Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/mbc1813/public_html/wp-content/plugins/revslider/includes/operations.class.php on line 2758

Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/mbc1813/public_html/wp-content/plugins/revslider/includes/operations.class.php on line 2762

Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/mbc1813/public_html/wp-content/plugins/revslider/includes/output.class.php on line 3706
နှစ်ခြင်းအသင်းချုပ် အနာဂတ်အတွက် – MBC
ကွင်းဆက် အစာရှောင် ဆုတောင်းခြင်း အစီအစဉ်
ဩဂုတ် 23, 2019
“ နိုင်ငံတော် အပြောင်းအလဲ နှင့် ခရစ်ယာန် ခေါင်းဆောင်များ၏ အမြင်”
စက်တင်ဘာ 2, 2019

နှစ်ခြင်းအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး၊ ဘဏ္ဍာထိန်း၊ ဌာန တာဝန်ခံများ၊ တွဲဖက် တာဝန်ခံများနှင့် လက်ထောက် တာဝန်ခံများသည် ပြင်ဆင်ရေးဆွဲနေဆဲ ဖြစ်သော နှစ်ခြင်းအသင်းချုပ်၏ အခြေခံ စည်းမျဉ်း စည်းကမ်း နှင့် အသင်းချုပ် ပစ္စုပ္ပန်နှင့်အနာဂတ်စီမံကိန်းများအတွက် Tearfund နှင့် တွဲဖက်လျက် ညှိနှိုင်း ဆွေးနွေး ရေးဆွဲရေး အစီအစဉ်ကို ၂၀၁၉ ခုနှစ် သြဂုတ် (၂၇-၂၉)ရက် အထိ ပုဂံမြို့ Lotus Hotel တွင် ပြုလုပ်ခဲ့ကြပါသည်။ ချီးမွမ်းခြင်း၊ သမ္မာကျမ်းစာ သင်ကြားခြင်း၊ တင်ပြခြင်း အတူတကွ မိတ်သဟာယဖွဲ့ခြင်း ဆုတောင်းခြင်း နှင့် လေ့လာရေးအစီအစဉ်များ ပါဝင်ပါသည်။

ပထမအကြိမ် နှစ်ခြင်းအသင်းချုပ် အခြေခံ စည်းမျဉ်းစည်းကမ်းများ ပြင်ဆင်ရေးဆွဲခြင်း (ရုံးလက်စွဲ သုံးသပ်ပြုပြင် ရေးဆွဲခြင်း) အစီအစဉ်ကို နေပြည်တော်ရှိ Emerald Palace Hotel တွင် ၂၀၁၉-ခုနှစ် ဇူလိုင်လ(၂၅-၂၇) ရက်အထိ ပြုလုပ်ခဲ့ပါသည်။ ထိုအစီအစဉ် အတွက် တည်းခိုရန်နေရာနှင့် ဧည့်ခံကျွေးမွေးခြင်းကို မေတ္တာ စေတနာဖြင့် “ ဦးလထော်ခွန်မြတ်+ ဒေါ်လမိုင် ဘောက်တောင် မိသားစု” မှ ကူညီ ပံ့ပိုးပေးခဲ့သည့်အတွက် နှစ်ခြင်း အသင်းချုပ်မှ ကျေးဇူးတင်လျက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်