နှစ်ခြင်းအသင်းချုပ် (၁၂၄)ကြိမ်‌မြောက် သင်းလုံးကျွတ် အစည်းအဝေးတွင် ရွေးချယ်တင်မြှောက်ခဲ့သော နှစ်ခြင်းအသင်းချုပ် ဦးဆောင်သူများ
မတ် 24, 2022
နှစ်ခြင်းအသင်းချုပ် (၁၈၃)ကြိမ်မြောက် အမှုဆောင်အဖွဲ့အစည်းအဝေး
ဇူလိုင် 1, 2022

နှစ်ခြင်းအသင်းချုပ်၏ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အစီအစဥ် အဖြစ် ဇွန်လ(၄)ရက် စနေနေ့တွင် မှော်ဘီရှိ SATC သင်တန်းခြံတွင် နှစ်ခြင်းအသင်းချုပ် ခရစ်ယာန် လူမှု၀န်ထမ်းခြင်း နှင့် ဖွံ့ဖြိုးရေးဌာန တာဝန်ခံ သိက္ခာတော်ရ ဆရာမန်းအောင်ဇော်မိုး ဦးဆောင်၍၊ ခရစ်ယာန် ဆက်သွယ်ရေးဌာန တာဝန်ခံ ဆရာမ မေနှင်းဆီက အဖွင့် ဆုတောင်းပေးခြင်း၊ အမျိုးသားဌာန တာ၀န်ခံ သိက္ခာ‌တော်ရဆရာဘရန်ဆိုင်းက ခွန်အားပေး တိုက်တွန်းစကားပြောကြားခြင်း၊ SATC သင်တန်းခြံ မန်နေဂျာ ဆရာအောင်ဇံဝေစိန်က ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး၊  ခရစ်ယာန် လူမှု၀န်ထမ်းခြင်း နှင့် ဖွံ့ဖြိုးရေးဌာန ဝန်ထမ်းများ၊ သင်တန်းခြံမှ ဝန်ထမ်းများနှင့် အားလုံး အတူတကွ  သင်တန်းဆောင်အသစ် ရှေ့မျက်နှာစာ တွင် သစ်ပင်များ စိုက်ပျိုးခဲ့ကြပါသည်။

ဇွန်လ (၆)ရက်နေ့တွင်လည်း နှစ်ခြင်းအသင်းချုပ် အောက်မေ့ဖွယ်ခန်းမတွင် အသင်းချုပ် ဥက္ကဌကြီးများဦးဆောင်လျက် အရာရှိများ၊ ဌာနတာဝန်ခံများ၊ ဝန်ထမ်းများအားလုံး ဝတ်ပြုကိုးကွယ်ခြင်း၊ ခရစ်ယာန် လူမှု၀န်ထမ်းခြင်း နှင့် ဖွံ့ဖြိုးရေးဌာနမှ တွဲဖက်ဌာနတာဝန်ခံ သိက္ခာတော်ရ ဒေါက်တာ မန်ခန့်ဆုမ်းက အထူးဟောပြောခြင်းအစီအစဥ်များပြုလုပ်ပြီး၊ နှစ်ခြင်း အသင်းချုပ် ရုံးဝင်းတွင် အားလုံး အတူတကွ သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် အလှပန်းပင်များနှင့် အရိပ်ရ အပင်များ စိုက်ပျိုးခဲ့ ကြပါသည်။

ယခုနှစ်အတွက် အဓိက ဆောင်ပုဒ်မှာ “ တစ်ခုတည်းသောကမ္ဘာမြေကြီး- Only One Earth” ဖြစ်ပါသည်။

အဖွဲ့ချုပ်အသီးသီးတွင်လည်း ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အစီအစဥ်အဖြစ် သစ်ပင်စိုက်ပျိုးခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

 

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်