်ယူအားပေးခဲ့ကြပါသည်။

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်