“ ဆရာယုဒသန်ပြတိုက် နှင့် မမအဲန်းအထိမ်းအမှတ် သင်္ချိုင်းရင်ပြင်”
မွန်ပြည်နယ် ကျိုက္ခမီ၊ မြန်မာ နှစ်ခြင်း ခရစ်ယာန် သာသနာဝင်းတွင် နှစ်ခြင်း သာသနာ၏ အစပြုတည်ဆောက် ပေးခဲ့သူ ဆရာကြီး ယုဒသန်နှင့် မမ ယုဒသန် ကို ဂုဏ်ပြုသောအားဖြင့် တည်ဆောက်ထားသော ယုဒသန်ပြတိုက်ကို ဆက်ကပ် အနုမောဒနာ ပြုခြင်း အစီအစဉ် နှင့် (၁၉၆)နှစ်မြောက် မမအဲန်း အောက်မေ့ဘွယ်ဝတ်ပြုခြင်း အစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့တွင် ကျိုက္ခမီ နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာ Rev. စောမူးတောဦးဆောင်၍ ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းတော်များ အဖွဲ့ချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး ဆရာဉာဏ်ဝေထွန်းနှင့် သာသနာ့ ခေါင်းဆောင်များ၊ သင်းအုပ်ဆရာများ၊ ယုံကြည်သူ အသင်းသူ အသင်းသားများ တက်ရောက် ပါဝင်ခဲ့ကြပါသည်။